ရှုမျှော်ခင်း ရိုက်ကူးသည့် Hyperfocal Distance Focusing

(Hyperfocal Distance Focusing)

စကားဦး

ရှုမျှော် ခင်း များရိုက် ကူးရာ တွင် အနုပညာ မြောက် စွာ ဖွဲ့ စည်းသည့် ဖန်တည်း မှု နှင့် ပုံ၏ အရှေ့ပိုင်း မှ နေက်ဆုံးအထိ အားလုံးသော အရာ များ ပြတ်သား စွာပေါ် လွင် အာင် Focus ဖမ်းသည့် နည်း စနစ် ပိုင်း ဟူ ၍ နှစ်မျိုး ရှိသည်ဟု ယူဆပါသည်။

Landscape Photography မှတ်စု လေး တစ်ခု ရေးရန် စိတ်ကူ ခဲ့ စဉ် တွင် မူလက အလွယ် တွေ့ လိုက်သည့် Landscape Photography Tip လောက်ကိုသာ ဘာသာပြန် လိုက် မည် ဟု စိတ်ကူးခဲ့ သော်လည်း လေ့လာရင် လေ့လာရင်း အဆိုပါ ရိုက်ကူး နည်းတွင် အဓိကဖြစ်သည့် Hyperfocal Distance Focusing အကြောင်း ကို ရှင်းရန် လိုလာပါသည်။

ကျွန်တော် ကိုယ် တိုင်က အတော် တိတိ ကျကျ သိမှသာ ပြန် လည်ရှင်းလင်း ရေးသား နိုင်မည် ဖြစ်သည့် အတွက် Hyperfocal Distance ဆိုင်ရာ ဆောင်းပါး များစွာကို ဖတ်ရပါသည်။ အချို့ သော ပုံသေ နည်း များကို ပြန် တွက်ချက် ရပါသည်။ ဆောင်းပါး တွင် ပြ ထားသည့် ပုံ များသည် သာမန် အားဖြင့် နားလည် ရန် ခက် နေသဖြင့် ကြည့် လိုက် လျှင် ရှင်းလင်း နေစေရန် တွက် ချက် ထားသည့် ကိန်း များကို ပြန် ထည့် ခြင်း ၊ ပြန်လည် ပြင်ဆင် ဖြည့် စွက် ခြင်း များ ပြုလုပ် ရပါသည်။

Landscape Photography ဆိုင်ရာ နှင့် ပတ်သက်၍မူ အနုပညာ ဖန် တည်း မှု မှာ ခံ စား ဖန်တည်း နိုင်သလောက် ဖန် တည်း နိုင်မည် ဖြစ်ပါသည်။ Landscape Photography ပညာ ရှင် များ အနေနှင့် မူ ရေး ၍ မကုန် နိုင်သည့်ဘာသာရပ် တစ်ခု ဖြစ်ပါ လိမ့် မည်။ ကျွန် တော့် အနေ နှင့်မူ လေ့ လာ လိုက် ပြန် မျှဝေ လိုက် လုပ်နေသည့် အဆင့် သာ ဖြစ်သဖြင့် ပညာရှင် များကဲ့ သို့အကျယ် ရေး နိုင် ခြင်း မရှိပါ။

ထို့ကြောင့် ဆောင်း ပါး ရှင် Jeffy Meyer, Ricardo Cunha နှင့် Darren Rowse တို့ ရေးသား ထားသည့် Landscape Photography ဆိုင်ရာ အကြောင်း အရာ များ အနက် အရေးကြီးသည့် အခြေ ခံ အချက် လောက် ကိုသာ အားလုံး ပေါင်း ခြုံ ကာ ဆီလျှော် သကဲ့ သို့ ဘာသာပြန် ခြင်း ဖြစ်ပါသည်။

Hyperfocal Distance ဆိုင်ရာ နှင့်ပတ်သက်၍ မူ ဖတ်မှတ် ထားသည် များကို ကျွန် တော် နား လည် သလို ပြန် လည် ရှင်းပြုခြင်း ဖြစ် ပါသည်။

Landscape Photography ရိုက်ကူးသည့် နည်းစနစ် ပိုင်း တွင့် Hyperfocal Distance မှာ ရူပဗေဒ နှင့် သင်္ချာ ဆန် နေသည့် အတွက် အနုပညာ ဖန်တည်း မှု အပိုင်း နှင့် မရော ဘဲ အပိုင်း-(၁) အဖြစ် လည်းကောင်း ရှုမျှော်ခင်း များ ရိုက်ကူး သည့် ဖန်တည်း မှု အပိုင်း ကို အပိုင်း - (၂ ) အဖြစ် လည်းကောင်း ခွဲ ကာ ရေးသား ထားပါသည် ။

