မလေးရှားလေယာဉ်မှူးကြီးအိမ်က လေယာဉ်စက်ခန်းပုံစံငယ်ကို FBI စစ်ဆေးနေ

မလေးရှားလေယာဉ်မှူးကြီးရဲ့ အိမ်က သိမ်းဆီးထားတဲ့ လေယာဉ်မောင်း စက်ခန်းငယ် ပစ္စည်းတွေကို အမေရိကန် ထောက်လှမ်းရေး FBI က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။

ပျောက်ဆုံး မလေးရှားလေယာဉ်မှူးကြီးနဲ့ သူ့အိမ်က လေယာဉ်စက်ခန်းပုံစံငယ်၊ ဓာတ်ပုံ- NYPost

မလေးရှား ၀န်ကြီးချုပ် သတင်းစာ ရှင်းလင်းပွဲမှာပြောသွားသလို လေယာဉ်ဟာ တစုံတယောက်ရဲ့ စနစ်တကျ ရည်ရွယ်ချက် ရှိရှိ ပီကင်းသွားမယ့်လမ်းကြောင်းကနေ သွေဖီပြီး အိန္ဒိယ သမုဒ္ဒရာဘက် ကို ကွေ့ပြန်ခဲ့တာအပေါ် သံသယတွေပွားနေတဲ့ အထဲ အသက် ၅၃ နှစ်ရှိတဲ့ လေယာဉ်မှူးကို အဓိက အာရုံထားခံနေရပါတယ်။

တကယ်တော့ လေယာဉ်မှူးကြီး ရဲ့ အိမ်ကို မလေးရှားရဲတပ်ဖွဲ့က သွားရောက်ရှာဖွေခဲ့စဉ်မှာသိမ်းဆည်းခဲ့တဲ့ ကွန်ပျူတာ ၂ လုံးနဲ့အတူ သူအိမ်ထဲမှာ လုပ်ထားတဲ့ လေယာဉ်စက်ခန်းပုံ လုပ်ထားတဲ့ပစ္စည်းတွေတွေ့ ရှိခဲ့တာကြောင့် သံသယတွေက ပိုလာခဲ့တာပါ။

လေယာဉ်မှူးကြီးဟာ ၁၉၈၁ ခုနှစ်က မလေးရှားလေကြောင်းလိုင်းမှာ စတင်တာဝန်ယူခဲ့သူဖြစ်ပြီး လေယာဉ်
မောင်း ခဲ့တဲ့ ပျံသန်းချိန် နာရီ ၁၈၀၀၀ ကျော်ရှိသူပါ။

လေယာဉ်ပျောက်ကို ရှာဖွေနေစဉ်မှာပဲ လေယာဉ်နဲ့ ပတ်သက်တဲ့ ရှာဖွေမှုတွေလုပ်ကြရင် အစိပ် အပိုင်း
တွေတွေ့တယ်ဆိုတာတွေနဲ့ သဲလွန်စတွေအပေါ် လည်း စုံစမ်းရှာဖွေရေးသမားတွေက အသည်းအသန် ရှာဖွေနေကြတာပါ။

ဒီအထဲ မနေ့ကတုန်းက MH 370 ပျောက်ဆုံးမလေးရှားလေယာဉ်လို့ယူဆရတဲ့ လေယာဉ်ကို မော်လဒိုက် ကျွန်းပေါ်က ရွာသားတွေ က မြင်ခဲ့တယ်ဆိုတဲ့သတင်းဟာလည်း အခုတော့ မဟုတ်ကြောင်း မော်လဒိုက် ကျွန်းက စစ်တပ် က တရားဝင် ထုတ်ပြောလာခဲ့ပါတယ်။

ဒါကိုလည်း မလေးရှား ကာကွယ်ရေး ၀န်ကြီးက မော်လဒိုက်ကျွန်းပေါ် ပျံသွားတဲ့လေယာဉ်ဟာ ပျောက်ဆုံး မလေးရှားလေယာဉ်မဟုတ်ဘူးလို့ ပြောပါတယ်။

အခုနောက်ဆုံး သြစတေးလျ က တွေ့တဲ့ အိန္ဒိယ သမုဒ္ဒရာထဲက သြစတေးလျ နိုင်ငံ အနောက်တောင် ဘက် ကမ်းခြေက အစိပ်အပိုင်း ၂ ခုကို အာရုံစိုက် ရှာဖွေမှုတွေ လုပ်ဆောင်နေပါပြီ။

အိမ့်သံစဉ် ~
Irrawaddy

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...