Math Anxiety သင်္ချာ ကြောက်တဲ့ ရောဂါကို ဘယ်လို ကုသမလဲ


သင်္ချာ တွက်ရမှာ စိုးရိမ်တာ သို့မဟုတ် သင်္ချာ ကြောက်တဲ့ ရောဂါ ဆိုတာက တကယ်တော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာမျိုး ပါ။ သင်္ချာ ကြောက်တဲ့ ရောဂါကို ဘယ်လို ကုသမလဲ။

သင်္ချာ တွက်ရမှာ စိုးရိမ်တာ သို့မဟုတ် သင်္ချာ ကြောက်တဲ့ ရောဂါ ဆိုတာက ဘာနဲ့ ဆင်တူလဲ ဆိုတော့ စင်မြင့် ကြောက်တဲ့ ရောဂါနဲ့ တူတူပါပဲ။ ဘာလို့ စင်မြင့်ပေါ် တက်ရမှာ ကြောက်တာလဲ။ လူတွေ အများကြီး ရှေ့မှာ တစ်ခုခု မှားသွားမှာ ကြောက်လို့လား။ ပြောရမယ့် စကားတွေ မေ့ သွားမှာ ကြောက်လို့လား။ ကဲ့ရဲ့ ခံရမှာ စိုးရိမ်တာလား။ သင်္ချာကို ကြောက်တယ် ဆိုတာလဲ ဒီလိုပါပဲ။ သင်္ချာကို မတွက်နိုင် ဘူးလို့ ထင်တာ သို့မ ပာုတ် အရမ်းခက် တယ်လို့ တွေးကြောက်တာ သို့မပာုတ် ယုံကြည်ချက် မရှိတာကြောင့် ဖြစ်လာတဲ့ အရှုံးကို ကြောက်တာ တို့ကြောင့်ပါ။ အဓိက ကတော့ သင်္ချာကို မှန်အောင် မတွက်နိုင် ဘူးလို့ တွေးထင် မိတဲ့အခါ ကျွန်တော်တို့ စိတ်ထဲမှာ အလွှာတစ်ခု အုပ်သွားပါတယ်။ နောက်ကျွန် တော်တို့ အဖြေမှား နေတယ်လို့ ထင်တဲ့အခါ ပိုပြီးစိတ်ပူ စိုးရိမ်လာကာ အလွှာတွေ အလွှာတွေ ဖုံးအုပ် လာပါတယ်။ အဲဒါကို သင်္ချာ စာမေးပွဲက အချိန် သတ်မှတ်တာနဲ့ စာမေးပွဲ ဆိုတဲ့ စိုးရိမ်စိတ် တွေအားလုံး ပေါင်းလိုက် တဲ့အခါ မှာတော့ စိုးရိမ် ပူပန်မှု တွေပာာ တိုးလို့ တိုးလို့ပဲ လာပါ တော့တယ်။



သင်္ချာ ကြောက်တဲ့ ရောဂါက ဘယ်ကစ ဖြစ်လာတာလဲ ဆိုတော့ သင်္ချာနဲ့ ပတ်သတ်ပြီး စိတ်မပျော် ရွှင်စရာ အတွေ့အကြုံ တွေကနေ စတင်ပါ တယ်။ ယေဘုယျ အားဖြင့် အသင်အပြ မကောင်းတာနဲ့ သင်္ချာမှာ အတွေ့အကြုံ ချို့တဲ့မှု တွေပာာ စိုးရိမ်စိတ် တွေကို အစပျိုး ပေးလိုက် ပါတယ်။ များသော အားဖြင့် ကျောင်းသား တွေပာာ အမှန်တကယ် နားလည်ရမယ့် အစား အဆင့်တွေကို ပိုပြီး အားကိုးတဲ့ အတွက် သင်္ချာကြောက်တဲ့ ရောဂါ နဲ့ကြုံတွေ့ ရတာပါ။ အဆင့်တွေ၊ သတ်မှတ်ချက် တွေနဲ့ တွက်ပုံ တွက်နည်း တွေကို အမှန်တကယ် နားမလည်ဘဲ အလွတ်မှတ် နေမယ် ဆိုရင် သင်္ချာပာာ ပိုပြီး မေ့လွယ် ပါတယ်။ အပိုင်းကိန်း တွေစားတဲ့ နည်းကိုပဲ စဉ်းစား ကြည့်ရအောင်။ သင်ပြောင်းပြန် လှန်နည်းတွေ သင်ယူ ခဲ့ဖူးမှာပါ။ ဆိုလိုတာ ကတော့ ဘာလို့ ပြောင်းပြန်လှန် မြောက်တယ် ဆိုတာ သင်သိစရာ မလိုပါဘူး။ ဒီအတိုင်း မြှောက်ဆိုလို့ မြှောက်လိုက် တာပါ။ သင်ပာာ သတ်မှတ်ချက် တွေကို မှတ်မိလို့ တွက်တတ် သွားတာပါ။ ဘာလို့ တွက်လို့ ရသွားလဲ ဆိုတာ သင်တကယ် နားလည် ရဲ့လား။ တစ်စုံတစ်ဦးက math manipulatives နည်းကိုသုံးပြီး ဘာလို့ တွက်လို့ ရသွားလဲ ဆိုတာ ပြောဖူးပါ သလား။ မပြောပြ ဖူးဘူး ဆိုရင်တော့ သင် ပာာ ပုံသေ မှတ်ထား လို့သာ တွက်လို့ ရသွား တာပါ။


