ရှုမျှော်ခင်း ရိုက်ကူးရာတွင် ဆောင်ရွက်သင့်သည်များ အပိုင်း - (၂)
(Landscape Photography)
စကားဦး
ရှုမျှော် ခင်း များရိုက် ကူးရာ တွင် ပုံ ကို အနုပညာ မြောက် စွာ ဖွဲ့ စည်းသည့် ဖန်တည်း မှု နှင့် ပုံ၏ အရှေ့ ပိုင်း မှ နေက်ဆုံး အထိ အားလုံးသော အရာ များ ပြတ်သား စွာပေါ်လွင် အောင် Focus ဖမ်းသည့် နည်း စနစ် ပိုင်း ဟူ ၍ အပိုင်း နှစ်ပိုင်း ရှိသည်ဟု ယူဆပါသည်။
မူလက အလွယ် တွေ့ လိုက်သည့် Landscape Photography Tip လောက်ကိုသာ ဘာသာပြန် လိုက် မည် ဟု စိတ်ကူးခဲ့ သော်လည်း လေ့လာရင် လေ့လာရင်း အဆိုပါ ရိုက်ကူးနည်းတွင် အဓိကဖြစ်သည့် Hyperfocal Distance Focusing အကြောင်းကို ရှင်းရန် လိုလာသည် ကိုတွေ့ လာရပါသည်။
သို့နှင့် ကျွန်တော် Hyperfocal Distance အကြောင်း ကို Landscape Photography ၏ အပိုင်း- (၁) အဖြစ်ရေးခဲ့ ခြင်း ဖြစ်ပါသည်။ အမဲ မလိုက် မှီ သေနပ် ပစ် လေ့ ကျင့် သည့် သဘော မျိုး ဟု ဆိုရမည် ဖြစ်ပါမည်။
Landscape Photography ဆိုင်ရာ နှင့် ပတ်သက်၍မူ အနုပညာ ဖန် တည်း မှု မှာ ခံ စား ဖန်တည်း နိုင်သလောက် ဖန် တည်း နိုင်သည့် သဘော မျိုး ဖြစ်ပါသည်။ Landscape Photography ပညာ ရှင် များ အနေနှင့် မူ ရေး ၍ မကုန် နိုင်သည့် ဘာသာရပ် တစ်ခု ဖြစ်ပါ လိမ့် မည်။ ကျွန် တော့် အနေ နှင့်မူ လေ့ လာ လိုက် ပြန် မျှဝေ လိုက်လုပ်နေသည့် အဆင့် သာ ဖြစ်သဖြင့် အဆိုပါ ပညာရှင် များကဲ့သို့ အကျယ် ရေး နိုင် ခြင်း မရှိ ကြောင်း ကနဦး ဖေါ်ပြ ထားအပ်ပါသည်။
ထို့ကြောင့် ဆောင်း ပါး ရှင် Jeffy Meyer, Ricardo Cunha နှင့် Darren Rowse တို့ ရေးသား ထားသည့် Landscape Photography ဆိုင်ရာ အကြောင်း အရာ များ အနက် အရေးကြီးသည့် အခြေ ခံ အချက် လောက် ကိုသာ အားလုံး ပေါင်း ခြုံ ကာ ကျွန်တော် သဘော ပေါက် သကဲ့သို့ ပြန် လည်ရေးသား ခြင်း ဖြစ်ပါသည်။
Landscape Photography ရိုက်ကူးသည့် နည်းစနစ် ပိုင်း တွင် ရှေ့ နောက် အားလုံး ပြတ် သားအောင် Focus ဖမ်းသည့် Hyperfocal Distance မှာ ရူပဗေဒ နှင့် သင်္ချာ ဆန် နေသည့် အတွက် အနုပညာ ဖန်တည်း မှု အပိုင်း နှင့် မရော ဘဲ အပိုင်း-(၁) အဖြစ် ရေးသား ခဲ့ခြင်း ဖြစ်ပါသည်။ ယခု ဖေါ်ပြ မည့် ရှုမျှော်ခင်း များ ရိုက်ကူး သည့် ဖန်တည်း မှု အပိုင်းကို မူ အပိုင်း - (၂ ) အဖြစ် နှစ်ပိုင်း ခွဲ ကာ ရေးသား ထားပါသည် ။
ဤမှတ် စု အတွင်း တွင် ဖေါ်ပြ ထားသည့် ပုံ များ မှာ ဆောင်းပါး များ အတွင်း မှ ပုံ များကို ပင် ပြန် လည် ဖေါ်ပြ ထားခြင်း ဖြစ်ပါသည်။
အပိုင်း- (၂)
ရှု မျှော်ခင်းများ ရိုက်ကူးသည့် Landscape Photography
ရှုမျှော် ခင်း များရိုက် ကူးရာ တွင် ယေဘူယျ အားဖြင့် ပုံ ၏ ရှေ့ ပိုင်း Foreground မှ နောက်ပိုင်း Background အဆုံး အထိ အားလုံး ပြတ်သားရန် လိုပါသည်။ သာမန် အား ဖြင့် Aperture ကျဉ်း လျှင် ပြတ် သား မှု ဧရိယာ ( Depth of Field ) ကျယ်ပြန့် သွားသည်ဟု ဆိုစေကာမူ အထက်တွင် ဖေါ်ပြထားသကဲ့ သို့ ရှေ့ နောက် အားလုံး ပြတ်သား ရန် အတွက် မူ Hyperfocal Distance တွင် Focus ကို ဖမ်းမှသာလျှင် ပုံ၏ ရှေ့ ပိုင်း မှ နောက်ဆုံး မိုးကုတ် စက် ၀ိုင်း အထိ ပြတ်သား မည်ဖြစ် ပါသည်။ ယင်း ကို အပိုင်း - (၁) အဖြစ် ရေးသား ခဲ့ ပါသည်။
Focus ဖမ်း ခြင်း။
အပိုင်း - (၁) တွင် ရေးခဲ့သော Hyperfocal Distance မှာ Theory သဘောအရ အတော် အသေးစိတ် သည့် သဘောမျိုး ဖြစ်ပါသည်။ သို့ ရာ တွင် ၄င်း ၏ သဘော ကို သိသာ နိုင်ရန် ဖေါ် ပြခဲ့ ခြင်း ဖြစ်ပါသည်။
ယခု အပိုင်း တွင်မူ လက်တွေ့ သာမန်သုံး နည်း များကို ကောက် နှုတ် ဖေါ်ပြပါမည်။
ရှု မျှော်ခင်း ရိုက်ရန် အတွက် focus ဖမ်း ရာ တွက် အပိုင်း - (၁) ရှေ့ ပိုင်း တွင် ဖေါ် ပြ သကဲ့ သို့ ပင် မိမိ ရိုက် မည့် မြင်ကွင်း၏ ခန့် မှန်း သုံး ပုံ တစ်ပုံ ခန့် ကို Focus ဖမ်း သင့်ပါသည်။ ဤသို့ ဖြင့် Focus ဖမ်းရာ နေရာ မှ ရှေ့ သုံးပုံ တစ်ပုံ နှင့် နောက် ပိုင်း သုံးပုံ နှစ်ပုံ ပြတ် သား မည် ဖြစ်ပါသည်။