ဤမှတ် စု အတွင်း တွင် ဖေါ်ပြ ထားသည့် ပုံ များ မှာ ဆောင်းပါး များ အတွင်း မှ ပုံ များကို ပင် ပြန် လည် ဖေါ်ပြ ထားခြင်း ဖြစ်ပါသည်။ Hyperfocal Distance ဆိုင်ရာ Diagram ပုံ အများ စု ကိုမူ ကျွန်တော် ပြန်လည် ဖြည့် စွက် ပြင်ထားကြောင်း ဖေါ်ပြ အပ်ပါသည်။

Depth of Field ( DOF)

ရှုမျှော် ခင်း များရိုက် ကူးရာ တွင် ယေဘူယျ အားဖြင့် ပုံ ၏ ရှေ့ ပိုင်း Foreground မှ နောက်ပိုင်း Background အဆုံး အထိ အားလုံး ပြတ်သားရန် လိုပါသည်။ ဤ ကဲ့ သို့် ပြတ်သား မှု ရရှိရန် Hyperfocal Distance တွင် Focus ဖမ်း ရမည် ဖြစ်ပါသည်။

Hyperfocal Distance အကြောင်း မဖေါ်ပြမှီ ယင်း၏ အခြေ ခံ ဖြစ်သော ပြတ်သား မှု ဧရိယာ ( Depth of Field ) နှင့်ပတ်သက် ၍ အကျဉ်း ဖေါ် ရန် လိုမည်ဟု ယူဆ သဖြင့် Depth of Field ကို ကနဦး ဖေါ်ပြ ရခြင်း ဖြစ်ပါသည်။

သာမန် အား ဖြင့် Fepth of Field ၏ ပြတ် သား မှု ဧရိယာ သည် Focus လုပ် ထားသည့် Plane of focus ၏ ရှေ့ ( Front) တွင် ( ကင်မရာ မှ Plane of Focus ၏ အကွာ အဝေး -Point -1 to 2 ၏ ) သုံးပုံ တစ်ပုံ နှင့် Plane of Focus ၏ နောက် ( Behind ) တွင် သုံးပုံ နှစ် ပုံ သော နေရာ များ တွင် ပြတ်သား ပါမည်။

ဥပမာ အားဖြင့် အောက်ပါ ပုံ ကို ကြည့်ပါ။ ကင်မရာ မှ Plane of focus အကွာ အဝေး ( Point -1 to -2 ) သည် ( ၉ ပေ) ရှိသည် ဆိုပါလျှင် ပြတ် သားမှု (DOF ) သည် Plane of Focus ၏ ရှေ့ တွင် ၉ ပေ ၏ သုံးပုံ တစ်ပုံ ဖြစ်သည့် ( 9/3 x 1 = 3) ၃ ပေ ရှိမည် ဖြစ်ပြီး နောက် တွင်မူ ၉ ပေ ၏ သုံးပုံ နှစ်ပုံ ဖြစ်သည့် ( 9/3 x 2 = 6 ) ၆ ပေ ပြတ်သား ပါမည်။


အဆိုပါ ဧရိယာ များ ၏ ရှေ့ ဖြစ် သော Near acceptable Limit နှင့် နောက် နေရာ ဖြစ်သည့် Far acceptable Limit နေရာ များတွင်မူ ပြတ် သားမှု လျှော့ ကျသွား ပါ လိမ့် မည်။

အဆိုပါ ပြတ်သား မှု DOF ဧရိယာ အကျဉ်း အကျယ် ( Shallow and Deep Depth of Field ) သည် ယေဘူ အားဖြင့် Aperture အကျဉ်း အကျယ် နှင့် Focal Length အတို အရှည် ၊ Subject နှင့် ကင်မရာ အဝေး အနီး အပေါ် တွင် တည် ပါသည်။

အောက်ပါ နမူနာ ပုံ များ မှာ Aperture အကျဉ်း အကျယ် ကို လိုက်ကာ ပြောင်းလဲ လာသည့် DOF အထူ အပါး ဖြစ်ပါသည်။





