MH370 ယာဉ်ပေါ်မှာ ပါသွားခဲ့တဲ့ စတန့်မင်းသား အတွက် ရုပ်ရှင် အဖွဲ့သားများ ဆုတောင်းလျက်ရှိ

 
ပျောက်ဆုံးလျက် ရှိတဲ့ MH370 လေယာဉ်ပေါ်မှာ ဂျက်လီရဲ့ တွဲဖက် သရုပ်ဆောင် စတန့်မင်းသား ဂျူကွန်း လိုက်ပါ စီးနင်း သွားခဲ့တယ်လို့ မကြာသေးခင် က သတင်း ထုတ်ပြန် ခဲ့ပါတယ်။ သူက ဂျက်လီနဲ့အတူ တွဲဖက် ပြီး “The Expendables” နဲ့ “Forbidden Kingdom” စတဲ့ ကမ္ဘာ ကျော် ဇာတ်ကားတွေ အပါအဝင် ရုပ်ရှင် ဇာတ်ကား အများအပြား မှာ ပါဝင် သရုပ်ဆောင်ခဲ့ ဖူးပါတယ်။

ဂျူကွန်းက မလေးရှား မှာရှိတဲ့ ပိုင်ဝုဒ် စတူဒီယိုနဲ့ အလုပ် တွဲဖက်လုပ်ကိုင် ပြီးနောက် MH370 လေယာဉ်ကို စီးပြီး ဘေဂျင်း ကိုပြန် လာခဲ့တာပါ။ ဘေဂျင်း ပြန်ရောက်ရင် Netflix မီဒီယာ ကုမ္ပဏီက ရိုက်ကူးမယ့် “Marco Polo” ဇာတ်လမ်းမှာ ပါဝင်ဖို့ ပြင်ဆင်ပြီးတဲ့ အပြင် ရက်သတ္တ ပတ် အနည်းငယ် အတွင်း ရိုက်ကူး ရေး စဖို့ စီစဉ်ထားတာပါ။

“ဂျူကွန်းက “Marco Polo” ဇာတ်လမ်းမှာပါမယ့် မိသားစုဝင် တစ်ယောက် ပါ။ Harvey Weinstein နဲ့ Netflix ကုမ္ပဏီအား ကျွန်တော် တို့ တအားတုန်လှုပ် ဝမ်းနည်း ပါတယ်” လို့ Marco Polo ဇာတ်လမ်း ဇာတ်ညွှန်းရေး ဆရာ ဂျွန်ဖူစကိုက ဆိုပါတယ်။

ဂျူကွန်းရဲ့ ဇနီးသည်က လတ် တလောမှာ ကွာလာလမ်ပူ မြို့မှာ နေထိုင်လျက် ရှိပြီး ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ ရဲ့ အကြောင်းကြားစာ ကို မျှော်လင့် တကြီး စောင့်ဆိုင်းနေ ရှာပါတယ်။ MH370 ယာဉ်ပေါ်မှာပါ သွားခဲ့တဲ့ ခရီးသည်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အတွက် ကြေကွဲ ဝမ်းနည်းရပါတယ်။ သူတို့ နဲ့ထပ်တူ ခံစားရပါတယ်” လို့ ဂျွန်ဖူစကိုက ထပ်လောင်း ပြောပါတယ်။

Popular News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...