West Cheshire College, UK မှ ပေးအပ်မည့် ဒီပလိုမာများ ပြည်တွင်း၌ တက်ရောက်နိုင်မည်



အင်္ဂလန်နိုင်ငံ၏ အစိုးရ ကောလိပ်တစ်ခု ဖြစ်သော West Cheshire College မှပေးအပ်မည့် ဒီပလိုမာ ဘာသာရပ်များကို ပြည်တွင်းတွင် တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Diploma in Business Management, Diploma in teaching & Assessing for Young Learners , Diploma in English Studies များကို သင်ကြားနိုင်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် တက်ရောက်နိုင်မည်
ဖြစ်သည်။

ဒီပလိုမာ တစ်တန်းလျှင် အချိန်ကာလ ၅ လကြာမြင့်မည်ဖြစ်ပြီး ဘာသာရပ်များအားလုံးကို ရုံးချိန်ပြင်ပ စီစဉ်ထားရှိကာ တစ်ပတ်လျှင် ၄ ရက် တက်ရောက်ရမည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ထား သူများ၊ တက္ကသိုလ် တက်ရောက်နေဆဲ ကျောင်းသား၊ ကျောင်းသူများ လုပ်ငန်းခွင် ဝင်ရောက်နေသူများ၊ ဘွဲ့တစ်ခုခု ရရှိထားပြီးသူများ တက်ရောက်နိုင်သည်။ Diploma in Business Management Course တွင် စုစုပေါင်း ဘာသာရပ် ၆ ခု Credit points ၄၈ ခု သင်ကြားရမည်ဖြစ်ပြီး စီးပွားရေးနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ အခြေခံဘာသာရပ်များကို စနစ်တကျ သင်ကြားပေးမည် ဖြစ်ကာတက္ကသိုလ်များမှ စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဟာဘွဲ့ရ ဆရာ၊ဆရာမများ ကိုယ်တိုင် အနီးကပ်ကြီးကြပ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

Diploma in teaching & Assessing for Young Learners Course တွင် စုစုပေါင်း ဘာသာရပ် ၆ ခု Credit points ၄၈ ခု သင်ကြားရမည်ဖြစ်ပြီး ဆရာအတတ်သင် ပညာရပ်ပိုင်းဆိုင်ရာများကို သိရှိပြီး ပုဂ္ဂလိကကျောင်းများ၊ International School များ Pre School များတွင် ဆရာ၊ ဆရာမ လုပ်လိုသူများ အတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

Diploma in English Studies Course တွင် စုစုပေါင်း ဘာသာရပ် ၆ ခုနှင့် Credit points ၄၈ ခု သင်ကြားရမည်ဖြစ်ပြီး ပုံမှန် English 4 Skills အပြင် Effective Speaking & presentation အပိုင်းများ Workplace English များကိုပါ သင်ကြားပေးမည် ဖြစ်သည်။

လူဦးရေ ကန့်သတ်ထားပြီး တက်ရောက်လိုသူများ iAcademic Institute ဖုန်း - ၀၉၄၂၀၀၃၀၉၄၃ သို့ဆက်သွယ်မေးမြန်းနိုင်သည်။


Internet Journal 
အတွဲ (၁၅)၊ အမှတ် (၂၅) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...