မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုသူ သုံးသန်းနီးပါးရှိ

pic;afrodigit.com
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ထုက်ပြန်ချက်အရ ၂၀၁၄ ခုနှစ်၊ မေ စာရင်းဇယားအရ မိုဘိုင်းဖုန်းနှင့် အင်တာနက်အသုံးပြုသူ အရေအတွက်သည် ၂၉၁၉၆၁၈ ဦးအထိ ရောက်ရှိလာခဲ့သည် ဟုသိရသည်။
၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း မိုဘိုင်းဖုန်းနှင့် အင်တာနက်အသုံးပြုသူ အရေအတွက်သည် ၆၆၄၅၀ ဦးသာရှိခဲ့ပြီး ၂၀၁၄ ခုနှစ်၌ မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုသူသည် သုံးသန်းနီးပါးသို့ ရောက်ရှိလာခဲ့သည်။ အလားတူတယ်လီဖုန်း သိပ်သည်းဆသည်လည်း ၂၀၁၄ ခုနှစ်၌ ၁၅.၆၀ ရာခိုင်နှုန်း သို့ ရောက်ရှိလာသည်ဟု သိရသည်။ ၂၀၁၁ ခုနှစ် မေမှ ၂၀၁၄ ခုနှစ် မေအတွင်း သုံးနှစ်တာကာလ၌ အင်တာနက်စနစ် အသုံးပြုသူဦးရေသည် ၄၄ ဆနီးပါးမြင့်တက် လာခဲ့သော်လည်း အဆိုပါ ကာလများအ တွင်း အင်တာနက် Bandwidth ချဲ့ထွင်မှုနှုန်းသည် ၃.၅ ဆ လောက်ချဲ့ထွင် နိုင်ခဲ့သည့်အတွက် အသုံးပြု သူတိုးတက်မှုနှုန်းကို Bandwidth ချဲ့ထွင်သည့်နှုန်းက လိုက်၍ မမီနိုင်ဖြစ်နေသည်ဟု ဆက်သွယ်ရေး ကျောင်းအုပ်ကြီးက ၎င်း၏ဖေ့ဘုတ်စာမျက်နှာ၌ ဖော်ပြခဲ့သည်။
အင်တာနက် Bandwidth သည် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာ ရေးနှစ်အတွင်း 3.72 Gbps ချိတ်ဆက်အ သုံးပြုခဲ့ပြီး ၂၀၁၄ ခုနှစ် မေလ၌ Bandwidth ကို 27.36 Gbps အထိ ချိတ်ဆက် အသုံးပြုနိုင်ခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာသည်။ စုစုပေါင်း တယ်လီဖုန်းလိုင်း အသုံးပြုသူအရေအတွက် သည် ၂၀၁၄ ခုနှစ် မေလအထိ ၉၃၆၁၉၈၈ ရှိပြီး အဆိုပါအရေ အတွက်အနက် မိုဘိုင်းဖုန်းနှင့် အင်တာ နက် အသုံးပြုသူအရေအတွက်သည် သုံးသန်းနီးပါးတည်ရှိ ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း တယ်လီးဖုန်း အသုံးပြုသူအရေအတွက်သည် ၃၅၉၈၁၁၃ ရှိပြီး သုံးနှစ်တာကာလအတွင်း ကိုးသန်းကျော်သို့ရောက် ရှိလာခဲ့ခြင်းဖြစ်သည်။
တယ်လီဖုန်းသိပ်သည်းဆကို ၂၀၁၄ - ၂၀၁၅ ခုနှစ်အရောက်၌ ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ခန့်မှန်းထားပြီး တယ်လီဖုန်းလိုင်း များ တိုးချဲ့တပ်ဆင်နိုင်ရန် ပြည်ပမှအော်ပရေတာ နှစ်ခုကိုလည်း ပြည်တွင်း၌ ဝန်ဆောင်မှုပေးရန် ခန့်အပ် ထားသည် ဟုသိရသည်။
သို့သော် လက်ရှိအချိန်၌ မိုဘိုင်းတယ်လီဖုန်းများကို ကံစမ်းမဲစနစ်ဖြင့်သာ အရေအတွက်ကန့်သက်၍ ရောင်းချနေဆဲဖြစ်သည်။

Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ပြည်တွင်း၌ လူသုံးအများဆုံး Messaging App အဖြစ် Viber ရပ်တည် မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ကင်းအဆိပ်ကိုနိုင်သည့် သဘာ၀ေဆးနည္းစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Acer Aspire E1-510P-2671 Laptop Review အစာချေရည်ဆန်တက် ရောဂါရှိသူများ အစာအိမ် ဖြတ်ထုတ်ရန်မသင့် Motorola MB865 Hard Reset နှင့် Pattern Lock ဖယ်ရှားနည်း...