အောက်ပါ ပုံ များ မှာ မူ Focal Length အတို အရှည် ကို လိုက်ကာ ပြောင်း လဲ လာသည့် DOF အထူ အပါး နမူ နာ ပုံ များ ဖြစ်ပါသည်။



အထက်ပါ ပုံ တွင် Focal Length ရှည် လာလျှင် DOF ပါး လာသည်ကို နမူ နာ ပြ ထား ခြင်း ဖြစ်ပါသည်။

အောက်ပါ ပုံ မှာ မူ Focal Length အတို အရှည် ကို လိုက်ကာ DOF အထူ အပါး ပြောင်း လာ သည့် နမူ နာ ပုံ ဖြစ်ပါသည်။ Focal Length 180mm တွင် DOF ပါး ၍ Focal Length 60 mm တွင်မူ DOF ထူ လာသည် ကို တွေ့ နိုင်ပါသည်။


ဤ ကဲ့ သို့ Focus ဖမ်း ကာ ရိုက် ခြင်းသည် ပြတ်သား မှု ဧရိယာ ကို ကင်မရာ နှင့် Lens တို့ ပေးသလောက်သော DOF ဖြင့် သာမန် ရိုက်ခြင်းသာ ဖြစ်ပါသည်။

သို့ ရာ တွင် ရှုမျှော်ခင်း ( Landscape ) ရိုက်ရာ တွင်မူ အများ အား ဖြင့် ပုံ အတွင်း ရှိ ဧရိယာ အားလုံး ပြတ်သား ရန် လိုပါသည်။

ဤ ကဲ့ သို့ ပြတ်သား မှု မျိုး အတွက် ကို Focus ဖမ်း ရာတွင် မူ သာမန် မဟုတ် ဘဲ Hyperfocal Distance ဟု ခေါ်သည့် ရှု ခင်း ပုံ၏ ရှေ့ ပိုင်း မှ နောက်ပိုင်း အဆုံးသော မိုးကုတ် စက် ၀ိုင်း အထိ ပြတ်သား သည့် နေရာ တွင် Focus ဖမ်းရ မည် ဖြစ်ပါသည်။

Hyperfocal Distance

ပုံ ၏ ရှေ့ ပိုင်းမှ နောက် ဆုံး မိုးကုတ် စက်ဝိုင်း အထိ ပြတ်သား သည့် Hyperfocal Distance ဆို သည့် Focus ဖမ်း သည့် နမူ နာ ကို အောက်ပါ ပုံ တွင် ကြည့် နိုင်ပါသည်။



ပုံ ၏ အမှတ် (၁) နေရာ ဖြစ်သော Background မျှော်စင် ကို Focus ဖမ်း မည် ဆိုပါက ပုံ (၁) တွင် အကြီးချဲ့ ပြ ထားသကဲ့ သို့ Background မျှော်စင် သာ ပြတ်သား ပြီး ရှေ့ ပိုင်း ( Foregriund ) ၀ါး နေပါ လိမ့် မည်။

အကယ်၍ အမှတ် (၂ ) နေရာ ဖြစ်သည့် ရှေ့ ပိုင်း Foreground ကို Focus ဖမ်းမည် ဆိုပါ က Background ဖြစ်သော မျှော်စင် ၀ါး နေကာ ရှေ့ ပိုင်း Foreground ကျောက်ပြား များ သာ ပြတ်သားနေပါမည်။

အကယ်၍ အမှတ် (၃ ) နေရာ ကို Focus ဖမ်း လျှင် မူ ရှေ့ ပိုင်း ဖြစ်သော ကျောက်ပြားတွေ ရော နောက် ပိုင်း ဖြစ်သော မျှော်စင် ပါ ပြတ်သားနေပါ မည်။ ဤ ကဲ့ သို့ ရှေ့ နောက် အာလုံး ပြတ် သား နေသည့် Focus ဖမ်း သည့် နေရာ နှင့် ကင်မရာ အကာ အဝေး ကို Hyperfocal Distance ဟု ခေါ်ပါသည်။



အထက် ပါပုံ တွင် (A) နေရာ focus ဖမ်း ပါက အထက် တွင် အသေးစိတ် ရှင်း ထားသကဲ့ သို့ သာမန် DOF အဖြစ် Plane of Focus ၏ ရှေ့ သုံး ပုံ တစ်ပုံ (1/3 ) နှင့် နောက် သုံးပုံ နှစ်ပုံ ( 2/3) နေရာ များသာ ပြတ်သား ပါလိမ့် မည်။

