အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် ဦးနှောက်တွင်း မော်လီကျူးအဆင့် ပြောင်းလဲမှုများတွေ့ရှိ

Health Updates Journal No. 123
University of the Basque Country နှင့် University of Nottingham့ တို့ ပူးပေါင်းပြုလုပ်သော လေ့ လာမှု တစ်ခုတွင် အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဦးနှောက်တွင် ဖွဲ့စည်းတည်ဆောက်ပုံ ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြသည်။
အစီအစဉ်ချမှတ်ခြင်း၊ နည်းဗျူဟာချမှတ်ခြင်း၊ မှတ်ဉာဏ်ဖြင့် အလုပ်လုပ်ခြင်း၊ ရွေးချယ်၍ အာရုံစိုက်ခြင်း၊ အပြုအမူများ ထိန်းချုပ်ခြင်း စသည်တို့ လုပ်ဆောင်နိုင်သော ဦးနှောက်၏ prefrontal အပိုင်းတွင် နဗ်ဆဲလ် များ အကြားပြောင်းလဲမှုများ ဖြစ်ပေါ်သည်ကို တွေ့ရှိခဲ့ကြသည်။
အရက်စွဲပြီးသေဆုံးသူ (၂၀) ဦး နှင့် အရက်မသောက်ဘဲ သေဆုံးသူ (၂၀) ဦး၏ ဦးနှောက်များကို စုဆောင်း၍ prefrontal အပိုင်းကို လေ့လာခဲ့ရာ အရက်စွဲသူများ၏ ဦးနှောက်ရှိ α-tubulin ၊ β-tubulin နှင့် β II spectrin ပရိုတင်းများတွင် ပြောင်းလဲမှုများဖြစ်ပေါ်သည်ကို တွေ့ရှိရသည်။
ထိုပြောင်းလဲမှုများကြောင့် နဗ်ဆဲလ်များဖွဲ့စည်းမှု၊ ချိတ်ဆက်မှု၊ ကွန်ရက် ဆက်သွယ်လုပ်ဆောင်မှုများ၌ပါ ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး သိမြင်မှုအပြုအမူ၊ သင်ကြားနိုင်စွမ်းတို့ပါ ချို့တဲ့လာတတ်သည်။ tubulin ပရိုတင်းများသည် ဆဲလ်ငြမ်းအဖြစ် ဆောင်ရွက်ပေးသည့် ပရိုတင်းများဖြစ်ကြပြီး spectrin ပရိုတင်းများက ဆဲလ်အရွယ်အစားနှင့် ပုံသဏ္ဌာန်ကို ထိန်းသိမ်းပေးသည်။
ဦးနှောက်တစ်ရှူးများကို လေ့လာရာတွင် အရက်ကြောင့် လျော့နည်းသွားသော ဦးနှောက်ပရိုတင်း ပမာဏ ကို Western blot နည်း စနစ်ဖြင့် တိုင်းတာသည်။ လျော့နည်းသွားသော ပရိုတင်းများကို mass spectrometry နည်းစနစ်ဖြင့် အတည်ပြုသည်။ ဤနည်းအားဖြင့် tubulin့ ပရိုတင်းများတွင် α နှင့် β အမျိုးအစားများ လျော့နည်းပြီး spectrin ပရိုတင်းများတွင် β II အမျိုးအစား လျော့နည်းသည်ကို တွေ့ရ သည်။
အရက်ကြောင့် ဦးနှောက်တွင်း မော်လီကျူးအဆင့် ပြောင်းလဲမှုများကို တွေ့ရှိလာရသောကြောင့် အရက် ကြောင့် ပျက်စီးသွားသည့် အပိုင်းများအား ပြုပြင်နိုင်ရန် ဆေးဝါးများ ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း သုတေသီများက ဆိုသည်။
ဇော်ကို
Ref:NMD
Ref:NMD
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) မိမိအမိ်ဳးသမီး အိမ်ထောင်ရေးအပေါ်တွင် သာယာမှုရှိ မရှိ ဘယ်လိုခန့်မှန်းနိုင်မလဲ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Huawei G510 T10 sp flashtool Firmware Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'