နာဂစ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ မိုးညအိပ်မက်မြူ ဇာတ်ကားအကြောင်း ပြန်လည်ပြောပြတဲ့ ဒါရိုက်တာကြည်ဖြူသျှင်

" မိုးညအိပ်မက်မြူ" ဇာတ်ကားကို စရိုက်ကူးတဲ့အချိန်က မိုးတွင်းကာလ မဟုတ်ဘူး။ ရာသီဥတု သာယာ ကောင်းမွန်တဲ့အချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးကို တည်တယ်။ ဒါပေမဲ့ ပထမဆုံး စရိုက်ကူးတဲ့နေ့မှာပဲ နာဂစ်စပြီးဖြစ်တယ်။ အစ်မတို့ ရိုက်ကူးတဲ့ ရိုက်ကွင်းအိမ်က စားသောက်ဆိုင် တစ်ဆိုင်မှာပေါ့။ ဒီစား သောက်ဆိုင်က ညနေ ၄နာရီ လောက်ဆိုရင် ရှုတင်သိမ်းပေးရတယ်။ အဲဒီနေ့ကကျတော့ ဒီ နေ့ကတော့ မုန်တိုင်းဝင်မယ်။
ဒါကြောင့် ဆိုင်ကို စောစော ပိတ်မယ်လို့ပြောတယ်။ ဒါနဲ့အစ်မတို့ကလည်း ဒါဆို တစ်ညလုံးရိုက်မယ်ပေါ့။ ဒါပေမဲ့ ဆိုင်ရှင်က မုန်တိုင်းများ ဘာထင်နေလဲတဲ့။ အားလုံးပြန်ရမယ် လို့ပြောတယ်။ အဲဒီတော့ အစ်မတို့ စိတ်ထဲမှာ သဘောမကျဘူး။ မုန်တိုင်းများ ဘာထူးဆန်းသလဲပေါ့။
အစ်မတို့ တစ်သက်လုံးမှာ မုန်တိုင်းဝင်တဲ့အခါ ရန်ကုန်ဆိုတာ ဘာမှဖြစ်တာမျိုးမှ မဟုတ်တာ။ ဆိုင်ရှင်က အတင်းပြန်ခိုင်းလို့သာ ပြန်ခဲ့ရတယ်။ သိပ်ပြန်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့အဲဒီ ညမှာပဲ နာဂစ်မုန်တိုင်းကြီး ကြုံ ခဲ့ရတယ်။ အားလုံး ပျက်စီးခဲ့တယ်။ ပြန်တောင် မရိုက်ကူးနိုင်တော့ဘူး။
မိုးတွင်းတစ်တွင်းလုံး ကုန်အောင်ပြန်စောင့်ခဲ့ရတယ်။ မိုးကုန်လို့ ရာသီဥတု သာယာ ကောင်းမွန်တော့မှပဲ ဇာတ်ကားကို ပြန်ရိုက်ဖြစ်တာ" လို့ မိုးည အိပ်မက်မြူ ရုပ်ရှင်ဇာတ် ကားကြီးရိုက်ခဲ့တုန်းက ရိုက်ကွင်းမှာ မိုးနဲ့ပတ်သက်ပြီး အမှတ်တရ ဖြစ်ခဲ့ခြင်းကို ဒါရိုက်တာ ကြည်ဖြူသျှင်က ပြန်လည်ပြောပြပါတယ်။
မိုးညအိပ်မက်မြူရုပ်ရှင် ဇာတ်ကားကြီးတစ်ကားလုံးမှာ တစ်ဝက်နီးပါးလောက် မိုးရှာတဲ့ အခန်းတွေ ထည့် သွင်းရိုက်ကူးထားပြီး မိုးအတုတွေနဲ့ ရိုက်ကူးခဲ့ကြောင်း ရိုက်ကွင်းတစ် လျှောက်မိုးနဲ့ ပတ်သက်ပြီး အမှတ် တရတွေလည်း အများကြီးရှိ ခဲ့ကြောင်း၊ ရိုက်ကွင်းမှာ ရိုက်ကူးနေရင်း မိုးတွေ ရွာချတာမျိုး ကြုံတွေ့ခဲ့ ရကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
"မိုးအစစ်နဲ့ ရိုက်မယ်ဆိုရင်လည်း ရိုက်ကူးလို့မရဘူး။ မီးထိုးရ ခက်တယ်လေ။ လိုက်တင်ပိုင်း အရပေါ့။ အခုနောက်ပိုင်း ကင်မရာတွေကတော့ မိုးထဲမှာ ရိုက်လို့ရလောက်ပြီ။ လိုက်တင်မီးတွေကလည်း ကောင်း သွားပြီ။ အစ်မတို့ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကကျတော့ ရုပ်ရှင်ရိုက်ကူးတဲ့ ကင်မရာတွေက မိုးရွာထဲမှာ ရိုက် ကူးလို့ လိုက်တင်လည်း မနိုင်သေးဘူးလေ" လို့ မိုးညအိပ်မက်မြူ ဇာတ်ကား ရိုက်ကူးတုန်းက အသုံးပြုခဲ့တဲ့ ကင်မရာပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြန်လည်ပြောပြပါတယ်။
ဇာတ်ကား ရိုက်ကူးအပြီး ရုပ်ရှင်ပိုစတာတွေ ထုတ်တဲ့ အချိန်မှာလည်း ဇာတ်ကားကို ပိုရုပ်လုံးကြွအောင် လျှပ်စီးလက်နေတဲ့ ပုံစံကိုလည်း နောက်ခံ background အဖြစ် ထည့်သွင်း ဖန်တီးထားတာတွေ့ရပါ တယ်။ မိုးညအိပ်မက်မြူ ရုပ်ရှင်ဇာတ်ကားမှာတော့ ရဲအောင်၊ နေတိုး၊ အောင်ရဲလင်း၊ ခင်သီတာထွန်း၊ မိုးဟေကို၊ သင်ဇာဝင့်ကျော်၊ စိုးပြည့်သဇင်တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။
၂ဝဝ၉ ခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် မိုးညအိပ်မက်မြူ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို နေတိုးက ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုတော့ စိုးပြည့်သဇင်က ရရှိ ခဲ့တဲ့အတွက် အနုပညာအရ အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလည်းဖြစ်ခဲ့ပါတယ်။
လင်းအက္ခရာ
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ငမောက် ဘယ်ပျောက်နေသလဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)
- (အနောကျသို့) ဧရာဝတီဘဏ်က အင်တာနက်ဘဏ် ဝန်ဆောင်မှု စတင် Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)