ကျနော် ရိုက်တတ် တဲ့  Low Light Potrait အကြောင်း
ပေါ့ ထရိတ် တောင် မှ ကျနော် က အရမ်း လင်း တဲ့ အပြင် ဘက် တွေ မှာ ရိုက် ရ တာ မ ကြိုက် ဘူး .... အင်ဒိုး အလင်း နည်း နည်း ကျ တဲ့  နေရာ မှာ ပဲ ရိုက် ရ တာ ကြိုက် တယ်...... ကျနော် က Background ကို ခပ် မှိန် မှိန် အရောင် အမြဲ ရွေး ပါ တယ်.... အမဲ ဒါ မှ မဟုတ် အညို ပါ....
ပြီး တော့ ကျနော် က Side light နဲ့  ရိုက် ရ တာ ကို လဲ ကြိုက် တယ်..... ဥပမာ ဆို လူ ကို အိမ် ရဲ့  အတွင်း ပိုင်း အလင်း နည်း တဲ့  နေရာ ပြ တင်း ပေါက် ရဲ့  ဘေး နား မှာ ရပ် ခိုင်း ပြီး တော့ ကျနော် က သူ့  နဲ့  အတူ တူ ရပ် ပြီး တော့ ရိုက် တယ်..ဒါ မှ မဟုတ် Lighting ကျ တဲ့  အပေါ် မူ တည်ပြီး ကျနော် စိတ် ကြိုက် ဖြစ် တဲ့  အထိ လှည့် ပတ် ကြည့် ပြီး တော့ ရိုက် ပါ တယ်... ဥပမာ ပုံ ( ၁ ) က ကျနော် ကိုရင် ကို ပြ တင်း ပေါက် ဘေး မှာ ထား ပြီး ရိုက် တဲ့ ပုံ ကို ကြည့် ပါ

ပုံ ( ၁ )
Low Light ရိုက် တော့ မယ် ဆို ရင် ကျနော် က exposure ကို အနည်း ဆုံး 3 stops ဒါ မှ မဟုတ် 4 stops လောက် ချ ပြီး ရိုက် တယ်.... ပုံ မှန် Normal expoure ဆို ပုံ က စွဲ မက် မှု မရှိ ဘူး လို့  ကျနော် ထင် လို့  ပါ.... ကျနော် တ ခါ တ လေ Tele lens သုံး တယ်... အခု နောက် ပို်င်း တော့ 24 70 lens သုံး ပြီး ရိုက် ပါ တယ်... Flash မ သုံး တော့ reflector သုံး ပါ တယ်... ပြီး တော့ apature ကို 2.8 ဒါ မှ မဟုတ် 5.6 ထား ရိုက် ပါ တယ်... အရမ်း မှောင်နေ ရင် တော့ 2.8 ထား ပြီး ရိုက် တယ်... ISO ကို လဲ လေး ငါး ထောင် လောက် ထား ပြီး ရိုက် ပါ တယ်... Tele lens အလေး ကြီး ကိုင် ထား တော့ Hand shake ဖြစ် မှာ ကြောက် လို့  ပါ... ထရိင် ပေါ့ သုံး ရငိ ရှုပ် လို့  ပါ...အား မ ရလို့ ...
နေ အရမ်း ပူ နေ တဲ့ အချိန် ဆို နောက် ပိုင်း သိပ် မ ကြိုက် တော့ ဘူး... ကျနော် က Cloudy ရာသီ ဥ တု ကို ပို ကြိုက် ပါ တယ်.....
ပုံ ( ၂ ) က တော့ ကျနော် Reflector နဲ့  Fill in လေး ပြန် ထိုး ထား ပါ တယ်....

