မကြာခဏ ကိုယ်ဝန်ပျက်ကျသော မိန်းမ

ဗေဒင်ဆရာဘ၀ အတွေ့အကြူံထဲတွင် တစ်ခါတစ်ရံ ထူးဆန်းသော အမျိုးသမီးများနှင့် ကြုံတွေ့ရလေသည်။ ထိုအမျိုးသမီး တစ်ဦးဆိုလျှင် ကိုယ်ဝန် မကြာခဏ ပျက်ကျ တတ်သည် ဟုဆို၏။ ယ္ခုတစ်ခါဆိုလျှင် သူ ကိုယ်ဝန် ဆောင်သည်မှာ လေးခါတောင် ရှိပြီတဲ့။ ပထမ (၃)ယောက်မှာ ကိုယ်ဝန်ဆောင်၍ ငါးလ(သို့) ခြောက်လ လောက် ရောက်သည်နှင့် ပျက်ပျက် ကျသွား သည်ဟု ဆိုလေ၏။ ထိုကဲ့သို့ ကိုယ်ဝန် မကြာ ခဏ ပျက်ကျတတ်သော အကြောင်းမှာ ဆေးပညာ သဘောတရားအရ ဘာကြောင့် ဖြစ်သည် ဆိုသည် မှာ ဆေးပညာကို လုံးဝ နားမလည်သောကြောင့် ကျွန်ုပ်အနေနှင့် ပြောမပြတတ်ပေ။
ဗေဒင်ပညာတွင်တော့ ထိုကဲ့သို့ ကိုယ်ဝန် မကြာခဏ ပျက်ကျ တတ်သော မိန်းမကို ဆရာ လုပ်သူ မှဖြစ်စေ (သို့) သီလရှိသော ပုဂ္ဂိုလ် တစ်ဦးဦးမှဖြစ်စေ ညာလက်ဖြင့် ခေါင်းကိုအုပ်၍ ကိုင်ပြီးလျှင် အောက်ပါ သြောင်း တစ်ရာ့ ရှစ်ကွက် ဂါထာဖြင့် တစ်နေ့လျှင် ကိုးကြိမ်ဖြင့် ကိုးရက် ရွတ်ပေး ရမည်။ ထိုသို့ ပြုလုပ်လျှင် ကိုယ်ဝန် ခိုင်သွားပေလိမ့်မည်။ မိမိကိုယ်တိုင်လည်း ရွတ်ဖတ်လို့ ရပါသည်။
သြောင်းတစ်ရာ့ရှစ်ကွက် ဂါထာတော်ကြီး
1.သြောင်းတစ်ရာ့ရှစ်ကွက် ဗုဒ္ဒစက်။
2.တစ်ဆယ့်လေးချက် ဓမ္မစက်။
3.တစ်ဆယ့်ရှစ်ချက် သံဃစက်။
4.လရောင်ဝင်းလျှက် ရှင်ပစ္စေက ဗုဒ္ဒေါရဟန္တာစက်။
5.မြင့်မိုရ်တောင်ဦး မကကျူးလျှက် မိဘစက်။
6.ဂုဏ်ကျေးဇူးကို အထူးသိလျှက် ဆရာစက်။
7.၀ရဇိန်လက်နက် ဗြဟ္မာစက်။
8.မိုးကြိုးလက်နက် သိကြားစက်။
9.လောင်မီးကျလျှက် နတ်တို့စက်။
10.ဘွဲ့ဖြူလက်နက် ဘီလူးစက်။
11.တောင်ဟုန်ပြင်းလျှက် ဂဠုန်စက်။
12.အာခံတွင်းက ၀င်းဝင်းတောက်လျှက် နဂါးစက်။
13.သုံးထောင်သင်္ချာ ဟိမ၀န္တာ အာဏာစိုးလျှက် သီဟစက်။
စက်ကြီးတစ်ဆယ့်သုံးပါး ရွတ်သံကြားက ဘေးများမြင်ရှု့ မကောင်းမှု့ကို ဝေးကကြဉ်ရှောင် အောင်စေ တတ်သည် မြတ်သည့်ဆရာ ပညာတည်း။
သြောင်း နမော ဗုဒ္ဓါ နုဘာဝေန။
သြောင်း နမော ဓမ္မာ နုဘာဝေန။
သြောင်း နမော သံဃာ နုဘာဝေန။
မြန်မာ.ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) စားဖြယ္စံု…အာလူးဟင်းလျာ…အဖုံဖုံ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အကြွေးများနေသူများအတွက် အဓိဋ္ဌာန် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'