Tests before Pregnancy ကိုယ်ဝန်မဆောင်မီ ဆေးစစ်ခြင်းများ

သူများတိုင်းပြည်တွေမှာတော့ ကိုယ်ဝန်မဆောင်မီ ဆေးစစ်ခြင်းများစာရင်းဆိုတာ ရှိတယ်။ ကိုယ်လက်လှမ်းမီတာကို လုပ်နိုင်ပါတယ်။ သိတဲ့အတိုင်း သားဖွားဆရာမကိုတောင် အပ်မထားဘဲ ကလေးမွေးနိုင်တာလဲရှိတယ်။ ဒီလိုပြောပေမဲ့ ပေါ့လျော့ဘို့တော့ အားမပေးပါ။ အားလုံးကိုမလုပ်နိုင်လို့ စိုးရိမ်မှုလွန်ကဲတာနဲ့ အားပျက်တာကိုသာ မဖြစ်စေချင်တာ ဖြစ်ပါတယ်။ လုပ်နိုင်သလောက် ဖြစ်လာနိုင်တဲ့ မဖြစ်သင့်တာတွေကို လျော့နည်းစေတာ အမှန်ဖြစ်ပါတယ်။
1. Pap Smear (ပက် စမီးယား) သားအိမ်အဝ ကင်ဆာစစ်ဆေးနည်း၊
2. HIV (အိတ်ခ်ျအိုင်ဗွီ)၊
3. Hepatitis B အသဲရောင် (ဘီ)၊
4. VDRL ဆစ်ဖလစ်၊
5. Vaginal tests for GC and Chlamydia (ဂိုနိုရီးယား) နဲ့ (ကလာမိုင်းဒီးယား) လိင်ကတဆင့်ကူးစက်ရောဂါ၊
6. Rh both partner's blood (အာရ်အိတ်ခ်ျ) သွေးအုပ်စု၊
7. TSH လည်ပင်းကြီးဟော်မုန်း၊
8. Rubella titers (ရူဘဲလား) ဂျာမန် ဝက်သက်၊
9. Herpes ရေယုံ၊
10. Hepatitis A အသဲရောင် (အေ)၊
11. Chickenpox titers ရေကျောက်၊
12. Fertility tests ကလေးမရနိုင်သေးတဲ့အတွဲကို စစ်ဆေးနည်းတွေ -
a. Ovulation with the basal body temperature curve မျိုးဥထွက်-မထွက် မနက်အိပ်ယာထ ကိုယ်ပူချိန် တိုင်းတာနည်း၊ ဒိထက်တိကျတဲ့ Ovulation prediction test kits ကိရိယာနဲ့ စမ်းနည်းလဲရှိတယ်။
b. Sperm analysis ယောက်ျားသုက်ပိုး အရေအတွက်နဲ့ အရည်အသွေးစစ်ဆေးခြင်း၊
c. Postcoital test မျိုးဥထွက်ချိန်မှာ (ဒိအရင်က ၃ ရက်လောက် အတူမနေကြဘဲ) အတူနေပြီး ၄-၆ နာရီအကြာမှာ သားအိမ်အဝအချွဲကို စစ်ဆေးတယ်။
d. Cycle Day 3 tests if problems with TTC ၃ ရက်မြောက်နေ့စစ်ဆေးနည်း၊
13. Parvovirus B-19 (Fifth Disease) titers ရှားပါးစစ်ဆေးနည်း၊
14. Cytomegalovirus titers ရှားပါးစစ်ဆေးနည်း၊
15. Toxoplasmosis titers ရှားပါးစစ်ဆေးနည်း၊
16. CBC and hemoglobinelectophoresis ရှားပါးစစ်ဆေးနည်း၊
17. Genetic screening: Sickle Screen, Thalassemia Screen, Jewish Genetic Diseases မျိုးဗီဇဆိုင်ရာ စစ်ဆေးနည်းများ။
ဒေါက်တာတင့်ဆွေ
၁၁-၃-၂ဝ၁၄