Pono Player

Steve Jobs ရဲ့ iPod နောက်ပိုင်း MP3 Player တွေခေတ်စား လာခဲ့ရာမှာ Pono လို့ခေါ်တဲ့ နောက်ဆုံးပေါ် MP3 Player အကြောင်း ဒီဆောင်းပါးမှာ တင်ဆက် ထားပါတယ်။
Pono အကြောင်း စပြောရရင် တီထွင်သူ တွေကတော့ San Francisco က Neil Young ဦးဆောင်တဲ့ the Pono Music Team ဖြစ်ပါတယ်။ သူတို့ရဲ့ တီထွင်မှုကို နှစ်ပိုင်း ခွဲရရင် Pono Player သက်သက်နဲ့ Pono Music Web Store ဆိုပြီး နှစ်ပိုင်းခွဲ လို့ရပါတယ်။ ခုလောလော ဆယ်တော့ Pono Player အကြောင်း စပြော ပါ့မယ်။ Pono Player ဟာ Design ကစလို့ တခြားသော MP3 Player တွေနဲ့ မတူဘဲ တြိဂံပုံစံ ရှိ ပါတယ်။ ၅ လက်မ အမြင့်၊ ၂ လက်မ အကျယ်နဲ့ ၁ လက်မ အနံရှိပြီး အရောင် အနေနဲ့ ကတော့ အ၀ါရောင်ရယ်၊ အနက်ရောင်ရယ် ဖြစ်ပါတယ်။ စွမ်းဆောင်မှုနဲ့ ပတ်သက်လို့ ပြောရရင် High-audio resolution ဖြစ်တဲ့ 24-bit/ 192 KHz အထိ စွမ်းဆောင် ပေးနိုင်ပြီး FLAC, ALAC, MP3, WAV, AAC စတဲ့ Audio Format တွေနဲ့လည်း တွဲသုံးလို့ ရပါတယ်။ Screen အနေနဲ့ Touch Screen ဖြစ်ပြီး Data Storage နဲ့ပတ်သက် လို့ 64 GB ပါဝင်တဲ့ အပြင် အပိုဆောင်း 64 GB ထပ်စိုက် နိုင်အောင် micro SD slot လည်း ပါဝင်ပါ သေးတယ်။ ဒီ Pono Player ရဲ့ဆလင် ဒါပုံစံ Battery ဟာသာမန် MP3 Player တွေရဲ့ ခပ်ပြားပြား Battery တွေထက် ပိုမို စွမ်းဆောင် နိုင်မယ်လို့ Pono Music Team ကဆိုထားပါ သေးတယ်။ Audio port အနေနဲ့ Port နှစ်ခု ပါဝင်မှာ ဖြစ်ပြီး Headphone အပြင် တခြားသော Audio ပစ္စည်းများ နဲ့လည်း တွဲဖက် ချိတ်ဆက် နိုင်မှာ ဖြစ်ပါတယ်။


စာဖတ်သူတို့ ကိုယ်တွယ်နေ ကြတဲ့ ကိုယ်ပိုင် SmartPhone တော်တော် များများဟာ ကောင်းမွန်တဲ့ သီချင်း အရည်အသွေး တွေကို ထုတ်လွှင့် နိုင်ကြ ပါတယ်။ ဒါ့အတွက်ကြောင့် ဒေါ်လာ ၄၀၀ အကုန် ခံရမယ့် Pono Player အတွက် မှာယူကြဖို့ လူအများ လက်တွန့် နေကြမှာ ဖြစ်ပါ တယ်လို့ တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်။
Images from sapo, kickstarter, ayre. Source: reviews.cnet.com
Author Paing Hmu Ko
Myanmar Youth Media Club
- (အရှေ့သို့) Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta) Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) ပျောက်ဆုံး မလေးရှား လေယာဉ်ပေါ်ပါ လေယာဉ် အင်ဂျင်နီယာ တဦးနှင့် ပတ်သက်ပြီး စစ်ဆေးနေ Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...