ရင်သား ကြီးရတဲ့ ဒုက္ခ


Paintball ခေါ် ဆေးရည် ထည့်ထားတဲ့ ဘောလုံး လေသေနတ် ပစ်ခတ်၍ တစ်ဖက်နှင့် တစ်ဖက် စစ်တိုက် ကစားရတဲ့ ကစားနည်းဟာ စိတ်လှုပ်ရှား စရာ ကောင်းပြီး ပျော်ရွှင်ကြလို့ လူငယ် တွေရော၊ လူကြီးတွေပါ ကစား လေ့ရှိပါတယ်။

လန်ဒန်တွင် အသက် ၂၆ နှစ်အရွယ် ရင်သား အတုထည့် ခွဲစိတ် ထားတဲ့ အမျိုးသမီး တစ်ဦးဟာ Paintball ကစားနေစဉ် ရင်ဘတ်ကို အပစ်ခံ လိုက်ရပါတယ်။ တစ်နာရီလျှင် ၁၉၀ မီတာ အရှိန်ဖြင့် ပစ်လေ့ ရှိတဲ့ ဆေးရည် ဘောလုံးကြောင့် ရင်ဘတ် အရေပြား အောက်ရှိ ရင်သား အတုကို ထိမှန်ကာ ပေါက်ထွက် သွားတယ်ဟု The Sun သတင်းစာမှာ ဖော်ပြပါတယ်။ ဒီမတော်တဆ တစ်နိုင်ငံ လုံးမှာ Paintball ကစားကွင်း ၅၀ ထက်မက ရင်ဘတ်အား အထူး အကာအကွယ် ပေးရန် လိုအပ်နေသေး ကြောင်း ပြသ နေပါတယ်။ ထိုကုမ္ပဏီ၏ စံချိန် စံညွှန်းက ယခုအခါ Paintball တွေက ရင်သား အတုထည့်ထား သူတွေ ကို ထိခိုက် စေနိုင်ကြောင်း ညွှန်ပြနေပါပြီ။

ထိုအမျိုးသမီးမှာ လန်ဒန် တောင်ပိုင်း ဝိုက်လိဖ်တွင် Paintball ကစားခဲ့ခြင်း ဖြစ်ပါတယ်။ အပစ်ခံရစဉ် အစပိုင်း မှာ သွေးခြည်ဥပြီး နာနေ တာလို့ပဲ သူမက ခပ်ပေါ့ပေါ့နေမိခဲ့ ပါတယ်။ ရက်အနည်း ငယ်ကြာမှ ဆရာဝန်နှင့်ပြတော့ ဆရာဝန်က Paintball အရှိန်ပြင်းပြင်းနဲ့ အပစ်ခံရလို့ ထိုရင်သားတုတွင်းမှ ဂျယ်လ်များ စုတ်ပြဲနေကြောင်း ဖော် ထုတ်ပြ သနိုင်ခဲ့ပါတယ်။ ဗြိတိန် Paintball ကစားနည်းမှ ပြောရေး ဆိုခွင့်ရှိသူက Paintball ကစားတဲ့အခါ ပျော်စ ရာ ကောင်းတဲ့ အပိုင်းက အပစ်ခံရတဲ့ နေရာမှာ ဆေးတွေစွန်းပြီး စပ်ဖျင်းဖျင်း ဖြစ်သွား တာလည်း ပါတယ်ဗျ။ ဒီကစား နည်း ကစားခဲ့ကြ တာ နှစ်ပေါင်း အတော်ကြာ ပါပြီ။

ဒီလို မတော်တဆ ဖြစ်တာမျိုး တစ်ခါမျှ မကြုံဘူး ပေါင်ဗျာ။ သို့သော် သတိထား ကြပါ။ ရင်သား ကြီးကြီး ရှိသူများ အနေနဲ့ သူတို့ရန်သူ အတွက်တော့ အဲဒီ နေရာက ပိုလွယ်တဲ့ ပစ်မှတ်ကြီး ဖြစ်နေမှာပေါ့။ ဒီမတော် တဆဖြစ်မှုက ကျွန်တော် တို့ကို တပ်လှန့်သလို ဖြစ်စေပါတယ်။ ဘယ်သူကမှ Paintball ကစားနေကြစဉ် သူတို့ ဘေးကင်း လုံခြုံရေး အတွက် မစိုးရိမ် ခဲ့ကြဘူးဗျလို့ ပြောပြခဲ့ပါတယ်။

မြ၀တီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...