Designer Babies


ရောဂါကင်းပြီး သန်မာဉာဏ်ထက်တဲ့ ကလေးတွေကို ရွေးချယ် ဖန်တီးနိုင်ဖို့ နီးစပ်လာပါပြီ။ ကျင့်ဝတ် ပိုင်းဆိုင်ရာ ဘယ်လိုအချက် တွေက စိုးရိမ်စရာ ဖြစ်လာ နိုင်ပါသလဲ။

နယူးယောက်မြို့ Garrison မှအမြတ်အစွန်း အတွက် မဟုတ်တဲ့ သုတေသန ဌာန The Hastings Center မှဇီဝနည်းပညာ ကျင့်ဝတ်ပိုင်းကျွမ်း ကျင်သူ (bioethicist) တစ်ဦး ဖြစ်တဲ့ Thomas H. Murray ကတော့ "ကျွန်တော်တို့တွေ ခုဆို ကျွန်တော်တို့ ကလေးတွေရဲ့ သွင်ပြင် လက္ခ ဏာ တွေကို ရွေးချယ်ဖို့ အချက်အလက်တွေ တော်တော်များများ ရှိလာပြီး သဲသဲကွဲကွဲ ရုပ်လုံး ပေါ်လာ တော့မှာပါ။ မိဘတွေနဲ့ ဆရာဝန်တွေ ဒီနည်းပညာနဲ့ ဘာတွေ လုပ်ကြသလဲ၊ ဘာတွေ အကျိုး ရှိလာ နိုင်သလဲ၊ အကန့်အသတ်တွေ ထားသင့် သလား စတာတွေကို လူထုက သိဖို့ လိုအပ် လာပါပြီ။" လို့ Science ဂျာနယ်မှာ ဖော်ပြထား တဲ့ ဆောင်းပါးမှာ ရေးသား ထားပါတယ်။



အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာန (FDA) ကဖေဖော် ဝါရီလမှာ စည်းဝေး ကြပြီး ကလေးငယ် တွေမှာ ဆဲလ်ရဲ့ စွမ်း အင် ပေးတဲ့ အစိတ်အပိုင်း ဖြစ်တဲ့ mitochondria ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ မျိုးဗီဇကို ပြုပြင် ကိုင်တွယ် နိုင်တဲ့ နည်းပညာတွေ ကို စမ်းသပ်ဖို့ စဉ်းစား ကြပါတယ်။ ၁၉၉၀ နှစ်များက လူပုံတူ ပွားခြင်းနဲ့ အစွမ်းထက် လူသားတွေကို ရွေးချယ်ခြင်း စတဲ့ အနာဂတ်လွန် နည်း ပညာတွေ စတင် တွေးဆ ထွက်ပေါ် လာခဲ့တုန်းက လူထုထဲမှာ designer baby တွေပေါ် လာမှာကို စိုးရိမ်ခဲ့ ကြဖူးပါတယ်။ အဲဒီတုန်းကတော့ ဒီနည်းပညာ တွေက တွေးဆရုံ သက်သက်သာ ရှိခဲ့ပြီး ခုတော့ မျိုးဗီဇ ရွေးချယ်ဖို့ နည်းလမ်း တွေဟာ ဖြစ်နိုင်ရုံ သာမက တကယ်ဖြစ်လာ တော့မှာပါ။ ဥပမာ ပြရရင် မိဘ တွေဟာ ဖန်ပြွန် သန္ဓေသား နည်းပညာ (In vitro fertilization - IVF) ကိုသုံးပြီး ရလာတဲ့ သန္ဓေသားလောင်း (embryo) ကိုကျား/မ သာမက ရောဂါ မျိုးစုံကို စစ်ဆေး နိုင်ကြပါပြီ။ ဒါကို သန္ဓေ မတွယ်မီ မျိုးဗီဇ စစ်ဆေးခြင်း (pre-implantation genetic diagnosis) လို့ခေါ်ပါတယ်။ မကြာသေး ခင်ကပဲ သိပ္ပံပညာ ရှင်များက ချို့ယွင်းနေတဲ့ mitochondria ကိုမမျိုးဥ ထဲက ထုတ်ယူပြီး အလှူရှင် မျိုးဥက ရတဲ့ mitochondria အကောင်းနဲ့ လဲလှယ် နိုင်တဲ့ နည်းလမ်းကို ထုတ်ပြန်ခဲ့ ကြပါတယ်။



