သားရဲ့ လီဂို အရုပ်ကြောင့် အမေ မီလျံနာ ဖြစ်လာ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီယားပြည်နယ်မှာ နေထိုင်တဲ့ အသက် ၄၄ နှစ်အရွယ် Marcy Mckenna ဟာ သန်းကြွေသူဌေး ဖြစ်လာပါတယ်။ အကြောင်းကတော့ သူ့ရဲ့ ၇ နှစ်အရွယ် သားလေး ဆက်ပေးလိုက်တဲ့ Lego အရုပ်ကြောင့်မို့ ဖြစ်ပါတယ်။
သားသမီး ၃ ဦးရှိတဲ့ Marcy ဟာ မနက်တိုင်း ဆံပင်အလှပြင်တဲ့ ကိစ္စက အရမ်းအလုပ်ရှုပ်ပါတယ်။ ပစ္စည်းများကို အိတ်တစ်လုံးထည့် ထည့်ထားပြီး မနက်တိုင်း အလုပ်ရှုပ်နေတာကို ဖြေရှင်းဖို့ အတွက် လီဂို အရုပ် ဆက် ဝါသနာထုံတဲ့ ၇ နှစ်အရွယ်သားငယ်ကို စိန်ခေါ်လိုက်ပါတယ်။ သူ့မှာ သားသမီး ၃ ဦး ရှိတာ ဖြစ်ပါတယ်။ ၇ နှစ်အရွယ်သားလေးက Lego အရုပ်ဆက်တာ ဝါသနာ ထုံပြီး သူ့အမေ တောင်းဆိုတဲ့ ဟာမျိုးကို lego နဲ့ Prototype ဖန်တီးပေးနိုင်ခဲ့ ပါတယ်။ ဒါနဲ့ Marcy ဟာ သားဖြစ်သူ ဖန်တီးပေးတဲ့ အရုပ်ပေါ်ကို အခြေခံလို့ ဆံပင် အလှပြင် ပစ္စည်းအားလုံးကို တစ်နေရာတည်းမှာ ထားပြီး စုစည်းအသုံးပြုလို့ ရမယ့် သေတ္တာ တစ်မျိုးကို တီထွင်ခဲ့ ပါတယ်။
ပြီးတော့ Entrepreneur ပြိုင်ပွဲ တစ်ခုမှာ ဝင်ပြိုင်ပြီး ဆုရခဲ့ ပါတယ်။ ဒါ့အပြင် ယင်း ပစ္စည်းကို သူမ မူပိုင်နဲ့ ယခု ရက်ပိုင်းတင် စတင်ရောင်းချပြီး စတိုးဆိုင် ၃ ခုမှာ ချက်ချင်း ကုန်သွား ပါတယ်။ ဒါကြောင့်မို့ လပိုင်းအတွင်း Marcy ဟာ မီလျံနာ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်များရဲ့ လွတ်လပ်မှု၊ တီထွင် ဖန်တီးမှု တို့ကို အားပေး ထောက်ပံ့ရန် လိုအပ်ကြောင်း Marcy တို့ သားအမိက သက်သေပြ သွားပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
- (အရှေ့သို့) နည်းပညာကျောင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဆွေးနွေးမည် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) သခင်ကို စောင့်ရင်း အသက်စွန့်သွားသူ Hachiko ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..