ကျောင်းသူ တစ်ဦးက စက္ကန့် ၂၀ အတွင်းအားပြည့်စေမည့် ဘက်ထရီထွင်ခဲ့


Eesha Khare လို့အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် မှာ နေထိုင်သော ၁၈ နှစ် ကျောင်းသူလေးက တီထွင်လိုက်တာ ဖြစ်ပါတယ်။ Google က ပေးတဲ့ ၂၀၁၃ ခုနှစ် အတွက် Young Scientist Award ကိုလည်း ရရှိခဲ့ ပါတယ်။

သူမ တီထွင်လိုက်တဲ့ ဘက်ထရီဟာ ဘယ်စမတ်ဖုန်း အမျိုးအစားကိုမဆို စက္ကန့် ၂၀ အတွင်း အားပြည့်အောင် သွင်ပေးနိုင်ပါတယ်။ Supercapacitor လို့ အမည်ပေးထားပြီး အားသိုလောင် သိမ်းဆည်း ထားနိုင်မှု ပမာဏလည်း များပါတယ်။ အရွယ်အစားကတော့ သေးသေး ငယ်ငယ်လေးပါ။ အနာဂတ် မှာ ခေါက်ခွေလို့ရတဲ့ ဖုန်းသုံးလည်း ထည့်သွင်းလို့ရမယ့် ဘက်ထရီ မျိုးအထိတောင် တွက်ချက်ဖန်တီး ထားခြင်း ဖြစ်ပါတယ်။

1,000-cycle rechargeable battery ဖြစ်ပြီး အကြိမ် ၁ သောင်း Charge လုပ်နိုင်မယ့် ဘက်ထရီဖြစ်တယ် လို့ ဆိုပါတယ်။ သူမရဲ့ ဖန်တီးမှုကို Intel တောင် လက်ဖျားခါသွားပါတယ်။ ဒီလိုထွင်တဲ့ Eesha Khare ကတော့ ဟားဗတ်စ်တက္ကသိုလ်တက်ဖို့ ပညာသင်ဆုရပြီး ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၅ သောင်း အချီးမြင့်ခံရကြောင်း သိရပါတယ်။

ဗီဒီယိုကြည့်ရှုရန် -

http://youtu.be/Ug1BBMtVYgI

အောင်ခမ်း (ရိုးရာလေး)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...