အစာအဆိပ်သင့်မှု အတွက် နံနံစေ့အစွမ်း


နံနံစေ့က အစာအဆိပ်သင့်မှုအတွက် အထူးပင် ကောင်းမွန်စေပါတယ်။ အီဂျစ်လူမျိုးများဟာ ဗိုက်နာ တဲ့ ဝေဒနာတွေကို သက်သာစေရန် နံနံပင်ကို အသုံးပြုခဲ့ကြပါတယ်။ နံနံစေ့ဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဆေးဝါးတစ်လက်ပါ။ အူလမ်းကြောင်း ပိုးဝင်တဲ့ ဝေဒနာကို နံနံစေ့က အမြန် သက်သာစေနိုင် ပါတယ်။

အသုံးပြုပုံလေး ကတော့

နံနံစေ့ကို ပြုတ်ပြီး ငါးမိနစ်ခန့် နှပ်ထားလိုက်ပါ။ ထို့နောက် တစ်နေ့ သုံးခွက်သောက်ပေးပါက အစာအဆိပ် သင့်မှုအတွက် သာမကဘဲ အူလမ်းကြောင်း ပိုးဝင်တဲ့ ဝေဒနာကိုပါ သက်သာစေနိုင် ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...