Streak for Gmail


Streak for Gmail လို့ခေါ်တဲ့ Chrome Browser Extension ဟာ Gmail Inbox တွေရဲ့ စွမ်ဆောင်ရည်ကို ဘယ်လို အံ့မခန်း တိုးမြှင့်ပေး ခဲ့သလဲ ဆိုတာကို ယခုဆောင်းပါးမှာ တင်ပြထားပါတယ်။

ကျွန်တော်တို့ Facebook မှာတစ်ယောက် ယောက်ကို Message ပို့ရင် တစ်ဖက်လူကို ရောက်သွားတဲ့ "Sent" ဆိုတဲ့ Report Messageလေး တက်လာပါတယ်။ နောက်ပြီး တစ်ဖက်လူက အဆိုပါ Message ကိုဖတ်လိုက်တဲ့ အခါမှာတော့ "Seen" ဆိုတဲ့ Report Message လေးတက် လာတာ သိကြမှာပါ။ ပုံမှန်အားဖြင့် အထက်က Facebook မှာ တစ်ဖက်လူက ကိုယ်ပို့လိုက်တဲ့ စာဖွင့်ဖတ် လိုက်ကြောင်း အကြောင်းကြား တာမျိုး Gmail Inbox မှာ မရှိပါဘူး။ အဲဒီ လုပ်ဆောင် မှုမျိုး လိုချင် ရင်တော့ အရင်က Bananatag ကိုသုံးရပါတယ်။ ဒါပေမယ့် သူက စာငါး စောင် အထက် ဖြစ်သွားရင် အခကြေးငွေ ပေးရ တာကြောင့် မဟန်ပါဘူး။



ဒါပေမယ့် ယခု "Streak for Gmail" ဆိုတဲ့ Chrome Browser Extension လေးကတော့ အထက်က ၀န်ဆောင်မှု မျိုးကိုပါ အခမဲ့ ပေးနိုင် တဲ့အ ပြင် စာဖွင့်ဖတ်သူရဲ့ အချိန်နဲ့ နေရာကိုတောင် မြေပုံနဲ့ ဖော်ပြ နိုင်ပါတယ်။ ကောင်းတာ ကတော့ စာဖွင့်ဖတ်တဲ့ သူဆီမှာ ဒီ Extension သွင်း ထားဖို့ မလိုပါဘူး။ အဆိုပါ ၀န်ဆောင်မှုပါ မကပါဘူး။ စီးပွားရေး ကိစ္စနဲ့ ပတ်သက်တဲ့ ညှိနှိုင်းမှု၊ အချိန် ရေးဆွဲမှု စတဲ့ ကိစ္စအမျိုးမျိုးကို လည်း ဆောင်ရွက်ပေး နိုင်ပါတယ်။ ဒါ့အပြင် Chrome Browser တစ်ခုတည်းမှာ အလုပ်လုပ် တာမဟုတ်ပါဘူး။ Safari Browser က Gmail နဲ့ Google Apps တို့နဲ့လည်း တွဲဖက် လုပ်ဆောင် နိုင်ပါတယ်။ လောလောဆယ်တော့ "Streak for Gmail" ဟာစမ်းသပ် ကာလမှာ ရှိသေးပြီး တီထွင်သူ တွေက အစွမ်းကုန် ပြင်ဆင်ကာ Version အမျိုးမျိုးနဲ့ ဆက်လက် ထုတ်ပေး နေပါတယ်။



ယခုလိုမျိုး စွမ်းရည်မြင့် နည်းပညာတွေ တိုးတက်လာတာကို လက်ကမ်း ကြိုဆိုရမှာ ဖြစ်ပေမယ့် တစ်ဖက်လူရဲ့ ခံစားချက်နဲ့ လွတ်လပ်ခွင့်ကို လည်း မမေ့ထား သင့်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ Google Extension ကိုရယူလိုသူတွေ အတွက် ဒီမှာ ယူလို့ရပါတယ်။


Images from streak. Source: mashable.com

Author
Paing Hmu Ko
Myanamr Youth Media Club

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...