Hyperfocal Distance သို့ Focus ဖမ်းသည် ဖြစ်စေ ၊ မြင်ကွင်း၏ ခန့် မှန်း သုံး ပုံ တစ်ပုံ ခန့် ကို Focus ဖမ်း သည်ဖြစ်စေ Autofocus ဖြင့် မဖမ်း ဘဲ Manual ဖြင့်သာ ဖမ်း သင့်ပါသည်။ သို့ မှ သာ လို အပ် သည့် နေရာ ကို အတိအကျ ရ နိုင်မည် ဖြစ်ပါသည်။ Autofocus ဖြင့် ဖမ်းပါ က Focus လိုသည့် အတိအကျ နေရာ မှ လွဲ နိုင်သည့် အတွက် ဖြစ်ပါသည်။
ယင်းနောက် မိမိ လို အပ် သည့် နေရာ များ ပြတ်သား မှု ရှိမရှိ Live View တွင် အကြီးချဲ့ ကာ ပြန်စစ် ရပါမည်။ လိုအပ် သည် ပြတ်သား မှု မရ ပါက Focus ဖမ်း ထားသည့် Plane of Focus ကို နေရာ ပြောင်း ကာ Focus ပြန် ဖမ်း ရပါမည်။
Aperture
Landscape Photography သည် Frame ရှေ့ ပိုင်း မှ နောက် ပိုင်း အထိ ပြတ်သားရန် ပြတ်သားမှု အလွန်ကျယ်သော ဧရိယာ ( Deep Depth of Field ) လိုအပ်သည့် အတွက် ယေဘူယျ အား ဖြင့် f-8, f-11, f-16, f-22 စသည် ကဲ့ သို့ သော Aperrure ကျဉ်းကျဉ်း များ ဖြင့် ရိုက်ရန် လိုပါသည်။
အတော် ကျဉ်း သည့် f-22 ကဲ့ သို့ သော Aperture Setting တွင် ယင်း f- Stop ဖြင့် မရိုက်ဘဲ နှစ် ဆင့် ခန့် တင်ကာ f-16, f-11 တို့ ဖြင့် ရိုက် ခြင်း ဖြင့် ပုံ၏ ပြတ်သား မှု ပို ရ နိုင်ပါသည်။
The Magic hour
ဓါတ်ပုံ ရိုက်ခါစ သူများ သည် ရှုခင်း များ ရိုက်ရာ တွင် နေ့ ခင်း ပြင်းပြ သည့် နေရောင် အောက်တွင် ရိုက်လေ့ ရှိကြပါသည်။ ပြင်း ပြ သောနေရောင် ကြောင့် ပုံ၏ ပြတ်သား မှု များ လျှော့ ကျ ခြင်း ၊ နှင့် ပုံ ကြွ တက် မလာသည် များ ဖြစ် တတ် ပါသည်။
အကောင်းဆုံး မှာ Magic Hour ဟု ခေါ်သည့် နံနက် အလင်းရောင် ပေါ်စ ၊ နေထွက်စ အချိန် များ နှင့် ညနေ နေ မ၀င်မှီ အချိန် များ တွင် ရိုက်ပါက အလွန် လှပသော ပုံ များ ရ ပါမည်။
အကျယ် ရေးပြ ရန် မလိုပါ။ အောက် တွင် ပြထားသော နမူ နာပုံ များ ကို ကြည့် ရုံ မျှ နှင့် သိ နိုင်ပါသည်။
နမူ နာ Magic Hour ပုံ များ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsqca2mDH7tvLoOZz459EmpinNRD6ztvmDmfwGR3SctiqLuPdjyw5TYWJ4s3qpSyjcq4FWcAIOkmdEtxTN_8Dlle9InjeDo2FH2mhMPCFmeC0IF3uVAwKfzoJUz4lcChQkPeynWJHxPxA/s640/1.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQdk-YOOfzj3YbNlSzOlvnOne_UrHka-sVIpWDF_8ZQ96aGdcYnJTCvXnFYRp6DhqOsplRlK1dmil1cD4Mcv8M6rs6ZOFRTkWailf8T_wmdg3fdZM59qkqkiNRtJuCs39yASlNWPHIOiQ/s640/2.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguAr5iZAj8CqJX0M754leKBSx-3rdFiuAoversU_mAha2Fwa42sykATr-DXg39KRhiEhqnsVoSk0P70p4vNpvD46icxzNNzEjd79jufMelSLIZFUFBCPOJ6AiCr1EuYaeU2OS9UrrDFeA/s640/3.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTiXrHHJ-XGrRojF9m7Pb7BjPMj0mzNV3KtN1-wa87MasndzoJ28J0o6_rRw5n8Pw0A99g_S4AhGAHtSAMUe6byFWcjdKMipP_qVRV4B9L9-cf8RyzVSyNCfGJ8-DK7THzogCD88xapAs/s640/4.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiGGAP3nbuu6RBSpAtllQuKghmU1UxtLjBnGDt5DTdwDcdkOsMcIERc59DURvhsdDDeDOMNedzfRtd5oSav8H6Pd_a8bGcNfoE-00vYVnl8JB6M_yRN8giVK7YVoi58VECHkebKr2_cW4/s640/5.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvDJwQD1oXv6IAi2zkjtDYrivkOSSHRg1rX-vlj-YclP3-ys64lCo7Ki6SyQV3NjTNaK7DbsWUanmkBUDQcvXMall8TqJJM1mpT8IYf7DZUAuhAd7Wi563aLP2Vx5EyiJMBPY5B-bQXgk/s640/6.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyqLwl7kKX-gizAOliGtRQLz3M_7zrp6wIaV3vE7EOffLrcSGQ3A15FdpDmMiZ2dP7C85q15itQkglx8dk1luAISJpTKqxr_PVatDVHC8MKkZaIB6CMpZZQ1XKV7H7-XZPT5HmNSef_ys/s640/7.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFbyUL4Wm23wqkc0ms66xRWBfQ-40w26P73FupNfKqqIxywBye01hjl-rHV6E9CNAK7eBNxF67t8OZod58fBtrgUKaIKh0TNN-zz3FHofppwUzX6qy5rDW03dtinTZSuDS6NztNJY6Fp0/s640/8.jpg)
