"ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင် တွေ့ရှိ"ဟူ၍ Sunday Sport မျက်နှာဖုံးတင်


18 March 2014 | By Popular News

"ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ် တွင်တွေ့ရှိ" ဟူသည့် သတင်းကို မတ် ၁၄ ရက်ထုတ် Sunday Sport သတင်းစာမျက်နှာ ဖုံးတွင် ဖေါ်ပြထားသည်။

လေယာဉ်ကြီး ကျရောက်သဖြင့် လကမ္ဘာပေါ်ဝယ် အရာထင်နေသော ဓာတ်ပုံကိုလည်းယင်း မျက်နှာဖုံးတွင်ပင် ဖေါ်ပြထားပြန်သည်။ ဗြိတိန်နိုင်ငံထုတ် Sunday Sport သတင်းစာကို ၁၉၈၆ ခုနှစ်က စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်ပြီး အညှီအဟောက် သတင်းများ၊ အတင်းအဖျင်း သတင်းများနှင့် မဖြစ်နိုင်သော သတင်းများကို ဖော်ပြသည့် သတင်းစာ အဖြစ်နာမည်ကြီးသည်။

ယင်းသတင်းစာဝယ် လန်ဒန်မှ နှစ်ထပ်ဘတ်စ်ကားကြီးတစ်စီးကို အန္တာတိက တိုက်ရေ ခဲပြင် အောက် တွင် တွေ့ရှိ၊ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကြဲလေယာဉ်ကြီးတစ်စီးကို လကမ္ဘာပေါ်တွင် တွေ့ရှိဟူသည့် သတင်းများကိုလည်း ဖော်ပြခဲ့ဖူးသည်။

Popular News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...