Intraductal papillomas ရင်သားကနေ သွေးထွက်တဲ့ရောဂါ


ကျမအသက် ၂၉ နှစ်ပါ၊ အသက် တနှစ်နဲ့ ၃ လ ကလေးတစ်ယောက်ရှိပါတယ်။ ညာဘက် နို့သီးခေါင်းက သွေးထွက်ထွက် နေလို့ပါ ဆရာ။ အမြဲတမ်း သွေးထွက်နေတာလဲ မဟုတ်ဘူး၊ ပျောက်လိုက် ပြန်ပေါ်လိုက်၊ ဖြစ်တာ ၂ နှစ်ခွဲ ၃ နှစ် နီးပါး ရှိပြီလို့ပြောလို့ရတယ်။ ဖြစ်ဖြစ်ချင်း ဆရာဝန်သွားပြတယ်။ Mammogram စစ်ခိုင်းလို့ စစ်ကြည့်တော့ ကင်ဆာ မဟုတ်ဘူးလို့ ပြောတယ်။ စိုးရိမ်စရာ မရှိဘူးဆိုပြီး၊ Antibiotic ဆေးတမျိုးပေးတယ်၊
အဲဒါသောက်ပြီး သွေးထွက်ရပ်သွားတယ်။ တော်တော်လေး ကြာတော့မှ ပြန်ပေါ်လာတယ်။ ကလေး မွေးပြီးပြီးချင်း နို့ဦးရေ ညှစ်တဲ့အချိန်တုန်းက တခါထွက်ပြီး၊ အဲဒီတုန်းက Nurse က သွေးတွေ အကုန်ညှစ်ထုတ်ပြီး နို့ရေ ပြန်ထွက်လာတော့မှ ကလေးကိုတိုက်တယ်။ ကလေးကို ၁၁ လထိ နို့တိုက်တယ်။ အဲဒီ အချိန်ထိ ဘာမှမဖြစ်ဘူးဆရာ။ အခုကလေး နို့ဖြတ်ပြီး ၂ လ လောက်အကြာမှာ အခုပြန်ဖြစ်နေလို့ပါ။ အခုထိ နို့ကို ညှစ်လိုက်ရင် နို့ရေရော သွေးပါထွက်တယ်။ ရင်သားကင်ဆာများလားလို့ စိုးရိမ်လို့ပါဆရာ။

နို့ကနေ နို့မဟုတ်တာတွေ ထွက်နိုင်တယ်။
(၁) Cloudy white color အများဆုံးဖြစ်တတ်တဲ့ ခပ်နောက်နောက် အဖြူရည် Galactorrhea ကြောင့်ဖြစ်တယ်။
(၂) Clear or light white အဖြူရောင်အရည်ကြည်ဟာ Pregnancy ကိုယ်ဝန်ဆောင်ချိန်မယ် ထွက်တယ်။
(၃) Whitish-yellow ဖြူဝါဝါ၊ Yellow အဝါ နဲ့ Green ခပ်စိမ်းစိမ်းဟာ Infection ပိုးဝင်လို့ထွက်တဲ့ Pus ပြည် ဖြစ်တယ်။
(၄) Red သွေးပါတဲ့ အနီရောင်ဟာ Infection ပိုးဝင်တာ၊ Intraductal papillomas နို့ပြွန်ရောဂါနဲ့ Breast cancer နို့ကင်ဆာတွေကြောင့် ဖြစ်မယ်။
• ပိုးဝင်တာကို ပိုးသေဆေးနဲ့ အနာ-အရောင်သက်သာဆေးပေးတာနဲ့ ကောင်းသွားမယ်။
• Intraductal papillomas နို့ပြွန် (ပက်ပလိုမား) ရောဂါက ၂-၃% လောက်ဖြစ်တယ်။
• လက်နဲ့စမ်းလဲ မတွေ့တတ်ပါ။ ရှိနေပေမဲ့ မနာဘူး။ သွေးမဟုတ်ဘဲ အရည်ကြည်လဲ ထွက်နိုင်တယ်။
• နို့နှစ်ဖက်လုံးမှာလဲ ဖြစ်နိုင်တယ်။
• တွေ့ရင်လဲ ကင်ဆာမဟုတ်တာက များတယ်။ ကင်ဆာကိုလဲ ပြောင်းမသွားပါ။ အသက်ကြီးရင် သူကလဲ ကြီးလာနိုင်တယ်။
• များသောအားဖြင့် အမျိုးသမီး အသက် ၂ဝ ကနေ ၄ဝ အတွင်းမှာဖြစ်ကြတယ်။
• နို့သီးခေါင်းနားမှာဖြစ်တာ (အသက်ကြီးသူတွေပိုဖြစ်တာ) နဲ့ ဘေးမှာဖြစ်တာ (ငယ်သူတွေမှာဖြစ်တာ) ဆိုပြီး (၂) မျိုးရှိတယ်။
• ငယ်သူတွေမှာ ဘေးပိုင်းဖြစ်တာဆိုရင် ကင်ဆာ ဟုတ်-မဟုတ် စစ်ဆေးဘို့ ပိုလိုအပ်တယ်။
• အတော်များများက Mammography (မယ်မိုဂရမ်) ရိုက်ပေမဲ့ သေးလွန်းလို့ မတွေ့တတ်ဘူး။ Galactogram (ဂလက်တိုဂရမ်) နဲ့ Biopsy (ဘိုင်အော့ပ်စီ) လုပ်သင့်တယ်။ Fine needle aspiration cytology (FNA) နဲ့
Core biopsy/Vacuum assisted biopsy နည်းတွေရှိတယ်။ • အနုကြည့်မှန်ဘီလူးနဲ့စစ်ဆေးရင် Atypical cells ပုံမှန်မဟုတ်တဲ့ (ဆဲလ်) တွေ တွေ့မယ်ဆိုရင် တချိန်မှာ ကင်ဆာဖြစ်နိုင်တယ်။
• တချို့မှာ တခုမကရှိနေရင်လဲ ကင်ဆာ ဖြစ်လာနိုင်ခြေပိုများနိုင်တယ်။
• ကင်ဆာမဟုတ်တာသိရရင် ဆေးကုစရာမလိုပါ။
• ဒါပေမဲ့ Excision biopsyခွဲထုတ်ပြစ်ပြီး စစ်ဆေးတာ လုပ်နိုင်တယ်။
• တချို့ကို Microdochectomy ဖြစ်နေတဲ့ နို့ပြွန်ထုတ်ပြစ်တာ လုပ်နိုင်တယ်။
• ဒါမှမဟုတ် Hadfield’s operation အဓိကကျတဲ့နို့ပြွန်ကိုပါထုတ်တာ လုပ်မယ်။

ဒေါက်တာတင့်ဆွေ
၉-၂-ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...