လှပ သော ရှု မျှော် ခင်း ပုံ ဖြစ်လာရန် သင့်တင့် ကောင်း မွန်သည့် အလင်းရောင် (Quality of Light ) လိုပါသည်။ အလင်းရောင် ပြင်းလွန်း ခြင်း ပျော့ လွန်း ခြင်း မဖြစ်ရန် လိုပါသည်။ ရောင်စုံ ယှက်ဖျာ နေသည့် လှပသော အလင်း ရောင် လိုသည်။ အဆိုပါ အခြေအနေ မျိုးကို Magic Hour က ပေး နိုင်ပါသည်။
Composition
ရှု မျှော် ခင်း ပုံ တစ်ပုံ တွင် ပုံ အတွင်း ဖွဲ့ စည်း မှု ဖြစ်သော Composition သည် များ စွာ အရေးကြီးပါသည်။ မည်မျှ လှပ သည် ဆိုစေကာမူ ပုံ အတွင်း ရှိ Subject များကို အမြင်အာရုံ ဖမ်း စား နိုင်မည့် နေရာ များ ( Center of Interest - CoI ) နေရာ မျိုး တွင် နေရာ ချ ထားသည့် Composition မျိုး ဖြင့် ဖွဲ့စည်း နိုင်ခြင်း မရှိပါက မည်သို့ မျှ ဆွဲ ဆောင် နိုင်စွမ်း မရှိသော ပုံသာ ဖြစ်ပေ လိမ့် မည်။
မည်ကဲ့ သို့ Composition မျိုး ဖွဲ့စည်း ရမည် ကို မသိပါက အလွယ် ဆုံး နှင့် အထိရောက် ဆုံး မှာ Rule of Thirds အရ နေရာ ချ ထားခြင်း ပင် ဖြစ်သည်။ Rules of Thirds အရ Subject အမျိုးမျိုး အား မည်ကဲ့ သို့ နေရာ ချ ထားသည် ကို အောက်တွင် ဖေါ် ပြထားပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4nI4qBI2erlAlHvodSjjnEE5F9nbrxtllHQ8dsIWJkYyC3iGkbEa5rCMJWPRdKcAggvPRlDxQOYegDuY6nSlq97Z-YLgjUoiyGmKp3NE8B7isZGYA2JuwBGZ-1FDGrowAY69To2zsYKY/s640/9.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix28V2xlZ-MiFAnw80nJS7rImLwJcN34hPNiVjDXAcOmkRMyAs4sXeEd0WBtN8hlh-v4Q0K7hOPHqUa3tzhy95qIJVDYZ9VRGqEGtUnM6Lng7DIAaadyid93IsBgWQnsKwRxR7qw1Skd4/s640/10.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH3Vym7wClnnwRlmPAGoQLkJGUdNvAfRS4CdZIKBxB-pPxuNAERKBO9TRB0HQRx_k7b3WqYkZuqtNFgodzljt-yp6_Az1Z_J5-TRx9oxAfqKeGFmtI1qI8WLU_cZjLLiU3nKzwC5ZBIDA/s640/11.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOMuBQ-GIBt_5Zim_C3H8_xwxJv_oOnESAF69SNTTHqi6TU5GQYvZL37AkMx7uCYLmUcJxF4jf2xmcGEOBCgCAD_Iz4K9XcozUmZSt_Hx_fRv43Lp87v93mwpWy56P3tnEOn2MWclL484/s640/12.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-79dE9GMChIuKt-coeaMHiia5yQ7GoyV96JWIEnTO2_tP4MZY_tv2C-BSrhmlOQ-HQQlXiSda1VPvVUtpPRYVXq6CCXA2mZel-LDpT3Qw1dlddrUGfdCWfglDPlfphJxIzdUraniKKjY/s640/13.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHF6pnvB3NH7SKP7xaeDHkLNt5GpNvbA4wQXIuhedOrz7vW1qg5r31uCEs_zmKi9ZwpVF7WU6G48XsrhteW_Yj87yI42g59KxxA2YkimSIm12J6pHWMjfR3INJN8ALjT8suK_yrGi4ajo/s640/14.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoNCwl-Q1YwFQMpP-0TpK-sezV_jXNwoPk8oaRBKfCdIH5I44WiaIvWEKiPhqyC62XCjlCwQhenkWPoY3eQqYpcZNcLFS-U8OjmsuepBlluqceRprx5aqooh2lLMPtGYirgtZ0dUHwa6E/s640/15.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ_K5pYE3-fq5q8EbwJ_vw-E1f4YcdLR4UxxeTAPSZtG_nylbkgLhAGHdaIzpOXdHe-j5onPphtzuL8ubT22mqWMscDH_n3wFglYFNJMB9wDvP2cXkf6fdm3U31z4UPeph-sGJmRSnC7s/s640/16.jpg)
ပုံ ၏ရှေ့ ပိုင်း ( Foreground ) ကိုSubject ဖြင့် ဖြည့် ပေး ခြင်း
ပုံ ၏ ရှေ့ ပိုင်း ( Foreground ) တွင် မည်သို့ သော စိတ်ဝင် စား ဘွယ်ရာ မျှ ပြောင် တလင်းကြီး ဖြစ်နေပါ က အောက်ပါ ပုံ များကဲ့ သို့ မည်သို့ မျှ ဆွဲ ဆောင် မှု မရှိသော ပုံ ဖြစ်နေ ပါမည်။
