EA ဝက်ဘ်စာမျက်နှာကို Apple ID phishing စနစ်အဖြစ် ဟက်ကာများ ပြောင်းလဲတိုက်ခိုက်

အတွဲ (၁၅)၊ အမှတ် (၁၃)

Electronic Art ဝက်ဘ်ဆိုက်ကို ဟက်ကာများက ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ၎င်းတို့၏စာမျက်နှာများကို Apple log-in မျက်နှာပြင်အတု တစ်ခုအဖြစ် အသွင်ပြောင်းခဲ့ကြောင်း သိရသည်။ သုံးစွဲသူများ အနေဖြင့် ဆိုက်အတုသို့ ဝင်ရောက်ကာ ၎င်းငတို့၏အကြွေးဝယ်ကတ် နံပါတ်များ၊ မွေးရက်နှင့် အခြားပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တို့ ထည့်သွင်းရန် တိုက်တွန်းမည်ဖြစ်သည်။

လုံခြုံရေးကုမ္ပဏီ Netcraft ကလုံခြုံရေး ပေါက်ကြားမှုကိုတွေ့ရှိခဲ့ပြီး EA ကိုသတိပေးမှုများ ပြုလုပ်ခဲ့သည်။ EA ကုမ္ပဏီက Netcraft ၏ပြောကြားမှုကို စုံစမ်းနေပြီး ယခုအခါ phishing စနစ်ဖြင့်ပြုလုပ်ထားသည့် စာမျက်နှာသည် ဝက်ဘ်ဆိုက်ပေါ်တွင် မရှိတော့ကြောင်း CNET သို့ပြောကြားသွားခဲ့သည်။ မိမိတို့သည် ၎င်းငကိုတွေ့ရှိခဲ့ပြီး သေချာလေ့လာခဲ့ကြောင်း၊ ထိုသို့ပြုလုပ်မှုသည် မရှိတော့ကြောင်း EA ၏ပြောရေးဆိုခွင့်ရှိသူ John Reseburg ကပြောဆိုခဲ့သည်။

ဟက်ကာများသည် Apple မျက်နှာပြင်အတုကို EA Games ဆာဗာများထဲက တစ်ခုသို့ဝင်ရောက်၍ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း Netcraft ကပြောကြားခဲ့သည်။ အဆိုပါဆာဗာသည် အားနည်းချက်များစွာ ရှိနေသောကြောင့် ဟက်ကာများသည် စနစ်အတွင်းသို့ ဝင်ရောက်၍ phishing စာမျက်နှာကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

-စိုးထက်
Ref: CNET
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...