အကယ် ၍ အောက် ပါ ပုံ တွင် ပြ ထားသကဲ့ သို့ Focus ဖမ်း ခြင်း ကို ( A) နေရာ မှ ( B ) နေရာ သို့ ပြောင်း လိုက် ပါမူ Hyperfocal Distance ဖြစ်လာပါမည်။


Hyperfocal Distance ၏ပြတ်သား မှု ဧရိယာ မှာ မူ အောက် တွင် ပြထားသည့် ပုံ ကဲ့ သို့ ကင်မရာ မှ Plane of Focus အကွာ အဝေး ကို ထက်ဝက် ပိုင်း လိုက်ပါက ကင်မရာ ရှေ့ ပိုင်း ၏ တစ်ဝက် သည် ပြတ်သား မှု မရှိဘဲ ကျန် တစ် ၀က် မှ နေ၍ Infinity အထိ မှာ မူ လက်ခံ နိုင် လောက်သည့် ပြတ်သား မှု ( Acceptable Sharpness ) ရ မည် ဖြစ်ပါသည်။


နမူ နာ ပြထားသည့် အောက် ပါပုံ ကို ကြည့် လျှင် ကင်မရာ မှ Plane of Focus သည် (10.2 meter ) ရှိပါသည်။ ထို အကွာ အဝေး၏ တစ်ဝက် ဖြစ်သည့် ကင်မရာ ရှေ့ မှ အမှတ် (A) အထိ ( 5.1 m) သည် ၀ါး နေမည် ဖြစ်ပြီး ကျန် တစ်ဝက် ဖြစ်သည့် အမှတ် (A) မှ Plane of Focus အကွာ အဝေး အထိ ဖြစ်သော ( 5.1 m ) နှင့် ပုံ၏ အဆုံး Infinity နေရာ များသည် လက်ခံ နိုင် လောက်သည့် ပြတ်သား မှု ( Acceptable Sharpness ) ရ မည် ဖြစ်ပါသည်။


အထက်ပါ ပုံ တွင် Hyperfocal Distance ကို တွက် သည့် Formula သည် ( Focal Length X Focal Length ) / ( f- Stop X Circle of Confusion) + Focal Length ဖြစ်စေကာမူ ( + Focal Length ) မပါ ဘဲ တွက် ထားသည့် နည်း ဖြစ်ပါသည်။

အချို့ က ဤ ကဲ့ သို့ ( + Focal Length ) ထည့် မတွက် ခြင်း မှာ Hyperfocal Distance တွက်ချက်ရာ တွင် Focal Length (F) သည် f-Stop လောက် အဓိက မကျ သည့် အတွက် ကြောင့် ဖြစ်သည် ဟု သိရပါသည်။

အချုပ် အား ဖြင့် ဆိုရ သော် Hyperfocal Distance ၏ ပြတ်သား မှု ဧရိယာ မှာ သာမန် DOF ကဲ့ သို့ ပြတ်သား မှု ဧရိယာ ၏ အဆုံး ကို ကန့်သတ် ထားခြင်း မရှိဘဲ ကင်မရာ မှ Focus ဖမ်း ရာ Plane of Focus အကွာအဝေး ၏ ထက်ဝက် အကွာ အဝေး မှ Infinity အထိ ပြတ်သား သည့် Focus ဖမ်း နည်း ဖြစ်ပါသည်။

သို့ ရာ တွင် Hyperfocal Distance ၏ ပြတ် သား မှု ဧရိယာ မှာ မူ ပုံသေ ဟု ဆို၍ မရဘဲ အောက်ပါ အချက် များပေါ် တည်နေပါသည် -

1- Camera Aperture value,

2- Lens focal length and

3- Subject distance.