ရှေ့ ပိုင်း Foreground တွင် ဗလာ ကျင်းနေသည့် ပုံ နမူ နာများ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKnV_JphbY8IREgCYKrYfJpCL4f0XGC5o2ZZ1sT6fziYSPlE_s3v9-bWAAe6r1YJwGAaHC37QsobhuwKianDxrhBISwHLc7FebyoY8Qdbi-zpqDldxND5BmBOIyXBDIEg95k6o33vSHtk/s640/17.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBklOoedWH0u1ka3nr1SUkwYz0v2jNRaMsSkWlU2yo_AODwtY-LDyHEWU4JB6kTx5XvARceKxp17a1Ugd_yMKIM7t2ZJO9-RbDQdwIGedjo8JyXuAa2rhb2RZYpmIfEya77uPjI-pgaAc/s640/18.JPG)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJBz_2Ok8IVNF_3VriK02jehX6FHECzxfE9_Df9hzpofWhQD-L0gXsvB0x_h0UEKflJZvPlSCokxONtBNr_ud-wgvqAC1LEhS9LNmODGaaa4nF3UiDE8rx5ReSSFXRDSh2AO29VfwcEJo/s640/19.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSlw1RBvgMsVb6TQNa_PIMwMat49KmCp6lLh9K0_msLZr_U1llRiS90qfCVOwLx37_-7Zwr2jwjAUHqop9gxbXTiFDfgC33FSKXIdr2tSHI45M-bOboo9Pgj9GhvAYmCsh74DNbiwTNnw/s640/20.JPG)
အထက်ပါ ပုံ များ၏ Foreground တွင် မည်သို့ သော စိတ်ဝင် စားဘွယ် မျှ မရှိပါ။ ကြည့် သူ၏ အာရုံ ကို ပုံ အတွင်းသို့ ဆွဲ ခေါ် သွား နိုင်သည့် အရာ မရှိ ဟု ဆိုရပါမည်။
ထို့ အဆိုပါ အလဟသ ဖြစ်နေသည့် Waste of Space တွင် ကြည့်သူ အား ဆွဲခေါ် သွားနိုင်သည့် အရာ ၀တ္တု တစ်ခု ခု ဖြစ်စေ လူ ဖြစ်စေ ၊ တိရိန္ဆှာန် ဖြစ်စေ စသည် တို့ ဖြင့် ဖြည့် ပေး ရပါမည်။
အောက် ပါပုံ များသည် အဆိုပါ နေရာ ကို Subject ဖြင့် ဖြည့် ထား သည့် ပုံ များ ဖြစ်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8PbXUoxYnCyuwYnRXZQ2jSClhKaQrjcFZz_sMcXIUOrpZDfV2pQNgumjtwr8VaC4AoKL7Vzta39aKNP6NsELwBPlAhg0pl3eixrengnXHd6Gtl4DE0yLq_kq-Whh5vdlQbqXumvfsqYc/s640/21.jpg)
ပုံ အရှေ့ ပိုင်းကို အိမ်ဖြင့် ဖြည့် ထားသည့် နမူ နာ ပုံ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicIPr6_kpx9jxTVhvucb8M3k1PAVphnHNsRShvbTvGe9_J1Y7buQr1EbncQduh805zmMm3g8_mg_KmT2PKjJ9W-T_7yksFFR5lBkEp93UUCdwBbAHTh_g7u_KZDugn1F4ZPfC3QA4XE3E/s640/22.jpg)
ရှေ့ Foreground ကို ကျောက်တုန်း များဖြင့် ဖြည့် ထားသည့် နမူနာပုံ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gnPz73_UEj1i-r4O4m1XPUrNMoAye8XHxR-yJ3-Vu_1bllLgwNZRhEJOlUyZT1m-9emIf8yBTfZpz05XsGDi8PiWFSEEugwqHgYs_LLwiivjpN6KvZI1Gd1uhAaXCmf_3VQn3r65Ffc/s640/23.jpg)
ရှေ့ Foreground ကို လူ ဖြင့် ဖြည့် ထားသည့် နမူနာပုံ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimh_hXXSZE8sBw0Jr9Xed-Lnjaql9d5nOr_wONQObzdbG2bLwVjFvUA4l2cS8WvySFUyr7v0dEzuq1FysKm5b6-xoxgppk5Ex7GnzEkmHrI8UzD5SMGspXuxXMqEXE59jkJWy_2JTz_3E/s640/24.jpg)
ရှေ့ Foreground ကို ဆိပ်ခံ တံတား ဖြင့် ဖြည့် ထားသည့် နမူ နာပုံ။
ISO
နိမ့် နိုင်သမျှ နိမ့် နှင့် ရိုက်သင့် ပါသည်။ လျှင်မြန်သော လှုပ်ရှား မှု များကို ရိုက်ရာ တွင် Shutter Speed အမြန် နှင့် ရိုက် ရသည့် အတွက် ISO ကို တင်၍ ရိုက်ရ စေကာမူ အချိန် ယူကာ ရိုက် နိုင်သည့် Landscape Photography တွင်မူ Shutter speed နှေးနှေး ISO နိမ့် နိုင် သမျှ နိမ့်နိမ့် ဖြင့် ရိုက် သင့်ပါသည်။ ဤ သို့ ဖြင့် ပုံ သည် Noise မရှိဘဲ ကြည် လင် ပြတ် သား မှု ကို အထောက် အကူ ပေး ပါလိမ့် မည်။
Location
ရှု မျှော် ခင်း ပုံ ရိုက်ရန် လှပ သော နေရာ ရွေး ရန် လိုပါသည်။ မိမိ ရိုက် မည့် အကြောင်း အရာ ကို အထောက်အပံ့ ဖြစ်စေမည့် နေရာ များ ကို ရှာ ရပါမည်။ မြေပုံ တွင် ကြည့် ရပါမည်။ Internet တွင် လေ့ လာရပါမည်။