သင်ပာာ အဆင့်တွေ ကိုသာ မှတ်ထားမယ် ဆိုရင် အကယ်၍ အဆင့်အချို့မေ့သွား မယ်ဆိုရင် ဘယ်လို လုပ်မလဲ။ ဒါကြောင့် ဒီလိုမျိုး မှတ်နေ မယ် ဆိုရင်တော့ မှတ်ဥာဏ်ကောင်း တဲ့သူတွေပဲ အလုပ်ဖြစ် မှာပါ။ သင်ပာာ မှတ်ဥာဏ် မကောင်းဘူး ဆိုရင်??? တကယ်တော့ သင်္ချာကို နား လည်တာက ပိုပြီး အရေးကြီး ပါတယ်။ ကျောင်းသားပာာ သူသင်္ချာ တွက်နိုင်တယ် ဆိုတာကို တစ်ခါ သိသွားတာနဲ့ သင်္ချာကို ကြောက်တဲ့စိတ် လည်း မရှိတော့ ပါဘူး။ မိဘနဲ့ ဆရာသမား တွေပာာ ကျောင်းသားတွေ သင်္ချာကို တကယ် နားလည်ရဲ့လား ဆိုတာနဲ့ သူတို့ကို အမှန်တကယ် နားလည်စေ ဖို့အတွက် အလွန် တာဝန်ရှိ သူတွေပါ။ သင်္ချာပာာ မျိုးရိုးဗီဇ ဆိုတာတွေ၊ ယောက်ျားမို့လို့ ရတယ်။ မိန်းကလေး မို့လို့ မရဘူး ဆိုတာ တွေနဲ့ မဆိုင်ပါဘူး။ သင်္ချာပာာ လူမျိုးတွေမှာ မူတည်တယ် ဆိုတာမျိုးတွေ၊ သင်္ချာကို နည်းတစ်မျိုး တည်းနဲ့ တွက်လို့ ရတယ် ဆိုတဲ့ ခံယူချက် တွေပာာ တစ်လွဲတွေ ဖြစ်ပါတယ်။ ဒါဆို သင်္ချာ ကြောက်တဲ့ စိတ်ကို ဘယ်လို ချိုးနှိမ်မလဲ။ ကျော်လွှား မလဲ။



အကောင်းမြင်ပါ။ ဘယ်လို စာသင်မှု အရည်အချင်း နဲ့မဆို အကောင်းမြင် စိတ်ပာာ သင့်ကို ကူညီပါ လိမ့်မယ်။ မေးခွန်းတွေ များများ မေးပါ။ သင်္ချာကို နားလည်ကို လည်ရမယ် ဆိုတဲ့ စိတ်ထားပါ။ ညွှန်ပြတဲ့ အတိုင်းလုပ်ပြီး မကျေနပ် လိုက်ပါနဲ့။ သရုပ်ပြ နည်းတွေ၊ ဝေဖန် ပိုင်းခြားပြ နည်းတွေနဲ့ ရှင်းပြဖို့ တောင်းဆိုပါ။ ပုံမှန် လေ့ကျင့်ပါ။ ပိုခက်လေ ပိုလေ့ကျင့်လေ ဖြစ်ရပါမယ်။ လုံးဝ နားမလည် နိုင်ဘူး ဆိုရင် tutor တစ်ဦး ငှားပါ။ ဒါမှမပာုတ် သင်္ချာကို တကယ် နားလည်တဲ့ အတန်းဖော် တွေနဲ့ တူတူ တွက်ပါ။ သင်ပာာ သင်္ချာကို တကယ် လုပ်နိုင်ပါ တယ်။ တစ်ခါ တစ်လေ concept ကိုနားလည် ဖို့အတွက် ခက်ခဲတဲ့ ချဉ်းကပ်ပုံ တွေလည်း လိုပါတယ်။ သင်ပာာ မှတ်စု တွေကိုပဲ ဖတ်မနေဘဲ တကယ် လက် တွေ့ တွက်ချက် သင့်ပါတယ်။ သင်္ချာကို သေချာ လေ့ကျင့်ပြီး သင်ဘာလုပ် နေတယ် ဆိုတာကို သင်ရိုးသားစွာ နားလည်တာ သေချာအောင် လုပ်သင့် ပါတယ်။ ဇွဲရှိပါ။ ကျွန်တော်တို့ အားလုံး အမှားလုပ် ကြပါတယ်။ ဒါကြောင့် မှားမှာကို ကြောက်မနေ ပါနဲ့။

Images from dil-bilim, cyrusalvarez, psychologicalscience, 123rf, wiki. Source: math.about.com

Author Noel
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...