"Test အသစ်တွေက ကိုယ်ဝန် နုစဉ်မှာ မိခင်ရဲ့ သွေးထဲမှာ စီးဆင်း နေတဲ့ သန္ဓေသားရဲ့ DNA မျိုးဗီဇကို စစ်ဆေး နိုင်ပြီး ကလေး ကျား/မနဲ့ chromosome အရေအတွက်ကို သိရှိ နိုင်ပါတယ်။" လို့ Murray က ဆိုပါတယ်။ Chromosome အရေအတွက် ပုံမှန် မဟုတ်ရင် Down syn drome ဖြစ်နိုင် ပါတယ်။ မိဘတွေက မွေးလာမယ့် သူတို့ ကလေး တွေရဲ့ ဉာဏ်ရည်၊ ဆံပင် အရောင်၊ အားကစား စွမ်းဆောင်ရည် တို့ကို အ ဆုံးအဖြတ် ပေးတဲ့ gene တွေကိုတော့ စစ်လို့ရမှာ မဟုတ်သေး ပါဘူး။ ဒါမျိုး test တွေကို စစ်ပေးတဲ့ ကုမ္ပဏီ တစ်ခု ကတော့ မိဘတွေကို စစ် ပေးတယ်လို့ ဆောင်းပါး ထဲမှာ ဖော်ပြ ပါရှိပါတယ်။ ဉာဏ်ရည်နဲ့ အရပ်စတဲ့ လက္ခဏာ ရပ်တွေက gene တွေများစွာနဲ့ ပတ်ဝန်းကျင် တို့အ ကြား ရှုပ်ထွေးတဲ့ အပြန်အလှန် ဆက်စပ်မှု တွေကြောင့် ဖြစ်တာကြောင့် ဒီလို test တွေရရှိ လာဖို့ အများကြီး လိုပါသေး တယ်လို့ Murray ကဆို ပါတယ်။



အဓိက ဆေးပညာ အဖွဲ့အစည်း ကြီးတွေ ဖြစ်ကြတဲ့ အမေရိကန် မျိုးဆက်ပွား ဆေးပညာ အဖွဲ့ (American Society of Reproductive Me dicine - ASRM) နဲ့အမေ ရိကန် သားဖွား မီးယပ် အဖွဲ့ကြီးတွေ (American Congress of Obstetricians and Gynecologists - ACOG) ကြားမှာလည်း ဒီလို နည်းပညာ တွေကို ဘယ်တော့ ခွင့်ပြုမယ်၊ ဘယ်လို နေရာမှာ သုံးခွင့် ပြုမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး သဘောထားတွေ တော်တော်ကြီး ကွဲပြား နေတယ်လို့ လေ့လာမှုများ အရ သိရှိ ရပါတယ်။ ဥပမာ အားဖြင့် ASRM က ကလေး ကျား/မ ရွေးချယ်မှုကို မိဘ သ ဘောထား အတိုင်း ရှိစေလိုပြီး ACOG ကတော့ ဒါကို တားမြစ်ဖို့ အဆိုပြု ပါတယ်။ လူမှု ဝန်းကျင်မှာ မိန်းကလေး တွေကို ခွဲခြား ဆက်ဆံဖို့ ပို ဖြစ် လာနိုင်ချေ ရှိတာကြောင့် ပါတဲ့။ FDA ကတော့ ဒီလို နည်းပညာ တွေရဲ့ အစွမ်းထက် မှုရှိမရှိနဲ့ အန္တရာယ် ကိုပဲ ထိန်းချုပ် ကွပ်ကဲပါတယ်။