ဆိုလိုသည်မှာ မိမိ ရိုက်တော့ မည့် အကြောင်း အရာ ကို ရိုက်ရာ တွင် ပတ် ၀န်းကျင် က အထောက်အပံ့ နေရာ၊ နောက်ခံ Backgroung က အားဖြည့် နိုင်မည့် နေရာ စသည်များကို ကြိုတင်လေ့လာ ရန် လိုပါသည်။
ဥပမာ အားဖြင့် နံနက်ခင်း မြူ တွေ ဝေ နေသည့် အခြေအနေ တစ်ရပ်ကို အခြေခံ ကာ စိုက်ခင်း သို့ ဆင်းမည့် ရိုက်ကွက် မျိုး ကို ရိုက်မည်ဆိုလျှင် အဆိုပါနေရာ များ အနက် အများဆုံး အဆင်ပြေ မည့် ဥပမာ အား ဖြင့် တော တန်း တောင် ခြေ နေရာ သို့ နေရာ ကို ရွေးရန် လိုပါမည်။

Filters
ဓါတ်ပုံ သည် အလင်း ဖြင့် ရေးချယ် သည့် ပန်း ချီ ပင် ဖြစ်ပါသည်။ အလင်းရောင် ၏ ( Quality of Light ) သည် ဓါတ်ပုံ တစ်ပုံ ၏ အသက် ပင် ဖြစ်သည်။ အဆိုပါ အလင်း ကို လို အပ် ကဲ့ သို့ စေ စား နိုင်ရန် Filter များ လိုပါသည်။
အကယ်၍ နေခင်း နေ အလွန်ပြင်း သည့် အချိန် မျိုး တွင် ရိုက်ပါက တောက်ပ သော နေရောင် ကို လျှော့ ချရန် Circular polarising (CPL) filter ကဲ့ သို့ Filter လိုပါမည်။ Circular polarising (CPL) filter သည် အရောင်များကို ပိုတောက် ပ လာစေပါသည်။ ကောင်းကင်ကို ပို ပြာ လာ၍ သစ်ရွက် များ ကို ပို စိမ်း လာစေ ပါသည်။
အောက်ပါပုံ များ မှာ CPL မပါဘဲ ရိုက် ထား သည့် ပုံ နှင့် CPL ခံ ရိုက်ထားသည့် ပုံ များ ဖြစ်ပါသည်။ CPL ခံ ရိုက်ထားသည့် ပုံ သည် အရောင်များ ပို စို နေသည်ကို တွေ့ ရပါမည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbJZTkHPtp5yl8GU-WHHg550z8uPRqc0Pm8fb4DYUNZ-rd1e3Im1x5O1ln2Cfh1MNH_NZPoSRRLN3G_2MsPwQGyHW_BOfDLa_d-MfPcD1_8efA41kJTpcT4t_86J5Zosb64R8owZiF6T0/s640/24b.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7kwRklKp2APcMgzHp-Gf7nW5dwvFIGhddue0jBDoXf-MFapamGfV0YgTD5g_Vvd6DiD8a37KSmRWClQ_iO7khOY9YPaZ7EQ5aWXYjZknRqvof4xoWgxxipLAmmA_kKBBTDRas1DYpg8/s640/24a.jpg)
အကယ်၍ နေ၀င် ချိန် Sunset ကို ရိုက် မည် ဆိုပါက ကောင်းကင် နှင့် မြေပြင် တို့ ၏ အလင်းပြင်း အား များစွာ ကွာ ခြား မှု ကို မျှတလာ စေရေး အတွက် ထိန်း ချုပ် နိုင် ရန် Graduated Neutral Density ( GND ) Filter လိုပါမည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgRDKEEEDwviJku5wtuGAssh9ORQ85jgNSyjrxvkK8d8PUfvXcF-m0LJ2KtmX5-MtLeuNxo3KpjO17S_0ohs0XJCP8hh79XeG1ven_PcM470YoMezvukLX_OZ_wZLRhFJzCjj1X4RXPnU/s400/25.jpg)
Graduated Neutral Density ( GND ) Filter ၏ အပေါ် ပိုင်းသည် ကောင်းကင်၏ တောက်ပသာ အလင်း ကို ထိန်း ရန် မှောင် နေပြီး အောက်ပိုင်း တွင်မူ အလင်း ပေါက် အဖြူ သာ ဖြစ်ပါသည်။
GND Filter နမူနာပုံ။ ကြည့်သူ၏ ဘယ် ဘက်ရှိ GND သည် ညာ ဘက် ရှိ GND ထက် ပို၍ မှောင် သည် ကို တွေ့ နိုင်ပါသည်။ အလွယ် ပြောရ လျှင် အပြင်း အပျော့ အမျိုး မျိုး ရှိပါသည်။
Graduated Neutral Density ( GND ) Filter ၏ အပေါ် ပိုင်းသည် ကောင်းကင်၏ တောက်ပသာ အလင်း ကို ထိန်း ရန် မှောင် နေပြီး အောက်ပိုင်း တွင်မူ အလင်း ပေါက် အဖြူ သာ ဖြစ်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeJ8FcSoFNbiX3oMyZ8V1dEpvUZTt8U7yXsve8tCYmABMOTxUy9D74sYFiup5ISg2bYuiNadJBMrE6hGCA2nzKA6KhMzWXq0mRKjbHQRNXxXZHppmlZC_iK2Va06bDHa9-viR1bqicUnc/s640/26.jpg)
GND Filter နှင့် ရေပြင် အလင်းရောင်ထက် များစွာ ပို၍ တောက်ပ နေသည့် နေ ကို ထိန်း ထားသည့် ပုံ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqAf5HOCbILJ7sNst6TVGumFC7crfF06thCLrPdRe6ZaEfPy_JCwOM0yA_0KlPC27OOAgvHJ51qhMT7P996S3ZO4lz7hgpeGeqFZdpaBe0ViASrQfz5w3BJeWl__nXbX7Ipdj8Qwg5qes/s640/CPL-2.jpg)
ရေ ပြင် ထက် အလင်းရောင် ပိုတောက် နေသည့် ကောင်းကင် ကို GND Filter ဖြင့် ထိန်း ထားသည့်ပုံ။ GND သည် အပေါ် ပိုင်းကသာ မှောင်၍ အောက်ပိုင်း မှာ မူ မည်သည့် အရောင်မှ မရှိသော Filter ဖြစ်ပါသည်။
