ဦးနှောက်ကင်ဆာ(Brain Tumours)အား ကုသရန်ကုထုံးသစ်ထွက်ပေါ်


Health Updates Journal No. 108

အမေရိကန်မှ သိပံ္ပပညာ ရှင်များ၏ကြိုးစားရှာဖွေမှုကြောင့် တွေ့ရှိလာသောနာနိုနည်းပညာတစ် ခုမှာ ဦးနှောက်ကင်ဆာအမျိုးအစား တချို့အား ပျောက်ကင်းအောင် ကုသ လာနိုင်ကြောင်း သိရသည်။

ယင်းနည်းပညာအားGeorgia Institute မှ သိပံ္ပပညာရှင်များက ဖော် ထုတ်ခဲ့ခြင်းဖြစ်သည်။ ယင်း နည်းပ ညာအားအသုံးပြု၍Glioblastomasဟုခေါ်သည့်အဖြစ်များသော ဦးနှောက်ကင်ဆာအားကု သနိုင်ပြီ ဖြစ်သည်။Glioblastomas တွင် ကင်ဆာဆဲလ်များက အာရုံ ကြောများနှင့်သွေးကြောများ တစ် လျှောက် ပျံ့နှံ့ပြီး ခန္ဓာကိုယ်အား ကင်ဆာဆဲလ်များဖြင့် ပျံ့နှံ့စေခြင်း ဖြစ်သည်။

အသစ်တီထွင်ထားသော နာနိုနည်းပညာသုံးဖိုင်ဘာမျှင်များမှာ လူ့ဆံပင်ထက် ပါးလွှာပြီး ကင်ဆာ ဆဲလ်များအား လှည့်စားကာ ၎င်းင်းအ မျှင်များတစ်လျှောက် ပျံ့နှံ့စေပြီး မိမိရောက်စေ လိုသော နေရာသို့ ရွေ့ လျားစေနိုင်သည်။ ဆိုလိုသည်မှာ ကင်ဆာဆဲလ်များအား ပိုမိုခွဲစိတ်၍ လွယ်ကူသောနေရာသို့ရွေ့စေခြင်း သော်လည်းကောင်း၊ ကင်ဆာဆဲလ် များအား သေစေသောဂျဲလ်များအ တွင်းသို့သော်လည်းကောင်း ရွေ့စေ ခြင်းဖြင့် ရောဂါအား ပိုမိုထိရောက်၊ လွယ်ကူစွာကုသနိုင်မည်ဖြစ် သည်။ Glioblastomas ဝေဒနာရှင်များ၏ အသက်ရှင်နှုန်းမှာ ရောဂါစသိရချိန် မှ ငါးနှစ်ထိ အသက်ရှင်သူမှာ ၆ရာ ခိုင်နှုန်းသာရှိလေသည်။

ဖိုးသောကြာ
ref:Netdoctor.co.uk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...