ဆံပင်သန်စွမ်းကျန်းမာရေး နည်းလမ်းများ


ဆံပင်သန်စွမ်းကျန်းမာရေး လိုက်နာဖွယ်ရာ

ဆံပင်သန်စွမ်း ကျန်းမာရေးအတွက် အောက်ပါအချက်များကို လိုက်နာ လုပ်ဆောင်သင့်ပါသည်။

(၁) နေရောင်ပြင်းပြင်းနှင့် ဆံပင်မထိတွေ့ စေရန် ထီး၊ဦထုပ် တို့ ကို နေပူထဲသွားတိုင်းဆောင်းပါ။

(၂)ပူလွန်းအေးလွန်း ရာသီဥတုဒဏ် မခံရစေရန် ပူလျှင်လေသလပ်သော ဦးထုပ်၊ အေးလျှင် နွေးထွေးသော ခေါင်းစွပ် စသဖြင့် အသုံးပြုပါ။

(၃)ဆံပင်ရဲ့ အဆီတင်လွှာ၊ အဆီလွှာတို့ ကို ပွန်းစားစေမည့် အပြင်းစား ခေါင်းလျှော်ရည်များကို မသုံးပဲ ခေါင်းလျှော်ရည်အပျော့စား သုံးပါ.။အထူးသဖြင့် ဆံပင်ကျွတ်နေချိန်တွင် Babay Shampoo များသာသုံးသင့်ပါသည်။

(၄)HairDryerကို အပူပြင်းပြင်းနှင့်မသုံးပါနှင့် ။

(၅)ခေါင်းဖီးသောဘီး ကို အမြဲသန့် ရှင်းစွားထားပါ။

(၆)ခေါင်းမကြာခဏ လျှော်ပေးပါ။ခေါင်းအလျှော်လွန်ရင်လည်း ဆံပင်ကျန်းမာရေး ထိခိုက်တတ်ပါသည်။ သတိပြု့ရန်မှာ သင့်ရဲ့ ခေါင်းအုံးစွပ် ညစ်ပတ်နေပြီဆိုလျှင် သင့်ခေါင်းသည် ထို့ ထက်မက ညစ်ပတ်နေပါပြီ၊ ခေါင်းအုံးကိုလျှော်လိုက်ပါ ၊သင့်ခေါင်းက ဆံပင်ညစ်ပတ်တွေကိုလဲ လျှော်လိုက်ပါ။

(၇)အာဟာရဓာတ် ကြွယ်ဝစွာ စားသောက်ပါ။ ဆံပင်အာဟာရလဲ ပြည့်စုံပါစေ။

(၈)စိတ်ဖိစီးမှုကင်းစေရန် ယောနိသော၊မနသိကာရ စိတ်ထားမွေးမြူပါ၊ တရားအကျင့်ဖြင့် စိတ်ငြိမ်းချမ်း မှုရယူပါ။

(၉) ဆံပင်ကို မလိုအပ်ပဲ ကောက်လိုက်၊ဖြောင့်လိုက်ဖြင့် ဆံပင်ကိုမပျက်စီးပါစေနှင့်။

(၁၀)ဖြစ်နိုင်လျှင် ဆံပင်ကို ဆိုးဆေးမဆိုးပါနှင့် ၊ မဖြစ်နိုင်လျှင် ဆံပင်ကျန်းမာရေး မထိခိုက်မည့် နည်းလမ်းများ၊ ဆိုးဆေးများကိုသာ အသုံးပြုပါ။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...