ခြင်ဆေးခွေ ထွန်းထားခဲ့ရာမှ ဒုတိယအကြိမ် ပဲခူး တာပေါ်ဈေးမီးလောင်


 ပဲခူး ၊မတ် ၂၇

ပဲခူးမြို့၊ဈေးပိုင်း ရပ်ကွက်၊ ၁၉ လမ်း အနောက်ဖက်ထိပ် တာပေါ်ဈေးတွင် ခြင်ဆေးခွေ ထွန်းထားခဲ့ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၂၆ ရက်နေ့ည ၁၀ နာရီခွဲ အချိန်တွင် တာပေါ်ဈေးရှိ ဦးတင်မြင့်၏ ဈေးဆိုင်ခန်းတွင် ခြင်ဆေး ထွန်းထားခဲ့ရာ မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာနေရာသို့မီးငြိမ်းသတ်ယာဉ် ၆ စီးနှင့် ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးအေးမြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပဲခူးမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးဇော်မင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးမှဝန်ထမ်းများ၊သံဃာ တော်များ၊မြို့နေပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် ည၁၁ နာရီကျော်တွင်မီးငြိမ်းခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် တာပေါ်ဈေးရှိ ဦးတင်မြင့်၏ သွပ်မိုးသွပ်ကာကုန်စုံ ဆိုင်ခန်းမီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် ငါးသိန်းကျော် ဆုံးရှံးခဲ့သည်။

မီးပေါ့ဆသူ ဦးတင်မြင့် (ဘ) ဦးမောင်တင် ၇/ ပခန(နိုင်) ၀၄၆၀၁၀ အမှတ် ၁၇၂ ၊မြလမ်း၊ ဇိုင်းတောင်ရပ် ကွက် နေသူအား ပဲခူးမြို့မ ရဲစခန်းမှ ဒုရဲအုပ်ဇော်မျိုးလွင် က တရားလိုပြုလုပ်တိုင်တန်းကာ (ပ) ၂၁၆ /၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ ဖြင့် ပဲခူးမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူလျှက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါဈေးတွင်ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းက နှစ်ထပ်ဈေး တွင်မီးလောင်ခဲ့ပြီး ငွေကျပ်သိန်း ၄၅၀ ခန့်ဆုံးရုံးခဲ့သည်။

KO THANT ZIN

BY THIT HTOO LWIN

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...