ပုံ ( ၂ )
ပုံ ( ၃ ) က တော့ ကျနော် နေ့  ခင်း ဘက် ရွေရန် ပြေ ဘုန်းကြီး ကျောင်း ထဲ မှာ ရိုက် ခဲ့ တာ ပါ... မိုး အုံး နေ တဲ့ အချိန် ဆို တော့ အလင်း ကလဲ ကျောင်း ထဲ မှာ အများ ကြီး မ ရောက် ဘူး.... အစ က တော့ ဒီ လို ပုံ ရိုက် ဖို့  စိတ် ကူး မ ရှိ ဘူး... ပုံ မှန် ပဲ ကို ရင် ကို ပြ တင်း ပေါက် ဘေး မှာ ရပ် ခိုင်းရင် နဲ့ ကျနော် စိတ် ကြိုက် composition လိုက် ရှာ ရင်း နဲ့  အလင်းရောင် လေး က ကို ရင့် မျက် နှာ ပေါ် ကျ နေ တာ တွေ့  တော့ ရိုက် ကြည့် တာ ပါ... ပ ထ မ Normal exposure ရို်က် တယ် မကြိုက် ဘူး... နောက် 3 stops ပြီး တော့ 5 stops ထား ပြီး ရိုက် ကြည့် တော့ မှ ကျနော့ စိတ် ကြိုက် ရ တာ...

ပုံ ( ၃ )
ကျနော် က လူ ပုံ တွေ ရိုက် ရင် သူတို့  မျက် လုံး ကို အဓိ က ထား ပြီး ရွေး လေ့ ရှိ ပါ တယ် ...ကျနော် အကြို့ က် ကို ပြော တာ ပါ ...... ဒီ လို မျိုးး က ကျနော် ရိုက် နေ တာ ကို ပြော တာ ပါ ဗျာ.... ကျနော် လဲ ကြိုး စား ဆဲ ဆို တော့ အများကြီး မသိ ပါ ဘူး...ကျနော် သိ သ လောက် လေး ပြန် ရေး တာ ပါ..ဆရာကြီး လုပ် တာ မ ဟုတ် ပါ ဘူး ဗျာ....ကျနော် ရိုက် တာ ကို ပုံ ဆွဲ ပြ ပြီး ရေး ချင် ပေ မဲ့ ကျနော့် မှာ က Photoshop မရှိ ဘူး....ဈေးကြီး လို့  လဲ မ ၀ယ် နိုင် သေး ဘူး... အ ခု က ကျနော် တတ် နိုင် တဲ့ Lighroom လေး ၀ယ် ပြီး သုံး နေ တာ ဆို တော့ အဲ့ မှာ ပုံ ဆွဲ ဖို့  အ ဆင် မ ပြေ လို့  ပါ..... စာ လဲ သေ ချာ လေး မ ရေး တတ် ကျနော် က လဲ သေ ချာ လေး မ ပြော တတ် တော့ ဖတ် ရ တာ ထောင့် နေ ရင် ဆော ရီး ပါ ဗျာ....မ သောက်ရ သေး တော့ အာ မရွန် ဘူး ဖြစ် နောတာ ..ပြီး တော့ ဘာ ဆက် ရေး ရ မှန်း မသိ တော့လို့ ဒီ မှာ ပဲ အ ဆုံးသတ် ပါ ရ စေ ... အခု လဲ ကျနော့်  ပရော ဂျက်ေ လက် စ သတ် မ လို့  လုပ် နေ တာ... မပြီး သေး လို့  ဆက် လုပ် လိုက် ဦး မယ်... မပြီး သေး တော့ အမြည်း လေး တော့ ပြ မယ်... ဟား ဟား....စိတ် ရှည် လက် ရှည် ဖတ် လို့  ကျေး ဇူး အ များ ကြီး တင် ပါ တယ်

ဒါ က ကျနော့် ရဲ့  မပြီး သေး တဲ့ ပ ရော ဂျက် ထဲက တ ပုံ ပါ
Credit: Ko Aung Pyae Soe
https://www.facebook.com/apsoe
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) Window installation လုပ်နေချိန် error message တက်လာရင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောက်သို့) VPN Free For Four Years စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို