Facebook ကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက စတင်သုံးစွဲခဲ့ကြောင်း တွေ့ရှိ


ကမ္ဘာတစ်ဝန်း လူတိုင်း သိကြ သော Facebook ကား သက်တမ်း ဆယ်နှစ်ပြည့် ပြီဖြစ်သည်။ Facebook သည် ၂၀၀၄ ခုနှစ်က စပေါ်ပေါက် ခဲ့ပြီး ထိုနာမည်ကိုလည်း ထိုအခါ တွင်မှသာ စတင်အသုံးပြု ခဲ့သည်ဟု ထင်စရာ ရှိသော်လည်း တကယ်တမ်းတွင် ထိုနာမည်ကိုသာမက ထိုသဘော တရားကိုပါ ၁၉၀၂ ခုနှစ် ကတည်းက စတင်အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာဟောင်း တစ်စောင်တွင် ဖော်ပြ ထားချက်အရ သိရသည်။

၁၉၀၂ ခုနှစ် ထုတ် The Western Times သတင်းစာတွင် “ပျော်ပျော် ရွှင်ရွင် အချိန်ကုန်နည်း ကစား နည်း “ Face-Book ”ဟူ၍ ဖော်ပြထားသည်။ မိတ်ဆွေ အပေါင်းအသင်းများ ဆုံဆည်း ကြသည့် ပျော်ပွဲစား များတွင် လူအများ ၀ိုင်းထိုင်ပြီး စာအုပ်ကြီး တစ်အုပ်ထဲတွင် တစ် ယောက် တစ်လှည့်စီ ကိုယ့်မျက်နှာပုံ ကိုယ်ဆွဲ ကာ အောက်က လက်မှတ် ထိုးကြရသည်။ လူစုံစေ့ သောအခါ မျက်နှာပုံများအတူ ချကြည့်ပြီး တကယ့် မျက်နှာနှင့် ပုံထဲကပုံများ လွဲချော် နေမှုများ၊ မဆွဲတတ် ဆွဲတတ် ဆွဲထား၍ ရုပ်ပျက် ဆင်းပျက် ဖြစ် နေမှုများကို တစ်ယောက် နဲ့ တစ်ယောက် ပြကာ ပျော်ပျော် ပါးပါး ရယ်မောကြ ရသည့် ကစားနည်း တစ်မျိုး ဖြစ်သည်။ လူအများ စုပေါင်း ပါဝင်ရပြီး မျက်နှာပုံ များကို စာအုပ် ကြီးတွင် အဓိက ရေးဆွဲ ကစားရ သည့် ကစားနည်း ဖြစ်သောကြောင့် “မျက်နှာ စာအုပ် (Face-book)” ဟု အမည်ပေး ထားခြင်းဖြစ်သည်။

ထိုသဘော တရားသည် ယနေ့ Facebook ကို အခြေ တည်ထား သည့် သဘော တရားနှင့် တစ်ထပ် တည်းဖြစ်နေ သည်ကို တိုက်တိုက် ဆိုင်ဆိုင် တွေ့ခဲ့ရသည်။ ၁၉၀၂ ခုနှစ် က သတင်းစာ ထဲက Face- book ကစားနည်း အကြောင်း ကို Exeter သတင်းစာက ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

The Messenger

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...