ချစ်လို့ တော့ရတယ်၊မနမ်းမိစေနဲ့ 


တရုတ်ပြည်က လူတစ်ယောက်ရဲ့ အဖြစ်ကငိုအားထက် ရယ်အားသန် ဆိုတာလိုပါ။ သူက တိရိစ္ဆာန်ချစ် တတ်သူ တစ်ယောက်ဖြစ်ပြီး လိပ်တစ်ကောင်ကို တောထဲကို သွားလွှတ်ပါတယ်။ တောထဲကို မလွှတ်ခင် မှာ နောက်ဆုံးနုတ်ဆက်တဲ့ အနေနဲ့ လိပ်ကို နမ်းလိုက်ပါတယ်တဲ့။ အဲဒီမှာပဲ ပုံမှာတွေ့ တဲ့အတိုင်းပဲ
လိပ်က သူနုတ်ခမ်းကို ဆွဲကိုက်ထားလိုက်တာ နောက်ဆုံးဆေးခန်းကို သွားရတဲ့ အဆင့်ကိုရောက်သွား ပါတော့တယ်။

လိပ်ကိုနုတ်ဆက် အနမ်းတွေပေးနေတဲ့ပုံကို ဘေးကနေ ဓာတ်ပုံရိုက်မှတ်တမ်းတင်နေတဲ့ သူ့ သူငယ်ချင်းက ဒီဓာတ်ပုံတွေကို အင်တာနက်ပေါ်တင်ပြီး လိပ်ကိုနမ်းတာ အန္တရာယ်ရှိတဲ့အကြောင်း လူတွေကို သတိပေး ပါတယ်။

ရှန်ဟိုင်းနေ့ စဉ်သတင်းစာရဲ့ အဆိုအရ ဒီလိပ်ဟာ မြောက်အမေရိကဇာတိဖြစ်တဲ့ မိကျောင်းလိပ် alligator snapping turtle အမျိုးအစား ဖြစ်ဟန်ရှိပြီး တော်တော်အန္တရာယ်ရှိတယ်လို့ သိရပါ တယ်။ ရေချိုမှာ အကြီးဆုံး လိပ်မျိုးဖြစ်ပြီးတော့ အလျားမီတာ တစ်ရာကျော်အထိ ကြီးထွားနို်င်ပြီး အသက်က ၁၆၀ ထိ အသက်ရှည်လို့ သိပါတယ်။

သူတို့ မေးရိုးတွေဟာ အရမ်းအားကောင်းပြီတော့ တံမျက်စည်း တစ်ချောင်းကို မွမွကြေသည်အထိ ၀ါးနိုင်တဲ့ အင်အားရှိပါတယ်။

Ref: the melting pot 4 U
အင်းလေးမီဒီယာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...