အောက် ပါ အမူနာ ပုံ ကို ကြည့်ပါက Aperture နှင့် Focal Length တို့ ကြောင့် ပြတ်သား မှု ဧရိယာ အထူ အပါး ပြောင်း လဲ မှု နှင့် Hyperfocsl Distance ဖြစ်ပေါ် လာ သည် များ ကို တွေ့ နိုင်ပါသည်။



Focal Length 35 mm ခြင်း တူစေကာမူ Apeture ကျယ် သည့် f -2 ဖြင့် ရိုက် ရာ တွင် ပြတ်သား မှု ဧရိယာ ( A to B ) သည် ကျဉ်း နေကာ Aperture ကျဉ်း သည့် f – 22 ဖြင့် ရိုက် ရာ တွင်မူ ပြတ်သား မှု ဧရိယာ ( G to H ) သည် အမှတ် (G) မှ Infinity အထိ ပြတ်သားသော Hyperfocal Distance ကို ရ လာသည် ကို မြင်နိုင်ပါသည်။

Focal Length ကို 35mm မှ 135 mm သို့ ပြောင်း လိုက်ရာ တွင် Tele Lens သည် မြင်ကွင်း ကို ဆွဲ ကျုံ့ လိုက် သည့်အတွက် ပြတ်သား မှု ဧရိယာ သည် Wide Angle 35 mm နှင့် နှိုင်းယှဉ် လျှင် ဧရိယာ ပမာဏ ပို နည်း လာသည် ကို တွေ့ ရ ပါမည်။

35mm, f-2 ဖြင့် ရိုက်၍ ရရှိသည့် ပြတ်သား မှု ဧရိယာသည် 135 mm, f-2 ဖြင့် ရိုက်သည့် ဧရိယာ ထက် ပို များပါသည်။

ထို့ အတူပင် 135 mm , f-22 ဖြင့် ရိုက် ၍ ရသည့် ပြတ်သား မှု ဧရိယာ သည် 35mm, f-22 ဖြင့် ရိုက်သည့် ဧရိယာ ထက် အနည်းငယ် လျှာ့ နေသည် ကို တွေ့ နိုင်ပါသည်။

Wide Angle ဖြင့် ရိုက်သည့် ပုံ၏ ပြတ်သား မှု ဧရိယာသည် Tele ဖြင့် ရိုက်သည်ထက် ပို ကျယ် သည်ကို တွေ့ ရပါသည်။

အောက်ပါ ပုံ မှာ မူ Aperture ကို f- 16 တွင် ပုံသေ ထားကာ ကင်မရာ နှင့် Subject တို့၏ အကွာ အဝေး နှင့် Focal Length တို့ ကို ပြောင်း ခြင်း အားဖြင့် ဖြစ်ပေါ် လာသည့် Hyperfocal Distance ၏ ပြတ်သား မှု ဧရိယာ ကို ပြ သော ပုံ ဖြစ်ပါသည်။



ပထမ ပုံကို 24 mm, f-16 ဖြင့် ရိုက် ထား ပါသည်။ Focus ဖမ်းသည့် Hyperfocal Distance နေရာ ဖြစ်သော အမှတ် (1) နေရာ မှ ကင်မရာ ၏ အကွာ အဝေးသည် 4-ft ( 1.2 m) ဖြစ်ပါသည်။ ထို့ကြောင့် ယင်း ၏ ထက်ဝက် အကွာ အဝေး ဖြစ်သည့် 2-ft ( 0.6 m ) ဖြစ်သော အမှတ် ( 1A ) နေရာ မှ Infinity အထိ ( အစိမ်းရောင် ဧရိယာ ) အတွင်း ပြတ်သား မည် ဖြစ်ပါသည်။

ဒုတိယ ပုံကို 50 mm, f-16 ဖြင့် ရိုက် ထား ပါသည်။ Focus ဖမ်းသည့် Hyperfocal Distance နေရာ ဖြစ်သော အမှတ် (2) နေရာ မှ ကင်မရာ ၏ အကွာ အဝေးသည် 17-ft ( 5 m) ဖြစ်ပါသည်။ ထို့ကြောင့် ယင်း ၏ ထက်ဝက် အကွာ အဝေး ဖြစ် သည့် 8.6-ft ( 2.6 m ) ဖြစ်သော အမှတ် ( 2A ) နေရာ မှ Infinity အထိ ( အပြာ ရောင် ဧရိယာ အတွင်း ) ပြတ်သား မည် ဖြစ်ပါသည်။

တတိယ ပုံကို 200 mm, f-16 ဖြင့် ရိုက် ထား ပါသည်။ Focus ဖမ်းသည့် Hyperfocal Distance နေရာ ဖြစ်သော အမှတ် (3) နေရာ မှ ကင်မရာ ၏ အကွာ အဝေးသည် 274-ft ( 83 m) ဖြစ်ပါသည်။ ထို့ကြောင့် ယင်း ၏ ထက်ဝက် အကွာ အဝေး ဖြစ်သည့် 137-ft ( 42 m ) ဖြစ်သော အမှတ် ( 3A ) နေရာ မှ Infinity အထိ ( အနီိ ရောင် ဧရိယာ အတွင်း ) ပြတ်သား မည် ဖြစ်ပါသည်။

