အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်နှင့် Assumption University of Thailand တို့ ပူးပေါင်း၍ Marketing Management သင်တန်း ဖွင့်လှစ်မည်

အတွဲ (၁၅)၊ အမှတ် (၁၃)

ပညာရေးဝန်ကြီးဌာန အမျိုးသား စီမံခန့်ခွဲမှု ပညာကောလိပ် (NMC)နှင့် Myanmar Professional Development Center (MPDC)@ Assumption University (ABAC) Myanmar Offshore Office တို့ ပူးပေါင်းပြီး Certificate in Marketing Management (CMM) သင်တန်း အမှတ်စဉ် ၄ ကို ၂၀၁၄ ခုနှစ်၊ မေလ ၅ ရက်တွင် စတင် ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

Certificate သင်တန်း အောင်မြင်ပြီးသူများမှာ Diploma, Advanced Diploma သင်တန်းများကို ဆက်လက် သင်ယူနိုင်ပြီး Assumption University of Thailand နှင့် ချိတ်ဆက်ထားသည့် Bachelor of Business Administration (BBA) ဘွဲ့ သင်တန်းသို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ကာ Marketing Management သင်တန်းတွင် ဈေးကွက်စီးပွားရေးကို ထိုးဖောက်နိုင်သော အခြေခံ အချက်အလက် များကို သင်ကြားရမည် ဖြစ်သည်။

တက်ရောက်လိုသူများ အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများနှင့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။ သင်တန်း ကာလမှာ ၆ လကြာမြင့်မည် ဖြစ် သည်။ လျှောက်ထားလိုသူများ အနေဖြင့် ပညာအရည်အချင်း အထောက်အထား မူရင်းနှင့် မိတ္တူ ၂ စုံ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား (မူရင်း) နှင့် မိတ္တူ ၂ စုံ၊ လိုင်စင်ဓာတ် ပုံ ၅ ပုံတင်ပြရမည် ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက အမျိုးသား စီမံခန့်ခွဲမှု ပညာကောလိပ်၊ လေးထပ် စာသင်ဆောင် MPDC ရုံးခန်း ဖုန်း-၀၉-၄၉၂၀၈၅၀၁၊ ၀၉-၄၂၀၁၀၄၇၇ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...