လိုင်စင်ရ အင်ဂျင်နီယာ လျှောက်ထားခြင်း အွန်လိုင်းမှ ဆောင်ရွက်နိုင်

အတွဲ (၁၅)၊ အမှတ် (၁၂)

photo: google

လိုင်စင်ရအင်ဂျင်နီယာ လျှောက်ထားခြင်းအား အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

လျှောက်ထားရာတွင် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ လိုင်စင်ဓာတ်ပုံရောင်စုံ (၃) ပုံ၊ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံဆိုင်ရာ ထောက်ခံချက်တို့ကို သတ်မှတ်လျှောက်လွှာပုံစံနှင့်အတူ ပူးတွဲတင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားရန်နေရာတွင် အင်ဂျင်နီယာလိုင်စင်နေရာ၌ အငယ်တန်း၊ အကြီးတန်း စသည်ဖြင့် အင်ဂျင်နီယာ လိုင်စင်အမျိုးအစား ကို ရွေးချယ်ရမည်ဖြစ် သည်။ လျှောက် ထားသူနေရာ၌ ဆက်သွယ်ရန်ဖုန်းများ၊ အီးမေးလ်၊ ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်တို့ကိုပါ ထည့်သွင်းလျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။ www.ycdc.gov.mm ဝက်ဘ်ဆိုက်လိပ်စာရှိ သတ်မှတ်နေရာမှတစ်ဆင့် လျှောက်ထားနိုင်မည် ဖြစ်သည်။

လိုင်စင်ရအင်ဂျင်နီယာ လျှောက်ထားခြင်းတွင် လျှောက်ထားပြီး လျှောက်လွှာအခြေအနေပြစာရင်း၌ မိမိလျှောက်ထားသည့် လျှောက်လွှာအခြေအနေကို ကြည့်ရှုနိုင်မည်ဖြစ် သည်။ လျှောက်လွှာ အမျိုးအစားနေရာ၌ မိမိလျှောက်ထားသော အမျိုးအစားကို ရွေးချယ်ပြီး လျှောက်ထားသူ၏ မှတ်ပုံတင် ကတ်ပြားအမျိုးအစား၊ တိုကင်နံပါတ် အစရှိသည့် အချက်အလက်များကို သတ်မှတ်နေရာတွင်ဖြည့်စွက်ကာ ကြည့်ရှုနိုင်မည် ဖြစ်သည်။ လက်ရှိ လုပ်ငန်းလိုင်စင်များကိုလည်း အွန်လိုင်းမှ လျှောက်ထားရန် ဆောင် ရွက်ပေးလျှက်ရှိကြောင်း သိရသည်။ ဆက်လက်၍လည်း တိုက်ခန်းအမည် ပြောင်းလျှောက် ထားခြင်း၊ ကြော်ငြာဆိုင်းဘုတ် တင်ခွင့်လျှောက်ထားခြင်း၊ အဆောက်အအုံအသစ် ဆောက် လုပ်ခွင့်လျှောက်ထားခြင်း အစရှိသည်တို့ကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်သည်ဟု သိရသည်။

အွန်လိုင်းမှတစ်ဆင့် အင်ဂျင်နီယာလိုင်စင် လျှောက်ထားခြင်းအပြင် ကန်ထရိုက်တာ လျှောက်ထားခြင်း အဆောက်အအုံ သက်တမ်းတိုးခွင့် လျှောက်ထားခြင်း၊ အဆောက်အအုံပြီးစီကြောင်း သက်သေခံ လက်မှတ် လျှောက်ထားခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိဆောင် ရွက်နိုင်သော မြို့နယ်များအတွင်းရှိ လုပ်ငန်းများအတွက် လုပ်ငန်းလိုင်စင်ဆိုင်ရာ ကိစ္စများကိုလည်း ဝက်ဘ်ဆိုက်လိပ်စာ www.ycdc.com.mm/business-license သို့ ဆက်သွယ်လျှောက်ထားနိုင် မည် ဖြစ်သည်။

ထွန်းထွန်း
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...