ပြည်တွင်းမိုဘိုင်း ထုတ်ကုန်ဈေးကွက်တွင် Huawei နှင့် Samsung ထုတ်ကုန်များ ဈေးကွက်ကွာဟချက် ကျဉ်းမြောင်းလာ

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်တွင် Huawei နှင့် Samsung အမှတ်တံဆိပ်မိုဘိုင်းဖုန်းများ၏ ဈေး ကွက်ကွာဟချက်သည် ပိုမိုကျဉ်းမြောင်းလာပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော မိုဘိုင်းဖုန်း လုပ်ငန်းအချို့မှ စုံစမ်းသိရသည်။
ပြည်တွင်း မိုဘိုင်းဖုန်း အသုံးပြုမှုနှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံအခြေစိုက် On Device Research က စစ်တမ်းကောက်ယူခဲ့ရာ Huawei အမှတ်တံဆိပ် မိုဘိုင်းဖုန်းသည် မြန်မာနိုင်ငံ မိုဘိုင်းဖုန်းဈေးကွက်တွင် ထိပ်ဆုံးမှရပ်တည်နေပြီး ယင်းနောက်တွင် Samsung အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်များက ရပ်တည် နေခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ တင်သွင်းလာသည့် Huawei အမှတ်တံဆိပ် မိုဘိုင်းဖုန်းများနှင့် ကိုရီးယားနိုင်ငံ၏ Samsung တံဆိပ် မိုဘိုင်းထုတ်ကုန်များ၏ ဈေးကွက်ကွာဟချက် ကျဉ်းမြောင်းလာခြင်းသည် ယခုနှစ် အတွင်း ပိုမိုထင်ရှားလာခြင်းဖြစ်ကြောင်း အထက်ပါမိုဘိုင်းဖုန်း လုပ်ငန်းမှဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။
“Samsung ရဲ့ဈေးကွက်ဝယ်လိုအားက ဒီနှစ်ထဲမှာတက်လာတယ်။ ပြီးခဲ့တဲ့နှစ်တွေကဆိုရင် Huawei ကပဲဈေးကွက်မှာတခြား တံဆိပ်တွေထက် သိသိသာသာဦးဆောင်နေခဲ့တာပါ" ဟု Yangon Mobile မှတာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။
On Device Research ၏ စစ်တမ်းတွင်လည်း Huawei က ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တစ်ခုလုံး၏ ၆၃ ရာခိုင်နှုန်းနှင့် Samsung က ၅၈ ရာခိုင်နှုန်းကို ရယူထားကြောင်းဖော်ပြထားသည်။
အဆိုပါ မိုဘိုင်းထုတ်ကုန် အမှတ်တံဆိပ်နှစ်ခု၏ ဈေးကွက်ကွာဟချက် ကျဉ်းမြောင်းလာမှုကို ရန်ကုန် အခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်း လုပ်ကိုင်နေသူများက အတည်ပြုပြောကြားကြသည်။
“လက်ရှိဈေးကွက်မှာ Huawei အမှတ်တံဆိပ်နဲ့ Samsung ရဲ့ဈေးကွက်ကွာဟချက်က တဖြည်းဖြည်းနည်း လာပြီ။ ဒါက Huawei အနေနဲ့လာမယ့်နှစ်ဈေးကွက် ယှဉ်ပြိုင်မှုတွေမှာ ပိုပြီးပြင်ဆင်ရတော့မယ့် အနေအ ထားလို့ ပြောလို့ရတယ်" ဟု Mr.Fone မိုဘိုင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Samsung အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်များ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ယခုကဲ့သို့ Huawei မိုဘိုင်းဖုန် ထုတ်ကုန်များနှင့် ဈေးကွက်ကွာဟချက် ပိုမိုကျဉ်းမြောင်း လာခြင်းဖြစ်ကြောင်း သိရသည်။
Huawei ကုမ္ပဏီသည် ၎င်းတို့၏ အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်များကို မြန်မာနိုင်ငံဈေးကွက်တွင် နှစ်စဉ် ဆယ်သိန်းနှင့်အထက်ဈေးကွက်အတွင်း ရောင်းချနိုင်ရန်ရည်မှန်းထားသည်။
On Device Research ၏ စစ်တမ်းတွင် Huawei, Samsung အမှတ်တံဆိပ်များပြီးလျင် ပြည်တွင်း မိုဘိုင်းဖုန်းဈးကွက်၌ Apple အမှတ်တံဆိပ် iPhone မိုဘိုင်းထုတ်ကုန်များက လူသုံးအများဆုံးဖြစ်သည်။
ယုဇနကိုကို
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၅)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ဓာတ္ပံု သို့မဟုတ် screenshot များကို ပုံတစ်ခုတည်းအဖြစ် အစီအရီ ထားရှိခြင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ပြည်တွင်း၌ လူသုံးအများဆုံး Messaging App အဖြစ် Viber ရပ်တည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'