Android Wear မောင်းနှင်သည့် Samsung Gear Live နှင့် LG G Watch စမတ်နာရီများကို ကြေညာ

Google က စမတ်နာရီများအတွက် အထူးပြုလုပ်ထားသည့် Android Wear မောင်းနှင်လည်ပတ်စနစ်ကို မေလတွင် ကြေညာခဲ့ပါသည်။ ဇွန်လ (၂၅) ရက်တွင် ကျင်းပသည့် Google I/O ပွဲတွင် Android Wear ထည့်သွင်းထားသည့် Samsung Gear Live နှင့် LG G Watch စမတ်နာရီများကို ကြေညာလိုက်ပြီဖြစ် သည်။
Gear Live သည် Gear 2 နှင့် ဆင်တူပြီး ၁.၆၃ လက်မအရွယ် Super AMOLED Display တပ်ဆင်ထား ပါသည်။ ဖုန်နှင့် ရေစိုခံနိုင်ပြီး နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်ပါသည်။ သို့သော် ကင်မရာ မပါရှိဟု သိရပါသည်။ Gear Live ကို Android 4.3 နှင့် သူ့အထက် Android OS ထည့်သွင်းထားသည့် စမတ်ဖုန်းအားလုံးနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။ Gear Live ကို (၁၉၉.၉၉) ဒေါ်လာဖြင့် Google Play Store မှ ကြိုတင်မှယူနိုင်ပြီဖြစ်သည်။ ဇူလိုင်လ ခုနစ်ရက်တွင် အွန်လိုင်းနှင့် Best Buy အရောင်းဆိုင် များမှ ရောင်းချပေးမည်ဖြစ်သည်။
LG G Watch တွင် Snapdragon 400 Processor နှင့် ၁.၆၅ လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထား ပါသည်။ G Watch သည် Gear Live ကဲ့သို့ပင် ဖုန် နှင့် ရေစိုခံနိုင်ပါသည်။ LG G Watch ကို ဒေါ်လာ (၂၂၉) ဖြင့် ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဇူလိုင်လ ခုနစ်ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်သည်။
Samsung က Android ထည့်သွင်းထားသည့် Galaxy Gear နှင့် Tizen ထည့်သွင်းထားသည့် Galaxy Gear 2 စမတ်နာရီများကို ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်သည်။ သို့သော် Google ၏ Android Wear သည် စမတ်နာရီများအတွက် ပိုမိုသင့်တော်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြပါသည်။
သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အနောကျသို့) IATSS Forum (ခေါင်းဆောင်မှုသင်တန်း) အတွက်လျှောက်လွှာများ ခေါ်ယူ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)