ဒိုင်နိုဆော မျိုးစိတ်သစ် တစ်မျိုး ရှာဖွေတွေ့ရှိ


သိပ္ပံပညာရှင် များသည် ပေါ်တူဂီ နိုင်ငံတွင် ဒိုင်နိုဆော မျိုးစိတ်သစ် တစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်း များကို ရှာဖွေ တွေ့ရှိခဲ့ပြီး အဆိုပါ ဒိုင်နိုဆော မျိုးစိတ်သစ်သည် ဥရောပ တစ်ဝန်း ခြေဦးတည့်ရာ သွားလာ လှုပ်ရှားလျက် ရှိသော ကုန်းတွင်းနေ ဒိုင်နိုဆော ကြီးများအနက် အကြီးဆုံး ဖြစ်သည်ဟု ပညာရှင် များက ယူဆခဲ့ကြသည်။

အဆိုပါ ဒိုင်နိုဆော မျိုးစိတ်သစ်ကို Torvosaurus Gurneyi ဟု အမည် ပေးထားပြီး ခန္ဓာကိုယ် အလေးချိန်မှာ လေးတန်နှင့် ငါးတန်ကြား အရွယ်အစား ရှိ၍ ၁ဝ မီတာ (၃၃ပေ) အရှည် ရှိကြောင်း သိပ္ပံပညာရှင် များ၏ တိုင်းတာချက် အရ သိရသည်။

ထို့ပြင် ယင်းဒိုင်နိုဆော ဦးခေါင်း၏ အရှေ့မှ အနောက်သို့ အရွယ်အစားမှာ ၁ ဒသမ ၁၅ မီတာ (၃ ဒသမ ၇၅ ပေ)ရှိပြီး ၎င်း၏ သွားများမှာ ၁ဝ စင်တီမီတာ (၄ လက်မ) အရှည်ရှိကြောင်း၊ ထို့ကြောင့် ၎င်းဒိုင်နိုဆောသည် အခြားသော ဒိုင်နိုဆော မျိုးစိတ်များကို စားသုံးနိုင်ဖွယ် ရှိကြောင်း သိပ္ပံပညာရှင် များက ယူဆခဲ့ကြသည်။

Torvosaurus Gurneyi အမည်ရှိ ဒိုင်နိုဆော မျိုးစိတ်သစ်ကို ပေါ်တူဂီ နိုင်ငံ လစ္စဘွန်းမြို့ မြောက်ပိုင်းတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းကျောက်ဖြစ် ရုပ်ကြွင်း၏ အပေါ်မေးရိုး၊ သွားများနှင့် ကျောရိုးအဆစ် များကို လေ့လာ ဆန်းစစ်ခြင်း အားဖြင့် မျိုးစိတ်သစ် တစ်မျိုး ဖြစ်နိုင်သည်ဟု ယူဆရကြောင်း သိပ္ပံပညာရှင် များက ပြောကြားခဲ့သည်။

မြ၀တီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...