အလင်းရောင် များနေ သည့် အချိန် တွင် Slow Shutter Speed ဖြင့် ရိုက် လိုပါလျှင် လည်းကောင်း။ လိုအပ် သည့် အလင်းရောင်ကို ချိန် ညှိ လိုလျှင် လည်းကောင်း လို အပ်သည့် ရောင်ကို ချိန်ညှိလိုလျှင် လည်းကောင်း ၀င်လာသည့် အလင်း ပြင်းအားကို (Reducing the intensity of light ) အမျိုးမျိုး လျှော့ နိုင်သည့် Neutral Density Filter ကို သုံး ရပါမည်။ ယင်းက မူ တစ်ချပ် လုံး အမှေင် ဖြစ်ပြီး အမှောင် အထူ အပါး အမျိုးမျိုး ရှိပါသည်။
အောက်ပါ ပုံ မှာ ND Filter အလင်း ကာဆီး မှု အပြင်း အပြော့ ( - Stop) အမျိုး မျိုး အလိုက် ခံ ကာ ရိုက် ထားသည့် နမူ နာပုံ များ ဖြစ်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1kSYZX2rURD4oj9qZZdB8MHYcp2WQaO0uacPTw6iOUiJG-tcZaiV47WAAuBRSVaIPOla3_8YgKHJ20kQpzLv13onrMIVpJdO7samkZsz0Q0LU8kCbaLVOg40sfVBiuufwjjhgXDSw280/s640/28.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihiu787f3Vc7_rJzKRMkQVTi0E5fmgOkbp65nXA_s8ns13MA0shDKTSeAW7CXmy1sCyXrGF-yxoBU-1nLszX3-x7lGLCUEawt-gNheJWl6xsIKnIUY1-acnK34DlcW_Apeu_DpR-6w-Sk/s640/29.jpg)
အောက်ပါ ပုံ များမှာ ND Filter ခံ ကာ အလင်း ကို လျှော့ ၍ Slow Shutter Speed ဖြင့် ရိုက် ထားသည့် ပုံ များ ဖြစ်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdNfWDCMC3ep0lUGeSOxJ_LfEiZetzU2FFHePgiXSvmk0Ga7dIx8DLXW8uZbwk8FeF3bAzsU8pxZmLkN4LwU06l8alndT4FQpm_8KI3pfjsf1FDOzBXfn39nLYgtSIY4MZ7kxJ8SsNqfc/s640/30.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7BGmm7HFClQxAE1d0luseQspkorkmtgQpbm4pgGyW8TT-ae0WtjdYVvoAjBWT1TArylcDojI4KvJhqpzR1TzAlegEev0K6aXmAt3_X3owFg-69-vdm7oO61D4ck_3Mq3HFPKKhn1Tk4/s640/32.jpg)
အထက်ပါ Filter ဆိုင်ရာ ဖေါ်ပြချက် များမှာ အကျဉ်း သဘော မျိုးသာ ဖြစ်ပါသည်။ Filter ဆိုင်ရာ အကြောင်းအရာ မှာ လည်း အတော် ကျယ် ပြန့် သည့် ဘာသာရပ် ဖြစ်ပါသည်။
ပြတ်သား သည့် ဧရိယာ ( DOF ) ကျယ် ရန် လိုသည်
ရှုမျှော်ခင်း ရိုက် ကူး ရာ တွင် ပုံ၏ ရှေ့ ပိုင်း Foreground ရှိ ကြည့်သူ အာရုံ ရောက် နိုင်သည့် ကျောက်တုန်း ၊ လှေ ၊ အဆောက် အဦ စသည် များ မှ အစ Frame ၏ နောက် ဆုံး မိုးကုတ် စက် ၀ိုင်း နေရာ အထိ ပြတ်သား ရန် လိုပါသည်။ ထို့ ကြောင့် အပိုင်း -(၁) တွင် ဖေါ်ပြ ထားသော Hyperfocal Distance Focusing ကို ဖမ်း ရန် လိုပါသည်။
ISO နည်းနည်း Shutter Speed နှေး နှေး ဖြင့် ရိုက်ရ သည့် အတွက် Tripod လိုပါမည်။ ကင်မရာ တုန်ခါ ခြင်း ကြောင့် ပုံ ၏ ပြတ် သား မှု ကို မထိ ခိုက်စေရန် Wireless or Wire Remote ဖြင့် ရိုက်သင့်ပါသည်။
အောက်ပါ ပုံ များ မှာ ပုံရှေ့ ပိုင်းမှ အစ နောက်ပိုင်း အထိ ပြတ်သားသည့် Hyperfocsl Distance Focusing ဖြင့် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBJsaIzzCxOUDPruEZ6XZz_iUo-l_2AJ59ru-WH_6SUpb8XmUAZ48XomjSnzdDlXHE4fumZQCqHDtrEfTwaHOs0RAhSUiN0ZL64upwZ-5OH9eoCm6SrK7pLk2AbHFUGk8wBfXsZX_riLo/s640/33.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-HeXl6M7XIB7YDZfP0zurMpWo8pIf5XMG34oMtWGC8_3Uzi7oxpGIAs02bBkjyuCUF6QsCSNDPVcEjP-lkuSn2Rn_gTgc3qe1AioD-E24RKqpjqDwjj1guSz_plHL3ma5WpQ_x6C71oA/s640/34.jpg)
သင့် လျှော်သည့် နေရာ တွင် လူ ( SubJect ) ကို ထည့်ပါ
လှပသော လယ်တော ၊ ဥယာဉ် ခြံ၊ လမ်း စသည့် လူ နဲ့ နှီး နွယ်နေသော ရှု ခင်းပုံ တွင် လူ ကို Photograph Subject အဖြစ် ထည့် ရန် သင့် ပါသည်။ အောက်ပါ ပုံ များ မှာ လူ ကို Subject အဖြစ် ထည့် ထားသည့် ပုံ များ ဖြစ်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVKedqsQyt9E6FnCFPi1dfWNT6m0Maozhv9eNGzGDJDwNTegJ_j0iF2gOJKTVDFhyphenhyphenMgy8HQ3FgA7Dq3Qfs6YZ578C6uYg5pcR0cnQim_8tMPCmIYYLBDFPBbx5PlQGgRr1WV8bHWqZsOE/s640/35.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ztVaR6wttWAHlR6T30D-39oBoAORYQICMpoZdkEq90ck9PQGSaDTBeDhofpT9nnEKq813Bm8hDeRoYP4R9uBBXyozsqjB4DAHUGGI9tr2qnKp_50rAW2MCwa2U6Ntzo2RQL1Xm80BnQ/s640/36.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVu56PaDXKuEtQLqS8zTLtlmCMkYM-9IOISm_uoW6E0vhzIgmf8XvYhrtNIXKPfKOH4m3svOaqm5fU54rk_Ik1bAFhUR-YB3bejBVJMA8CAB_Q6Z0xNY_Xovzk59eT_gtRcUWJhe2FAqk/s640/37.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBh1H31XDBvjebFSFSPg0Obgh1-lfEtgWYbQmdVjrFeKKpZ9CHAuwTrIBxX0SA7THQnkZqIAg6qHAUIB3f6Fesivc0STrA75801pTJxR6IC3lZzLz-cv1mRK0uD_S8sFMG2C8KkoGOp7I/s640/38.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIX2uHQSvYLA5V4znCY2cbcuTQkKsbg4SI8LepTN48w-uWL9Esd0OoL4wOAA0Nu17xqnEf3qY1YM60KJ_Di2b4wFz5LNzne0ZQitLlgWDpmUZTxJ-EnwhV058-BNQf_oalw0DC97G-Aew/s640/39.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgefXo2UKnT-Y8YMXC4a_z0iqYeceVDbCvpjt-CUye917LkgxfhH1vf86ccE3i5IXVGVD8KV3kdpTbMyKe44WP5rZquW0qGJpSY92DMZTiYtCW6SMtclegbiYgiaXFQoxofIDx7OcpbOp8/s640/40.jpg)
Slow Exposure ကို သုံးရန် သင့် နေရာမျိုး တွင် သုံးရန်
ရေ များ သည် ပိုးသားကဲ့ သို့ Smooth and Silky Water ဖြစ်စေရန် ရိုက်ရာ တွင် Slow Shutter Speed သုံး ရပါမည်။ အလင်း ရောင် များ လွန်းသည့် အဖခြအနေ တွင် လိုအပ် ပါက ND Filter ကဲ့ သို့ Filter ခံ ရန် လိုပါသည်။ ထို့ကြောင် Tripod လိုပါသည် ။ Remote Shutter Release ဖြင့် ရိုက်ပါက အကောင်း ဆုံးဖြစ်ပါသည်။
အောက်ပါ နမူ နာ ပုံ များ မှာ Slow Shutter Speed ဖြင့် ရိုက်ထားသည့် အတွက် ရေများသညိ နို့ ရည် ကဲ့ ဖြစ်လာသော Silky Water ပုံ များ ဖြစ်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbaNP0ojVExIMIuhVBVlqqwQIUVEuDBmvNFm2oCayMb2vDW7JMfIHLhPIs6neHNVHcraFqFoXyznjJPfRFWOmYdsP56i2xyZ3kAwLyFaT6_e8pJJzrdfguLAfMrbeoWJCh-0gsO_HRObo/s640/41.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr9Ul9JEMAz_8jJ1Sj1RhBWMzgYFTuW35eSR_864763A4vpXapYyo1giW5mHNOtXygxtB4GRkt7WbH646YPSeSlPoTGrosp-d_xYc6ZD86boOlZGsuf46u1HECBZXMenEpxRzdbMDHpVQ/s640/42.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGX2f27reQLeXXKv2fEAgo8ZNwbhFvFSDS7kg25vMRhyQWxiV1J54gZJe8wbaIV0t1d9HriyImDEeYWF0-tJNpdkCUAQygW9hp2Wk4hMPgb13khahe3LBb9CcPiWJm-vsVgjO6633M8B8/s640/43.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigFQOZZpfZv6bf68qfny_-O_5FK3Qsu34krQn-ll3mGp87iwZBScfEBo6tp7W525zcFhJKLTdaZRGxiswuoCqOwWezmGLttA4bapdq_zHTD0kvBgznv6Yr7GCbNTpG-thZGd8WKVfmY_o/s640/44.jpg)
Look for a Focal Point
ကြည့် သူ အာရုံ ရောက်စေမဲ့ Subject ကို ရှာ ပါ။ ထိုအရာ ကို ဖမ်း ထား ရပါမည်။ ဤ ကဲ့သို့ Subject Focal Point မပါလျှင်ပုံ ကို ကြည့်ရ သည်မှာ ဟာလာ ဟင်းလင်း Empty ဖြစ်နေ ပါလိမ့် မည်။ ထို့ ကြောင့် အာရုံ ကို ဆွဲဆောင် နိုင်မည့် Subject များ ဖြင့် ဖြည့် ပေးရန် လိုပါသည်။
အောက် တွင် ပြ ထားသည့် ပုံ များ တွင် ပါရှိသော Focal Point များကို ကြည့်ပါရန်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEDW5s-g2F0olR4fHmkz0t71e9OnxwMYCw5c3Znaf0j3bn2Hdp9ats_4cUvAgaAU749QiiSuEjN_dZewbdkN2_uj2JaQvTYg0X7JYHU7jiaNnt87fgoeAVhW0BtqthuCYvUNKlj7Iilwc/s640/45.jpg)