Wide Angle ဖြင့် Hyperfocal Distance ကို ဖမ်းကာ ရိုက်သည့် ပုံ၏ ပြတ်သား မှု သည် Focal Length အရှည် ဖြင့် ရိုက်သည် ထက် များသည် ကိုတွေ့နိုင်ပါသည်။

အထက်ပါ နမူ နာများ မှာ Hyperfocal Distance သည် Aperture, Focal Length, Subject Distance တို့ အပေါ် တည်ကာ ပြောင်း လဲ ခြင်း ဖြစ်ပါသည်။

Hyperfocal Distance ကို မည် သို့ ချိန်ဆ မည်နည်း။

ပုံ ၏ ရှေ့ ပိုင်းမှ နောက် ဆုံး အထိ ပြတ်သား သည့် Hyperfocal Distance ဖြင့် focus ဖမ်း ရာ တွင် မူ အထက် တွင် ဖေါ်ပြ ထားသကဲ့ သို့ ကင်မရာ နှင့် Focus ဖမ်းရာ နေရာ အနီး အဝေး ကို လိုက်ကာ ပြတ်သား မှု ဧရိယာ ပြောင်း သွားပါလိမ့် မည်။ ရှေ့ ကို အနည်းငယ် မျှ တိုး လိုက်လျှင် Background ပြတ်သား မှု အ တန်ငယ် လျှော့ လာ မည် ဖြစ်ပါသည်။ နောက် သို့ အနည်း ငယ်မျှ ဆုတ် လိုက်ပါလျှင် ရှေ့ ပိုင်း ၏ပြတ်သားမှု လျှော့ လာပါမည်။

Theory သဘော အရ မိမိ လိုအပ်သော Hyperfocal Distance ကို သိရှိနိုင်ရန် တွက် ယူ သည့် ပုံသေနည်း မှာ -

ဖြစ်ပါသည်။ အထက် တွင် ဖေါ်ပြ ခဲ့ သကဲ့ သို့ အချို့ သော အယူ အဆ မှာ မူ Hyperfocal Distance ကို လက်တွေ့ ရ နိုင်သည့် အခြေ အနေ တွင် Focal Length သည် f- Stop လောက် အရာ ရောက် မှု မရှိသည့် အတွက် ဟု ဆိုကာ ( + F ) ကို ထည့် မတွက် သည်ကို လည်း တွေ့ ရပါသည်။

ဥပမာ အား ဖြင့် Hyperfocal Distance အတွက် Focus ဖမ်းရာ တွင်-

- Focal Length - 35mm,

- Aperture - f – 11

- Camera Circle of Confusion - 0.03

ဖြစ်ပါလျှင် -


အဆိုပါ Setting ဖြင့် ဖမ်းရမည့် နေရာ မှာ ကင်မရာ မှ Plane of Focus အကွာ အဝေး ( Hyperfocal Distance ) သည် 3.747 m ( မီတာ) ဖြစ်ပါမည်။ အထက်ပါ Setting ဖြင့် 3.747m တွင် Focus ဖမ်းပါက ကင်မရာ ၏ 1.87 m ( 3.747/2 = 1.87 m ) Half of Hyperfocal Distance နေရာ အကွာ အဝေး မှ Infinity အထိ ပြတ် သား မည် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

အထက်ပါ Formula တွင် ( + F ) ကို မထည့် ဘဲ အောက်ပါ Formula အတိုင်း တွက်လျှင် Hyperfocal Distance သည် 3.71m ဖြစ်ပါသည်။ (+F) ထည့် တွက် ခြင်း နှင့် ကွာခြား မှု သည် ( 0.03 m) သာဖြစ်ပါသည်။


Circle of Confusion သည် ကင်မရာ အလိုက် သီးခြားစီ ရှိသော ကိန်းသေ ဖြစ်ပါသည်။ နမူနာ အဖြစ် အောက် တွင် ကင်မရာ အချို့၏ Camera Circle of Confusion ကို ဖေါ်ပြ ပါမည်။

Canon

Camera Model Circle of Confusion
Canon
1D X
0.030
Canon
5D
0.030
Canon
5D Mark II
0.030



