အဆုတ်ကင်ဆာ လူနာများတွင် ကင်ဆာကျိတ်ဖြစ်ပေါ်မှုနှင့် ကြီးထွားနှုန်းကို တိကျစွာတိုင်းတာနိုင်မည့် နည်းစနစ်တီထွင်

Health Updates Journal No. 123
Rochester Institute of technology မှ သုတေသီများ၏ တွေ့ရှိချက်အရ အဆုတ်ကင်ဆာ အန္တရာယ်ရှိ သည့် လူနာများတွင် အဆုတ်တွင်း ကင်ဆာကျိတ်များ ဖြစ်ပေါ်ခြင်းရှိမရှိ တိုင်းတာပေးနိုင်သည့် နည်းစနစ် တစ်မျိုး အသုံးပြု နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
CT Scan အသုံးပြု၍ နှစ် နှစ်ကြာ စမ်းသပ်လေ့လာခဲ့ရာ ကင်ဆာစောင့်ကြည့်မှု နည်းစနစ်သစ် တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး ဆေးပညာဆိုင်ရာ ဓါတ်မှန်များ၊ ကင်ဆာကျိတ် အသေးအမွှားများကို သိရှိနိုင်မည်ဖြစ်ကာ မလိုလားအပ်ဘဲ အသားစထုတ်ယူ စစ်ဆေးခြင်းကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။
CT Scan ဓါတ်မှန်များသည် လူနာတစ်ဦးတည်း၌ပင် ဓါတ်မှန်တစ်ပုံနှင့် တစ်ပုံမတူဘဲ ကိုယ်နေဟန်ထား နှင့် အသက်ရှူအသွင်း အထုတ်ကို လိုက်၍ ပုံစံပြောင်းတတ်သည်။ CT Scan ဓါတ်မှန်ရိုက်သည့် အကြိမ် တစ်ခုနှင့်တစ်ခုအကြား ကိုယ်အလေးချိန် ဆယ်ပေါင်ခန့် တက်လာလျှင်ပင် အဆုတ်တွင်းရှိ အကျိတ်များကို ဖိမိသောကြောင့် ပုံစံနှင့်အရွယ်အစား ပြောင်းတတ်သည်။
မြောက်ကယ်ရိုလိုင်းနား ပြည်နယ်အခြေစိုက် Kitware အခမဲ့ ဆော့ဖ်ဝဲကုမ္ပဏီက နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ပေးထားပြီး အဆုတ်ကင်ဆာ ကုသမှုခံယူနေသည့် လူနာများ၏ CT Scan ဓါတ်မှန် အချပ် (၃၀) ကို ရွေးချယ်ခဲ့သည်။
လူနာတစ်ဦး၏ ဓါတ်မှန်တစ်ချပ်ချင်းစီ၏နောက်ခံ (background) ပုံများကို ထပ်၍ သုံးဘက်မြင် ရုပ်ပုံများ အဖြစ်ပြောင်းလဲကာ ကင်ဆာကျိတ်များ၏ အနားသတ်များကိုေ၀၀ါးစေသည့် အပိုင်းများကို ဖျောက်ဖျက် ပေးနိုင်သောကြောင့် အကျိတ်များ၏ အရွယ်အစားကို အတိအကျ သိရှိနိုင်သည်။
အဆုတ်လေအိတ်ကျယ်ခြင်း၊ အဆုတ်တစ်ရှူး အနာရွတ်ထင်ခြင်း စသည်တို့ကိုလည်း ပိုမိုသဲကွဲစွာ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။
““ဒီနည်းစနစ်နှင့် အလုံးအကျိတ်ရဲ့ ထုထည်ကိုပါ သိနိုင်မှာဖြစ်ပြီး သေနိုင်တဲ့အကျိတ်လား၊ မသေနိုင်တဲ့ အကျိတ်လား ကွဲကွဲပြားပြား ခွဲခြား နိုင်မှာဖြစ်ပါတယ်””ဟု ဦးဆောင် သုတေသီပါမောက္ခ Nathan Cahill ကဆိုသည်။
ဇော်ကို
Ref:NMD
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အနောကျသို့) အမျိုးသားများက အမျိုးသမီးများထက် ချစ်ပွဲဝင်နေစဉ် ခေါင်းကိုက်ခြင်းကို ပိုခံစားရ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'