ကလေး တစ်ယောက် လောကကြီးထဲ ဝင်လာတာ ဖြစ်လို့ ဒီလို နည်းပညာ တွေက ကလေးငယ်ကို ဘယ်လောက်ထိ အမှန် တကယ် အကျိုး ရှိစေမယ် ဒါမှမဟုတ် အန္တရာယ် ဖြစ်စေမယ် ဆိုတာ တွေကို လူမှု ဝန်းကျင်က ဆုံးဖြတ်ပေးဖို့ တာဝန် ရှိပါတယ်။ မိဘတွေကို ကလေးရဲ့ မျိုးဗီဇ သွင်ပြင် လက္ခဏာ တွေကို ရွေးချယ် ခွင့်ပြုလိုက် ခြင်းဖြင့် မိဘနဲ့ ကလေးတွေ ကြားက ဆက်ဆံရေးကို ထိခိုက်စေ နိုင်ပါတယ်။ စိတ်ပူ စရာ တစ်ခုက ကလေးရဲ့ အနာဂတ်ကို ဒီလို ရွေးချယ် ခွင့်ပြုလိုက်ပြီး ထိန်းချုပ် နေတယ်လို့ မိဘတွေ စိတ်ထဲမှာ ထင်မြင် ခွင့်ပြု လိုက်မယ် ဆိုရင် ကလေးကို ဘာလုပ်စေ၊ ဘာဖြစ်စေ ဆိုတဲ့ အာဏာရှင် ဆန်တဲ့ ရည်မှန်းချက် တွေကို အသက်သွင်း ပေးလိုက် သလို ဖြစ်သွား နိုင်တယ်လို့ Murray ကဆိုပြန် ပါတယ်။ ဒါပေမယ့် မိဘတွေက ကလေး တွေရဲ့ ဖြစ်တည်မှုကို ဆုံးဖြတ်ပေး နိုင်တယ် ဆိုတဲ့ အတွေးအခေါ်က အနည်းငယ် ဝိုးတဝါး ပါပဲ။ "Michael Jordan ကိုပွားလို့ ရချင် ရမယ်၊ Michael ၂ က (ဘတ်စကက်ဘော မကစား ချင်ဘဲ) စာရင်းစစ် ဖြစ်ချင်တာ မျိုးလည်း ဖြစ်နိုင် ပါတယ်။" လို့ Murray ကပြော သွားပါတယ်။



ဒီလို ကျင့်ဝတ်ကိစ္စ တွေက အရမ်း စိုးရိမ် စရာ ကောင်းလိမ့် မယ်လို့ လူတိုင်းက ထင်နေ တာတော့ မဟုတ်ပါဘူး။ အန္တရာယ် ကင်းမကင်း၊ အ ကျိုး ရှိမရှိနဲ့ ကုသ နိုင်တဲ့ အစွမ်း တွေကို သုံးသပ်ဖို့ လိုပေမယ့် designer baby တွေက ကျင့်ဝတ် ရှုပ်ထွေးမှု အသစ် ဖြစ်လာ ချင်မှ ဖြစ် လာမှာပါ။ ဒီသုတေသနမှာ ပါဝင် ပတ်သက်မှု မရှိတဲ့ University at Albany, State University of New York (SUNY) မှဒဿန ပညာရှင် Bon nie Steinbock ကတော့ "တချို့သော သွင်ပြင် လက္ခဏာ တွေကို မျိုးဗီဇ သုံးပြီး ပျိုးထောင် တာနဲ့ ဆရာ၊ ဂီတ သင်ခန်းစာ၊ စည်းကမ်း စတာ တွေကို သတ်မှတ်ပြီး ပျိုးထောင် ယူတာနဲ့ ကွာခြားမှု ရှိမရှိ မသေချာ ပါဘူး။" လို့ဆိုပါတယ်။ "ကလေး တွေကို ပိုတော်အောင် ပိုကြင်နာ တတ် လာအောင် ကြိုးစားတာ မမှားပါဘူး။ ဒါကို မှားတယ်လို့ ထင်ရင် ကလေး ပျိုးထောင် တာကို လမ်းဘေးပစ် ရဖို့ပဲ ရှိတော့တယ်။" လို့ Steinbock က Live Science ကိုပြောသွား ပါသေးတယ်။



"Designer baby တွေကြောင့် မကောင်းတဲ့ အကျိုး ဆက်တွေ ရှိလာနိုင် ပေမယ့်လည်း ဒါတွေက ထိန်းချုပ်ဖို့ တန်ချင်မှ တန်မှာပါ။ ဥပမာ တေး ဂီတကို တန်ဖိုး ထားတဲ့ မိသားစုမှာ ဆိုပါစို့။ သန္ဓေသား လေးခု ရှိပြီး တစ်ခုက အသံ ပြည့်ဝတဲ့ လက္ခဏာ ရှိနေမယ်ဆို ဒါကို သူတို့ ဘာလို့ မ ရွေးချယ် သင့်ရမှာလဲ။ ဘောလုံး ကစား ချင်တဲ့ ကလေးကို မိဘတွေက ဇွတ်အတင်း trombone တီးသင် ခိုင်းတာမျိုးက မိဘတွေရဲ့ သန္ဓေသား ရွေးချယ်မှုကို အနှောင့်အယှက် ပေးနိုင် လောက်အောင် ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။" လို့ University of Texas at Austin မှဥပ ဒေနဲ့ ဇီဝကျင့်ဝတ် ပါမောက္ခ John Robertson ကဆိုပါတယ်။

Images from english-ch, chsglobe, extremetech, catholiclane, osv. Source: Livescience.com

Author Tornado
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...