မလေးရှားတွင် မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရဟုဆို

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် တရာမဝင် အထောက် အထားမဲ့ မြန်မာဟု ဆိုသူ ၂၂ ဦး အပါအဝင် နိုင်ငံခြား သား ၂၇ ဦးကို ဖမ်းဆီး လိုက်ကြောင်း မလေးရှား သတင်း များတွင် ဖော်ပြသည်။ ၎င်းတို့ကို ပီနန်ပြည်နယ် ဘာတာဝတ်မြို့ရှိ Kampung Bagan Lebai Tahir အရပ်တွင် ဇွန်လ ၂၆ ရက်နေ့ ညသန်း ခေါင်ယံတွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖမ်ဆီးခံရမှုတွင် ၄၀ ရက်သား ကလေးငယ် တစ်ဦး ပါဝင် ကြောင်း The Star သတင်း တစ်ရပ်တွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူ ၂၇ ဦးတွင် မြန်မာဟုဆိုသူ ၂၂ ဦးနှင့် အင်ဒိုနီးရှား ငါးဦး ပါဝင်ပြီး Kampung Bagan Lebai Tahir တွင် တရားမဝင် နိုင်ငံခြားသားများ အလွန်များပြားလာသည်ဟု ဒေသခံများက တိုင်ကြား၍ ဖမ်းဆီးရခြင်း ဖြစ်ကြောင်း ပီနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဒါရိုက်တာ Hasbullah Abdul Rashid က The Star ကို ပြောဆို ထားသည်။
ဖမ်းဆီး ခံရသူများမှာ မြန်မာဟု မလေးရှား သတင်းများတွင် ဖော်ပြထားသော်လည်း အမှန်တကယ် မြန်မာ ဟုတ်မဟုတ် အတည်ပြု ဖော်ပြသည်ထားခြင်း မတွေ့ရပေ။ လူပေါင်း ၁၁၁ ဦးကို စစ်ဆေးခဲ့သည့် အနက် တရားဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၇ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အချို့ လုပ်သားများ သည် အိပ်ရာအောက်တွင် ပုန်းအောင်း နေကြောင်း Hasbullah Abdul Rashid က ပြောဆိုထားသည်။
ယင်းဖမ်းဆီးမှုတွင် အမျိုးသားမှတ်ပုံ တင်ဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ ရေးလာခေါ် မီးသတ်စသည့် ဖမ်းဆီး သူ အင်အား ၁၄၅ ဦး အသုံးပြုကာ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ပီနန်ပြည်နယ်တွင် ဇွန်လ ၂၆ ရက်နေ့က ရွှေပန်းထိမ်ဆိုင်တွင် အလုပ်သမားတစ်ဦး ဖြစ်သည့် မြန်မာတစ်ဦး ဆိုင်မှ အပြန် တွင် ပစ္စည်းလု ခံရကာ အသတ်ခံခဲ့ရကြောင်း ပီနန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဘိုမြက ပြောကြား သည်။
သို့သော်လည်း ယခု အဖမ်းအဆီးသည် လူသတ်မှု ဖြစ်စဉ်များကြောင့် အထူးစီမံချက်ချကာ တရားမဝင် လုပ်သားများ ဖမ်ဆီးခြင်း မဟုတ်နိုင်ကြောင်း၊ ပုံမှန် ပြုလုပ်နေသည့် အဖမ်းအဆီးသာ ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ပန်းသီးဖျော်ရည်၏ ကျန်းမာရေး စွမ်းပကားများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ခိုးတတ် ဝှက်တတ်တဲ့ ကလေး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း