" ငါးဖယ်ဆုပ်ဟင်း"
***... ငါးဖယ်ဆုပ်ဟင်း ချက်ရန် လိုအပ် တာလေးတွေ…
1. ငါးဖယ်ခြစ် – 500 g (၃၂ ကျပ်ခွဲသား)
2. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (1 tsp)
3. garlic powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (1 tsp) (သို့) ကြက်သွန်ဖြူ ၅ တက်
4. ginger powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (2 tsp) (သို့) လက်မအရွယ်ခန့် ဂျင်း
5. ဆီ – 1/3 cup (80 ml)
6. ပါးပါးသေးသေးလှီးထားသော ကြက်သွန်နီ – 1 cup (250 ml) ခန့်
7. ငါးငံပြာရည် – 1/4 cup (60 ml)
8. ခရမ်းချဉ်သီး – 2 cups (500 ml) ခန့် ( နူးအောင်ပြုတ်ကာ အခွံခွါထားပါ။)
9. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
10. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
11. ငါးမဆလာ (fish curry powder) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
12. ရေနွေး – 1 1/4 cups (310 ml)
13. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
14. ၁ လက်မအရှည်ခန့် လှီးထားသော နံနံပင် – လက်တစ်ဆုပ်စာခန့်
15. ၂ ခြမ်းကွဲ လှီးထားသော ငရုတ်သီးစိမ်း – ၅ တောင့်
#. ငါးဖယ်ခြစ်၊ chicken powder (1 tsp)၊ garlic powder (1 tsp) နှင့် ginger powder (2 tsp) တို့ကို ရောပြီး ငါးဖယ်ခြစ် မာပြီးကျစ်လာအောင်ထောင်းပါ။
#. မာပြီးကျစ်လာလျှင် လက်ကိုရေဆွတ်ပြီး ထမင်းစားဇွန်း ၁ ဇွန်းခွဲစာခန့် မိမိနှစ်သက်ရာပုံလုပ်ပါ။
#. ဆီပူထဲထည့်ကာ အပြင်သားတင်းကာ ရွှေဝါရောင်ဖြစ်ရုံကြော်ပြီး ဆီစစ်ဆယ်ထုတ်ထားပါ။ (အရမ်းကျက်အောင်ကြော်ပါက ချက်သောအခါ ကျစ်သွားတတ်ပါတယ်။)
#. ဆီပူထဲ ထည့်ကြော်ထားသော ကြက်သွန်များ ရွှေဝါညိုရောင်ပြောင်းလာလျှင် ငါးငံပြာရည်ထည့်ကာ စက္ကန့် ၃၀ ခန့်မွှေကြော်ပေးပါ။
#. ပြီးလျှင် ပြုတ်ပြီးအခွံခွါထားသော ခရမ်းချဉ်သီးများထည့်ကာ ကြေသွားအောင် မွှေကြော်ပေးပါ။
#. ခရမ်းချဉ်သီးကြေလျှင် အရောင်တင်မှုန့် ၊ နနွင်းမှုန့် နှင့် ငါးမဆလာထည့်ကာ စက္ကန့်အနည်း ငယ်မွှေကြော်ပါ။
#. ရေနွေး နှင့် chicken powder ထည့်ကာ ဆူလာအောင် တည်ထားပါ။
#. ဆူလာလျှင် ငါးဖယ်ဆုပ်များထည့်ကာ အိုးအဖုံး ဖုံးပြီး ၅ မိနစ်ခန့် တည်ထားပါ။
#. နံနံပင် နှင့် ငရုတ်သီးစိမ်းထည့်ကာ ၄-၅ ခါမွှေပေးပြီးလျှင် ငါးဖယ်ဆုပ်ဟင်းလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Ascend P6 ကို KitKat Firmware တင်နည်း + Root & မြန်မာစာ ထည့်သွင်းနည်း (100% Work!) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောက်သို့) " ငါး ပဲငပိ " စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်