သင့် Google Search History တစ်ခုလုံး ခုချက်ချင်း ဘာကြောင့် ဖျက်ပစ်သင့်တယ် ဆိုတာ
ယခုနှစ်အစောတုန်းက သင့် google search history တွေအားလုံး ဒေါင်းလုဒ် ရယူနိုင်စေမယ့် feature တစ်ခု Google မိတ်ဆက်ပေး ခဲ့ပါတယ်။ အဲဒါဟာ အဆင်ပြေ အသုံးဝင်တဲ့ option တစ်ခုဖြစ်နေနိုင်သလို သတိထားရမယ့် အချက်လည်း ဖြစ်လို့နေပါတယ်။
အရင်ဆုံး အွန်လိုင်း search ရှာထားခဲ့ သမျှတွေကို ထည့်စဉ်းစားရပါမယ်။ အဲဒီမှာ သင့်အိမ်လိပ်စာ Google Maps မှာ ရှာဖွေခဲ့တဲ့ address တွေလည်း ပါဝင်ပါတယ်။ Gmail account မှ ရှာထားတဲ့ private email တွေနဲ့ အရေးကြီးဆုံးက Google ရဲ့ ထုတ်ကုန်ထဲက တဆင့် သင်ရှာချင်ခဲ့သမျှ အချက်အလက် တစ်ခုချင်းဖြစ်ပါတယ်။
ဒါတွေဟာ search history ဒေါင်းလုဒ်မချခင် Google မှ သတိပေးခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်။
အဲဒီ ဒေတာ အချက်အလက်တွေကို အကုန်လုံးသာ ရှင်းထုတ်ပစ်ပါ။ သင့်အတွက် ပိုပြီး လုံခြုံမှုပေးပါလိမ့်မယ်။ အဲဒီလိုလုပ်ဖို့ရန်အတွက် Web & Activity ဆိုတဲ့ page သို့သွားပြီး ဖျက်ချင်တာတွေကို စစ်ဆေးကြည့်ပြီးရင် ညာဘက်ခြမ်းရဲ့အပေါ်က drop-down menu မှ Remove Items ကို ရွေးချယ်ပါ။
သင်ရှာဖွေထားတဲ့ အချက်အလက် တစ်ခုချင်းစီ Google မှာ မကျန်ရစ်စေချင်ရင် Account History ကို pause ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Ref: Cosmopolitan

Trend Myanmar
http://www.trend.com.mm/2015/04/23/tech-6410
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) တရုပ်သိုင်းဝတ္ထု စာအုပ်များ စုစည်းမှု (မြန်မာလိုစာအုပ် ၄၄ အုပ်) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောက်သို့) ေသစာရွင္စာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို