သကြားပါသော အချိုရည်များကြောင့် ဆီးချိုအမျိုးအစား(၂) ဖြစ်နိုင်ခြေမြင့်မား
By သမန်းကျား
သကြားပါသော အချိုရည်ကို အသောက်များပါက ဆီးချိုရောဂါဖြစ်စေနိုင်သည်ဟု ယေဘုယျအားဖြင့် သံသယရှိခဲ့ကြ ရာ ၀ယ် ယခုအခါ ယင်းသံသယမှာ မှန်ကန်ကြောင်း သုတေသီများက အတည်ပြု လိုက်ပြီး ၀သည်ဖြစ်စေ၊ ပိန်သည် ဖြစ်စေ၊ သကြား ပါသော အချိုရည်ကို မကြာ မကြာသောက်ခြင်းကြောင့် ဆီးချိုအမျိုးအစား (၂) ဖြစ်နိုင်ခြေမှာ မြင့်မား ကြောင်း အမေရိကန်သုတေသီများက သတိပေးထားသည်။
သကြားပါတဲ့ အချိုရည်ကိုသောက်ရင် ၀တယ်ဆိုပြီး တချို့ ကရှောင်ကြပါတယ်။ မှန်ပါတယ်။ သကြားပါတဲ့ အချိုရည် ကြောင့် ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတွေအများကြီးတက်လာပြီး အ၀လွန်ကဲစေပါတယ်။ ဒါပေမယ့် ၀မှပဲအချိုရည် ရှောင်ရတာမဟုတ်ပါဘူး။ ပိန်တဲ့လူတွေလည်း အချိုရည်ကိုသောက်မယ်ဆိုရင် အ၀လွန် ကဲလာမှာဖြစ်သလို ဆီးချို ဖြစ်နိုင်ခြေလည်း မြင့်မားပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။
အချိုရည်နဲ့ ဆီးချိုရောဂါရဲ့  ဆက်နွယ်မှုကို သိရှိနားလည်နိုင်ဖို့  သုတေသန ၁၇ မျိုး ပြုလုပ်ခဲ့ပါတယ်။ တစ်ရက်ကို အချိုရည် တစ်ဗူးသောက်မယ်ဆိုရင် ၁၀ နှစ်တာကာလမှ ဆီးချိုဖြစ်ပွားနိုင်ခြေ ၁၈ ရာခိုင်နှုန်း ပိုပါတယ်။ မ၀ဘူး၊ ခပ်ပိန်ပိန်ဘဲဆိုတဲ့လူတွေလည်း အချိုရည်တစ်ရက်တစ်ဗူး အနည်းဆုံးသောက်တယ် ဆိုရင်ကို ၁၀ နှစ်အတွင်းမှာ ဆီးချိုဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်းရှိပါတယ်ဟု ၄င်းကဆက်လက်ပြောပြသည်။
သကြား၏ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သော သတ္တိကိုသိရှိခဲ့ပြီးသည့်နောက် ဆီးချို သမားများအတွက် သကြားအတုကိုထုတ်လုပ်ထားပြီး စမ်းသပ်မှုအရ သကြားအတုသည် သကြားအစစ် ကဲ့သို့  ခန္ဓာကိုယ်ကို ထိခိုက် အောင် ပြုလုပ်နိုင်စွမ်း နည်းသော်လည်း လုံးဝကင်းစင်သည်မဟုတ်ကြောင်း၊ ထို့ ကြောင့် သကြားအတုကိုစားလျင် ပင် အထူးဂရုပြုလျော့ချရမည်ဖြစ်ကြောင်း သုတေသီတစ်ဦး က ပြောပြသည်။
တစ်ကယ်တော့ လူ့ ခန္ဓာကိုယ်ကို ဆားကဒုက္ခပေးတာထက် သကြားကဒုက္ခပိုပေးပါတယ် အားဖြည့် အချိုရည်တွေ ဟာ အလွန်ကြောက်ဖို့ ကောင်းတဲ့ သကြားပမာဏတွေကို သယ်ဆောင်လာတဲ့ သံဗူး၊ ပုလင်းခွံတွေဖြစ်ပါတယ်။ တစ်ချိန်က ကလေးတွေနဲ့  လူဝကြီးတွေကိုပဲ အချိုရည်ရဲ့ အန္တရာယ်ကို ပညာပေးဟောပြောခဲ့ပေမယ့် အခုအခါ ပိန်သည်၊၀သည်မရွေး၊ ကြီးသည်၊ငယ်သည်မဟူ အချိုရည်ရဲ့  ဆိုးကျိုးကို ခံရနိုင်တာဖြစ်တဲ့အတွက် တစ်မျိုးသား လုံး အချိုရည်မသောက်ရင် ပိုကောင်းလိမ့်မယ်ဟု ၄င်းသုတေသီက ပြောပြသည်။
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဘယ်သန်တွေရဲ့ အားသာချက်များ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) ကိုယ်လက် လှုပ်ရှားမှု မပြုရဘဲနှင့် ပြုပြီးသားဖြစ်စေခြင်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)