Canon
Digital Rebel XT / 350D
0.019
Canon
Digital Rebel XTi / 400D
0.019
Canon
Digital Rebel XSi / 450D
0.019
Canon
PowerShot A10
0.005
Canon
PowerShot A20
0.005
Nikon
Nikon
D3
0.030
Nikon
D3x
0.030
Nikon
D3s
0.030
Nikon
D4
0.030
Nikon
D5000
0.020
Nikon
D5100
0.020
Nikon
D7000
0.020
Olympus
Olympus
AZ-1
0.005
Olympus
Brio D-230
0.005
Olympus
C-160
0.004
Olympus
C-2500L
0.008
Olympus
C-3020
0.006

ကင်မရာ အမျိုးအစား ပေါင်း မြောက် များစွာတွင် ကင်မရာ အလိုက် သက်ဆိုင် အမျိုး အစား အလိုက် Circle of Confusion ကိန်းသေ ပေါင်း များစွာ ရှိပါသည်။ Unit မှာ Millimeter (mm) ဖြစ်ပါသည်။

Circle of Confusion ကို အကြမ်း ဖေါ်ပြ ရပါလျှင်-

The Circle of confusion size

Full Frame Camera (sensor size of 36 X 24mm) = 0.03mm
Sensor with 1.3 times crop factor of Full Frame = 0.023
Sensor with 1.6 times crop factor of Full Frame = 0.019mm

အောက် ပါ ဇယား မှာ အသင့် တွက်ချက်ပြီးသား Hyperfocal Distance Table ဖြစ်ပါသည်။



အထက်ပါ အသင့်တွက်ချက် ထားသည့် Hyperfocsl Distance ဇယား ကို ကြည့်ပါက

အထက် ပါ ဇယား ၏ Full Frame Camera Setting တွင် Focal Length – 50mm, Aperture ကျယ်ကျယ် f-5.6 ဖြင့် ရိုက်ပါက Hyperfocal Distance အတွက် Focus ဖမ်းရ မည့် ကင်မရာ နှင့် Plane of Focus ၏ အကွာ အဝေးသည် 48 ft ဖြစ်သည် ကို တွေ့ ရ ပါမည်။

ပြတ်သားမည့် ဧရိယာ မှာ Hyperfocal Distance 48-ft ၏ ထက်ဝက် ဖြစ်သော ( 24-ft ) အမှတ် ( A) နေရာ မှ Infinity အထိ ပြတ်သား မည် ဖြစ်ပါသည်။

အောက် ပါ နမူနာ ပုံ ကို ကြည့်က ပို ရှင်းပါမည်။


အဆိုပါ ဇယား၏ Full Frame Camera Setting တွင်ပင် Focal Length – 50mm, Aperture ကျဉ်းကျဉ်း f-22 ဖြင့် ရိုက်ပါမူ Hyperfocal Distance အတွက် Focus ဖမ်းရ မည့် ကင်မရာ နှင့် Plane of Focus ၏ အကွာ အဝေးသည် 12- ft ဖြစ်လာပါသည်။

ပြတ်သားမည့် ဧရိယာ မှာ Hyperfocal Distance 12-ft ၏ ထက်ဝက် ဖြစ်သော ( 6-ft ) အမှတ် ( A) နေရာ မှ Infinity အထိ ပြတ်သား မည် ဖြစ်ပါသည်။ အောက်ပါ နမူနာ ပုံ ကို ကြည့်ပါရန်။


Aperture f-22 ဖြင့် ရိုက် သဖြင့် ဖြစ်ပေါ်လာသည့် ပြတ်သားသည့် ဧရိယာ သည် f-5.6 ဖြင့် ရိုက်သဖြင့် ဖြစ်ပေါ် လာသည့် ဧရိယာ ထက် များသည်ကို တွေ့ နိုင်ပါသည်။

အထက် ပါ ဖေါ်ပြ ချက် မှာ Hyperfocal Distance ကို မည်ကဲ့ သို့ တွက် သည် ဆိုသည့် Theory သဘော ဖြစ်ပါသည်။ လက်တွေ့ တွင် ရိုက် ကွင်း အတွင်း စာရွက် ပေါ် ချတွက် ကာ ပေကြိုး ဆွဲ တိုင်း ပြီးမှ Focus ဖမ်း မည့် သူ ရှား ပါ လိမ့် မည်။ ထို့ ကြောင့် Hyperfocal Distance ရ ရန် အတွက် အောက် ပါအတိုင်းဆောင်ရွက် သင့်ကြောင်း ကျွမ်း ကျင် သူ များရေးသား ထားသည်ကို လေ့လာမိပါသည်။

