သေမင်းကို စိန်ခေါ်သူ...
အဆိုးရွားဆုံးသော အခြေအနေတွေကနေ လက်မတင်လေး အသက်ဘေးက လွတ်မြောက်လာတဲ့ ကံကောင်းသူထဲက တစ်ဦးကို ဖော်ပြပေးလိုက်ပါ တယ်...
သူကတာ့ အသက် ၂၄ နှစ်အရွယ် ဘရာဇီးလူမျိုး ဆောက်လုပ်ရေးအလုပ်သမား တစ်ဦးဖြစ်တဲ့ Eduardo Leite ဖြစ်ပါတယ်... သူအလုပ်လုပ်နေစဉ် အဆောက်အဦအရဲ့ ၅ ထပ်မြောက် အမြင့်ပေါ်ကနေ ၆ ပေ အရှည်ရှိ သံချောင်းတချောင်း သူ့အပေါ်ကို ပြုတ်ကျခဲ့ပါတယ်... အရှိန်ဘယ်လောက်ထိ ပြင်းလဲဆိုရင် ပြုတ် ကျလာတဲ့ သံချောင်းဟာ သူဆောင်းထားတဲ့ အမာစား cap ဦးထုတ်ကနေတဆင့် ဦးခေါင်းအနောက်ဘက် ကနေ ဖောက်ဝင်သွားပြီး မျက်လုံးနှစ်လုံးကြားကနေ ပြန်ထွက်သွားပါတယ်... သူ့ကို ဆေးရုံကို အရေပေါ် ပို့ဆောင်ပြီး ခွဲစိတ်မှုတွေကို အောင်မြင်စွာနဲ့ ပြုလုပ်နိုင်ခဲ့ပါတယ်... သေဘေးကနေ လွတ်မြောက် သွားပါတယ်... အံ့ဖွယ်ပါပဲ...။
oddee/ http://lwanmapyay.blogspot.com/
ကိုမျိုး