ကြိုးမဲ့လျှပ်စစ် နည်းပညာနဲ့ ဖုန်း၊ကား၊ နှလုံးခုန်စက် ပါမကျန် လျှပ်စစ်ပေးဝေနိုင်တော့မယ်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်း ဖုန်းအားသွင်းတာ၊ ကားဆီဖြည့်တာတွေကို ဖြုတ်လိုက်တပ်လိုက်နဲ့ အကြိမ်ကြိမ် လုပ်ခဲ့ကြရပါတယ်။
ကြိုးမဲ့လျှပ်စစ် နည်းပညာဆိုတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁၀၀ကျော်လောက် တုန်းက Nikola Teslaက လူထုကြားထဲ ချပြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ စီးပွားရေးဆိုင်ရာ အသုံးချမှုတွေအတွက် နားလည်ရခက်ခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ကြိုးမဲ့လျှပ်စစ် နည်းပညာကို စလုပ်တော့မယ့် ကုမ္ပဏီတစ်ခုက သူတို့ဟာ ပုံစံပြောင်းဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ သယ်ယူရွှေ့ပြောင်းနိုင်တဲ့ စီးပွားရေး ပုံစံတစ်ခုပေါ့။
‘ဘာ ကြိုးမှမလိုဘဲ လျှပ်စစ်ဓာတ်အားကို ကူးပြောင်းပေးနိုင်တော့မှာပါ။ ခုလိုနေနေကြတဲ့ လူမှုဘ၀ပုံစံ တွေတောင် ပြောင်းကုန်မှာ မြင်ယောင်နေသေးတယ်။’ လို့ WiTricity ရဲ့ နည်းပညာ အရာရှိချုပ် ဒေါက်တာ Katie Hall က CNN ကိုပြောခဲ့ပါတယ်။
ကြိုးမဲ့ လျှပ်စစ် နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချဖို့ အန္တရာယ်ကင်းတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ WiTricity နဲ့ တခြားကုမ္ပဏီတွေဟာ လျှပ်စစ်ဓာတ်အားကို ပိုပြီးထိထိရောက်ရောက်နဲ့ ပိုဝေးတဲ့ အကွာအဝေးမှာ ကူးပြောင်းပေးနိုင်ဖို့ ကြိုးစားဆဲ ဖြစ်ပါတယ်။
WiTricity နည်းတူ ကိုယ်ပိုင်ကြိုးမဲ့လျှပ်စစ်ဓာတ်အားပေး စက်တွေကို တိုးတက်အောင် လုပ်နေတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ ဖေဖော်ဝါရီလတုန်းက Toyotaရဲ့ hybrid ကားတွေကို ကြိုးမဲ့ ဓာတ်အားပေးရုံတွေ စပြီးစမ်းသပ်နေပြီလို့ သတင်းထုတ်ပြန်တာမျိုးပေါ့။ မြေပေါ်က သတ်မှတ်ထားတဲ့ ဓာတ်အားပေးပြား တွေပေါ်မှာ ပါကင်ဝင်ထိုးလိုက်ရုံပဲလို့ သိရပါတယ်။
‘နောက် ၂နှစ်လောက်မှာ မွေးတဲ့ကလေးတွေ ခေတ်ရောက်ရင် အားသွင်းဖို့ ပလပ်ထိုးရတယ်ဆိုတာ ဘာလဲလို့ သိတော့မှာ မဟုတ်ပါဘူး။’ လို့ ဒေါက်တာ Katie Hall ကပြောခဲ့ပါတယ်။
Ref:yahoo!
Trend Myanmar