ပုံတွင် မိမိ လို အပ်သော ရှေ့ ပိုင်း ပါနေစေရန် အတွက် အထက်ပါ နည်း များအရ တွက်ဆ ကာ ရှခင်း အတွင်း ရှိ သင့် တော်သည့် နေရာ ကို Manual ဖြင့် Focus ဖမ်းပါ။ အထက်ပါ နည်း များအရ တွက်ဆ ကာ ဟုဆိုရ ခြင်း မှာ f- Stop ကို f-11, f-16, f-22 စသည်ကဲ့ သို့ ကျဉ်း ထားကာ ကင်မရာ မှ Plane of Focus အကွာ အဝေး၏ ထက်ဝက် နေရာ အတွင် မိမိ ပါ လိုသည့် Subject ကို Foreground အတွင်း ပြတ် သား နေစေရန် ချိန်ဆ ခြင်း ကို ဆိုလိုပါသည်။

Manual ဖြင့် Focus မဖမ်း ဘဲ Auto ဖြင့် ဖမ်း ပါက မိမိ လိုသည့် နေရာ ကို Focus မထောက် မိ နိုင် သည့် အဖြစ် မျိုး ရှိနိုင်၍ ဖြစ်ပါသည်။

ထို့ နောက် Live View မှ နေ၍ Background ကို ကြည့် ပါ။ Foreground ကို လည်း ကြည့် ပါ။ မည် မျှ ပြတ်သားမှု ရှိသည် ကို အကြီးချဲ့ ကြည့်ပါ။ လို အပ် သလောက် ပြတ် သား မှု မရှိပါက Plane of Focus ကို လို အပ် သလို ရှေ့ တိုးနောက် ဆုတ် လုပ်ကြည့်ပါ။ ကြေ နပ် သည့် အခြေ အနေ တွင် ရိုက်ပါ စသည် ဖြင့် ရေးသား အကြံပြု ထားသည် ကိုတွေ့ ရပါသည်။

Diffraction of Light

Aperture ကျဉ်း လျှင် Depth of Field ထူ လာသည် ဟု ဆို သော် လည်း f-22 ကဲ့သို့ အလွန် ကျဉ်း လာပါ က အလင်းသည် ကျဉ်း လှသည့် အပေါက် အတွင်း တိုးဝင် ရသဖြင့် Diffraction of Light ဖြစ်လာကာ အလင်း ကွေး လာအဖြင့် ပုံ ၏ ပြတ်သား မှု လျှော့ လာပါသည်။

အောက်ပါ ပုံ မှာ အပေါက် ကျယ်ကျယ် ကို ဖြတ်၍ ၀င်လာသည့် အလင်း ၏ ကွေး ညွှတ် မှု သည် နည်း၍ အပေါက် ကျဉ်းကျဉ်း ကို ဖြတ်၍ တို့ ဝှေ့ ၀င်လာရ သည် အလင်း ၏ ကွေး ညွှတ်မှု သည် ပို များလာသည် ကို နမူ နာပြခြင်း ဖြစ်ပါသည်။



f-11 အထိလောက် အထိ မထောင်း တာလှသေည်လည်း f-16 လောက်မှ စကာ ပြတ်သား မှု စတင်လျှော့ လာရာ f-22, f-32, f-36 တို့ တွင် အတော် ဆိုး လာသည်ကို အောက်ပါ အမူ နာပုံ တွင် ကြည့် နိုင်ပါသည်။



ထို့ကြောင့် Aperture ကို ကျဉ်း ရာ တွင် တန်ဆေး ၊ လွန် ဘေး ဆိုသည့် အတိုင်း Diffraction ကိုထည့် တွက် ရမည် ကို သတိပြု ရပါမည်။

အပိုင်း -(၂) တွင် Landscape Photographyနှင့်ပတ်သက်သည့် ဖွဲ့စည်းပုံ ( Composition ) ဆိုင်ရာ များ၊ အယူအဆများ ၊ လိုက်နာဆောင်ရွက် သင့်သည့် အချက် များကို ဆက်လက် ဖေါ်ပြ ပါမည်။

Credit: ဆရာဦးစိုးလှိုင် (Country Road)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...