Sexy or Slutty (+18)

တစ်ချို့ မိန်းကလေးတွေက သူတို့ဝတ်တဲ့ အ၀တ်အစားဟာလှပြီး sexy ဖြစ်တယ်လို့ ထင်ရပေမယ့် သူများ အမြင်မှာကျ အပေါစားဆန်ပြီး Slutty ဖြစ်စေတတ်ပါတယ်။
အဲ့တော့ ဘယ်ဟာက slutty ဖြစ်ပြီး ဘယ်လိုမျိုးကိုမှ sexy ဖြစ်တယ်လို့ ခေါ်လဲဆိုတာကို သိသင့်ပါတယ်။


Steps
1. Stick to this rule
>>> အ၀တ်အစား ၀တ်တယ်အခါ ဖော်မယ်ဆိုရင် တစ်နေရာကိုပဲ ဖော်ပါ။ ဆိုလိုတာက မီနီစကတ်တို၊ ဘောင်းဘီအတိုဝတ်ရင် ပေါင်ပေါ်မယ်၊ လည်ဟိုက်တဲ့ အင်္ကျီဝတ်ရင်ဝတ်၊ ဒါမှမဟုတ် စကတ်အတိုဝတ်မယ်။ ဒါပေမယ့် အပေါ်ကော၊ အောက်ရော ဖော်ပြီးတော့ မ၀တ်သင့်ပါဘူး။ ခန္ဓာကိုယ်ရဲ့ တစ်ပိုင်းလောက်ကိုပဲ ဖော်သင့်ပါတယ်။

2. Ask yourself when you look in the mirror when wearing your next questionable outfit
>>> အ၀တ်အစား ၀တ်ပြီးရင် မှန်ထဲကြည့်ပြီး "ငါ လှနေတာလား၊ ဟော့တာလား?" လို့ကိုယ့်ဟာကိုယ်မေးပါ။ ဟော့နေတာလို့ထင်ရင် သင်ဝတ်ထားတဲ့ အ၀တ်အစားကို ပြန်လဲသင့်ပါပြီ။ လှတာနဲ့ ဟော့တာကြားက ကွားခြားချက်ကို လူတွေက "Trashy" နဲ့ "Sexy" လို့ သတ်မှတ်လေ့ ရှိပါတယ်။
3. Remember part of being labeled/called a slut is in the attitude and actions taken by a person
>>> Slut ဖြစ်တယ်လို့ ခေါင်းစဉ်တပ်ခံရတာ ကိုယ့်ရဲ့ သဘောထားနဲ့ အပြုအမူ ကြောင့် ဖြစ်နိုင် ပါတယ်။ Drama ကင်းပြီး အလိုလိုက် ခံထားရတဲ့ ကလေးတစ်ယောက်လို မပြုမူဘူးဆိုရင် ဂျင်း ဘောင်းဘီနဲ့ ရိုးရိုး တီရှပ်လေးနဲ့တင် ချစ်စရာ ကောင်းနေပါပြီ။

4. Recognize that girls who dress skimpy only look like they are trying to get attention because they can't get it any other way.
>>> အ၀တ်အစားကို အလွန်အကျွံ ဖော်ပြီး ၀တ်တဲ့သူတွေဟာ လူအများရဲ့ အာရုံစိုက်ခံချင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဖော်ပြီး ၀တ်မယ်ဆိုရင် ဒါလေးကိုတော့ ထည့်စဉ်းစားသင့်ပါတယ်။

Tips
* တကယ်လို့ အပေါ်ပိုင်းကို ပေါ့ပေါ့ပါးပါး ဖော်ထားတာကို သဘောကျတယ်ဆိုရင် Blazer လှလှလေးတွေ sweater လေးတွေ ဆောင်ထားပါ။ အဲ့လို တွဲဝတ်ရင် sexy ကျတဲ့အပြင် နူးညံ့ သိမ်မွေ့တဲ့ အလှမျိုး ဖြစ်စေမှာပါ။
* ကိုယ့်အ၀တ်အစားက ဖော်လွန်းနေမှန်းသိရက်နဲ့ မသိချင်ယောင်ဆောင်မနေပါနဲ့။ တစ်ချို့ မိန်းကလေးတွေက အရမ်းဖော်ဝတ်ပြီး ဘာမှမဖြစ်သလိုနေပြီး ကောင်လေးတွေရဲ့ အာရုံစိုက်မှုကို ရအောင် ကြိုးစားပါတယ်။ ဒါပေမယ့် အများအမြင်မှာတော့ သင် Fake လုပ်နေမှန်း လူတိုင်းသိပါတယ်။

* ကောင်လေးတွေ တော်တော်များများဟာ စိတ်ကူးထဲမှာ မြင်ယောင်ကြည့်ရတာကို ပိုသဘောကျ တတ်ပါတယ် :P အကုန်လုံးကို တစ်ခါတည်း ဖွင့်ပြရင် သင့်ကို ပစ္စည်းတစ်ခုလို မြင်လာပါလိမ့်မယ်။
* အ၀တ်အစား ၀တ်ရင် classy ကျအောင်နေပါ။ တန်ဖိုးမရှိတဲ့ပုံနဲ့ တကယ်အလှက အရမ်း ကွာခြားပါတယ်။
* သာမန် သွားလာနေတဲ့အခါတော့ နည်းနည်း ဖော်ပြီးဝတ်တာ အကြောင်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျောင်းနဲ့ ပတ်သက်တဲ့ပွဲတွေ၊ ဘာသာရေးပွဲတွေ စတဲ့ ပွဲတွေမှာတော့ ပိုပြီး လုံလုံခြုံခြုံ ၀တ်သင့်ပါတယ်။
* လူတိုင်းမှာ ကိုယ်ပိုင် အမြင်နဲ့ စံနှုန်းဆိုတာရှိပါတယ်။ အရေးကြီးတာက သင်ဝတ်တဲ့ အ၀တ်အစားနဲ့ ပတ်သက်ပြီး သင်ကိုယ်တိုင်ကလည်း သက်တောင့်သက်သာနဲ့ အဆင်ပြေဖို့ အရေးကြီးပါတယ်။

ဒီလောက်ဆိုရင် ဘယ်လိုပုံစံက Slutty ဖြစ်ပြီး ဘယ်လိုက Sexy ဖြစ်တယ်ဆိုတာ အနည်း အကျဉ်းတော့ ရိပ်မိပြီပေါ့။ MYMC ပရိသတ် ကောင်မလေးတွေ အားလုံး Sexy ဖြစ်ပြီး လှနိုင်ကြပါစေ။
Written by Nunki, Images - Credit Goes to all original respective owners, Source - WikiHow
MYMC