မောင်ကျော်ဇောဟိန်း၏ နောက်ဆုံးစစ်ဆေးချက် ထွက်ရှိလာ


မြန်မာပြည်တစ်နံ တစ်လျားမှ အများပြည်သူများ စိတ်အဝင်စားဆုံး သတင်းတစ် ပုဒ်ဖြစ်သည့် Mister & Miss University 2014 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်နေစဉ် သေဆုံးခဲ့သောပြိုင်ပွဲ ဝင်ကျောင်းသား တစ်ဦးဖြစ်သူ မောင်ကျော်ဇောဟိန်း၏ သေဆုံးမှု အမှုမှန်ပေါ်ပေါက်လာရေး အတွက်စုံစမ်း စစ်ဆေးမှုများပြုလုပ်နေရာ နောက်ဆုံး စစ်ဆေးချက်များ ထွက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ ၄င်းကိစ္စနှင့် ပတ်သက်ပြီး သေဆုံး သူမောင်ကျော်ဇောဟိန်း၏ အစ်ကိုရင်းဖြစ်သူ ကိုအောင်ကိုကို အား ဆက်သွယ်မေးမြန်းကြည့်ရာ..

" ပြောချင်တိုင်းတော့ပြောလို့ မရဘူး။ အခုလက်ရှိ ရုံးမှာတော့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားနေတယ် ဆိုတော့ တချို့စကားတွေပြောလိုက်ရင် ရုံးတော်ကို မထီမဲ့ မြင်ဖြစ်သွားမှာလည်း ဆိုးတယ်။ အစ်ကိုပြောချင်တာလေးတွေလည်း ရှိတယ်။

မနေ့ကဆိုရင် အစ်ကို့ မိဘတွေက အစတရားရုံးမှာ ဆေးစာကိုလျှောက်လာ ခဲ့တယ်။ ရလည်း ရလာခဲ့တယ်။ ဆေးစာမှာလည်း ပြင်ပဒဏ်ရာလေးတွေ အများကြီးတွေ့ရတယ်။ အနှေးနဲ့ အမြန်ကတော့ တရားခံကို မိမှာပါ။ အစ်ကိုတို့ဘက်ကတော့ တရားရုံးရဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း အနှောင့် အယှက်ဖြစ်မယ့် ကိစ္စမျိုးမပြောချင်ဘူး။ မလုပ်ချင်ပါဘူး။ မပတ်သက်တဲ့ သူတွေကိုလည်း မထိခိုက်စေ ချင်ပါဘူး။ အခုဆေးစစ်ချက် မှာတွေ့ရှိ တာကတော့ ပြင်ပဒဏ်ရာက ငါးချက်၊ ခြောက် ချက်လောက်တော့ ရေးထားတယ်။ တံတောင်ဆစ်နှစ်ဖက် စလုံး ဒူးနှစ်ဖက်စလုံး၊ ကျောကုန်းတို့ အဲဒီလိုမျိုးရေး ထားတယ်။

အစ်ကိုတို့က ဥပဒေနဲ့ ဆန့်ကျင်ပြီးတော့ မပြောချင်ဘူး။ တရားရုံးက လက်ရှိလုပ်ဆောင်နေတဲ့ အတွက် တရားရုံးကို လွှမ်းမိုးပြီးတော့ မပြောချင်ဘူး။ အစ်ကိုတို့ကတော့အဖြစ်မှန်ကို ပေါ်စေချင်တယ်။ ဘယ်သူ့ကိုမှ မနစ်နာစေချင်ပါဘူး။ တရားရုံးက လုပ်ဆောင်စစ်ဆေးနေတာကိုပဲ အစ်ကိုတို့က ကူညီသွားမှာပါ။ အဖြစ်မှန်လည်း ပေါ်မယ်လို့ ယုံကြည်ပါတယ်။ အမှန် တရားပဲဖြစ်စေချင်တယ်။ ရုံးချိန်းက မတ်လ ၁၇ ရက်နေ့မှာ ဆိုတော့ ထပ်ပြီးစစ်ဆေးမှုတွေ ပြုလုပ်ဖို့တော့ ရှိပါတယ်" ဟု ရှင်းလင်းပြောကြား သွားခဲ့သည်။

The Popular News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...