Google က Android TV ကို ကြေညာ

Google က ဇွန်လ (၂၅) ရက်နေ့တွင် ပြုလုပ်သည့် Google I/O တွင် Android TV ကို ကြေညာလိုက်ပါ သည်။ Android TV သည် Apple TV, Roku, Amazon Fire TV တို့ကဲ့သို့ အင်တာနက်မှ မီဒီယာများကို တီဗီတွင် ကြည့်ရှုနိုင်ရန် စွမ်းဆောင်ပေးမည်ဖြစ်သည်။ Google က Android TV ကဲ့သို့ စွမ်းဆောင်နိုင် သည့် Chromecast ကို ထုတ်လုပ်ရောင်းချ လျှက်ရှိသော်လည်း Android TV ၏ ထူးခြားချက်မှာ Search စွမ်းဆောင်ချက်ပါရှိပြီး တီဗီများတွင် မြှပ်နှံထည့်သွင်းနိုင်ခြင်းဖြစ်သည်။
Android TV တွင် Google I/O ၌ ကြေညာခဲ့သည့် အနာဂတ် Android OS ဖြစ်လာမည့် Android L ကို မောင်းနှင်လည်ပတ်မည်ဖြစ်သည်။ Android TV တွင် Navigation ပြုလုပ်ရန် စမတ်ဖုန်း သို့မဟုတ် အသံဖြင့် ခိုင်းစေနိုင်ပါသည်။ Home Screen တွင် မီဒီယာများကို အကြံပြုပြသပေးနိုင်ပါသည်။ ထို့အပြင် Chromecast ကဲ့သို့ပင် Android Device များမှ မီဒီယာများကိုလည်း တီဗီမှ ကြည့်ရှုနိုင်မည်ဖြစ်သည်။
Android TV တွင် ဂိမ်းများကစားနိုင်မည်ဖြစ်သော်လည်း Android TV Hardware နှင့် Game Controller များကို ပြသခြင်းမရှိသေးဟု သိရပါသည်။ Netflix, Hulu , Google Play Store စသည့် App များပါရှိမည်ဖြစ်သည်။ Android TV ထည့်သွင်းထားသည့် တီဗီများကို ၂၀၁၅ ခုနှစ်တွင် ရောင်းချရန် Sony , Sharp တို့နှင့် ပူးပေါင်းလုပ်ကိုင်မည်ဟု Google က ကြေညာထားပါသည်။ Razer နှင့် Asus တို့က ဂိမ်းအသားပေး Android TV Set-Top Box များ ထုတ်လုပ်မည်ဟု သိရပါသည်။
Google က Android TV ကို ဆောင်းဦးတွင် ရောင်းချမည်ဟု ပြောသော်လည်း ဈေးနှုန်းကို ပြောကြားခြင်း မရှိဟု သိရပါသည်။
သူရ
Myanmar Digital Life Journal
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) FDA က အကြောသေ ဝေဒနာရှင်များ လမ်းလျှောက်နိုင်ရန် ကူညီပေးနိုင်သည့် ReWalk စက်ရုပ်ခြေထောက်ကို ထုတ်လုပ်ရောင်းချခွင့်ပြု Acer Aspire E1-510P-2671 Laptop Review အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းSusten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)
- (အနောကျသို့) Android Wear မောင်းနှင်သည့် Samsung Gear Live နှင့် LG G Watch စမတ်နာရီများကို ကြေညာ Acer Aspire E1-510P-2671 Laptop Review အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းSusten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)