အထက်ပါ ပုံ တွင် လူ မပါ ပါက Empty ဖြစ်နေပါ လိမ့် မည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0lH9nWMqweMtpvMhyphenhyphennDoX6O09WAC2y5dZZdeKYmFPiBlOW_x7JygVfxLpQFzdJp-xYp5IU7xeZlSvhg298StEOasOvgsc4CYGGE09EP0g6ugfz4TjN1yAHU6235E-V3deO-PeRXYY_RI/s640/46.jpg)
အထက်ပါ ပုံ တွင် မူ Foreground ရှိ ကျောက်တုန်း များ မြူခိုး တန်း များ သည် ပုံ ကိုဖမ်း စား ထားသည့် Focal Point များ ဖြစ်ကြ ပါသည်။
Focal points ဆိုသည်မှာ အထက်တွင် ပြ ထားသည်သာမက Building or Structure, a Striking tree, a Boulder or Rock formation, a Silhouette စသည် တို့ ကို ဆိုလိုပါသည်။
အနုပညာ ခံစား ချက် ဖြင့် စဉ်းစားကာ ယင်း တို ကို ပုံ အတွင်း နေရာ ချ ထားရပါမည်။ အထက်တွင် ရှင်း ပြသကဲ့ သို့ အရိုးရှင်းဆုံး နည်းအား ဖြင့်မူ Rule of Thirds ဖြင့် နေရာ ချထားသင့်ပါသည်။ အမြဲ တစေ Rule of Thirds ၏ ကျေးကျွန် ဖြစ်နေရန်လည်း မလိုပါ။ ဖေါက် ထွက် သင့် သည့် အ ခါ ဖေါက်ထွက် ရန် လိုပါမည်။
ကောင်းကင် (Sky ) ကို ကြည့်ပါ
ရှခင်းပုံ များ တွင် များသော အား ဖြင့် Foreground သို့ မဟုတ် Sky တို့ ဖြင့် ဖမ်း စား ထားတတ် ကြသည်။
မည့်သို့ ထူးခြားလှပသည့် တိမ်တိုက် ( Cloud Formation ) မရှိသော ကောင်းကင် သည် ငြီးငွေ့ ဘွယ် ရာ ဖြစ် လိမ့် မည်။ လှပသည့် တိမ် များ ရှိသော ကောင်းကင် ဖြစ်ပါက Horizon ကို နှိမ့် ပေး ခြင်း ဖြင့် ယင်း ကို ပို အာရုံ ရောက် စေနိုင်ပါသည်။ အရောင် တောက် လာစေရန် Polarizing Filter စသည် တို့ ကို သုံး ရန် သင့်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp84On9gW3gILXBDEg-XOQFDcuSGvDbVnrrIYt8Q0nsGLO5pa4tRSA6e47yAhubO-l5Q6E9N99L7wrSW5glixTupKGTOaayRY802WWz_9fft2Q0VK1hhkUsC7gGHGFQzS_LU1OVhChS8I/s640/47.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMVXzkogVUw51yIWJJ_wqGjpBUNqXjdMcQNAoJ_spFPlX811D1BRYq_XBDYQhfxnHuxZcCKE1p1ru5gHQ8ozQbVL9TxwL8Ih01yhH-BuIJVO8cL7BgFjjUFq8R96D2MCorbd6nL-zOl5U/s640/48.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ3EELvhp_Umwatmwv7C3f4wA0pWAMsCQsF8QtDEKrbn_YWxDR7TmT_cl8M9-FlCmqj_dEOb88IJdieuH7PupC-rGcJ-LrqkAQtqrQdrVbEMvn5zXhpHHuRl5YgbVHMMMqxjh22Q-UGaU/s640/50.jpg)
အာရုံ ကို ဖမ်း စား နိုင်ရန် Lines များကို သုံးပါ။
Lines များသည် ကြည့် သူ ကို မိမိ ပြ လိုသည့် နေရာ သို့ ဆွဲ ခေါ် သွားသော အရာ များ ဖြစ်ကြ ပါသည်။ ရေပြင် ညီ လိုင်း ၊ ဒေါင် လိုက် လိုင်း၊ ကန် လန့် ဖြတ် လိုင်း လိုင်း အကွေး စသည် ဖြင့် အမျိုး မျိုး ရှိသကဲ့ သို့ သက် ဆိုင်ရာ စွမ်း အင် အသီးသီး လည်း ရှီကြပါသည်။
ဤ အကြောင်းအရာ နှင့် ပတ်သက်၍ Leading Line များအကြောင်း ရေးသားထားသည့် ကိုပါ တွဲ ဖတ်ကြည့်စေလိုပါသည်။
အောက်ပါပုံ မှာ ဒေါင်း ဖြတ် လိုင်း ကို ထည့် သွင်း ဖွဲ့ စည်း ထားသော ပုံ ဖြစ်ပါသည်။ ပုံကို ကြည့် လိုက် သည်နှင့် ထိုလိုင်း ကို ကြည့် မိကာ လိုင်း အတိုင်း လိုက်ပါ သွားပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzCAvKTpsRDFfvP1IYwWan0qfsY4n7ZKP1Z7Rv6w8IJeeKQvXGa6QRMv4dQZjMupIp3-hNvieYusGJWpExkVt5_PcpCpod6wzM7tTeMcHBcrxyNnwJeZesLC6mXhj-GNlMqaU2s5uahGk/s640/51.jpg)
Capture Movement
အများစုက Landscape သည် ငြိမ်နေသော အရာ များကိုသာ ရိုက်သည် ဟု ထင်ကြသည်။ အားလုံးသည် အငြိမ် မဟုတ်ပါ။ လှုပ် ရှားမှု သည် Drama effect ကို ပေးနိုင်ပါ သည်။ Creative Interest ကို ပေး နိုင်သည် ကို သတိပြုရပါမည်။
ဥပမာ အား ဖြင့် လေတိုက် သဖြင့်လှုပ်နေသည့် သစ်ရွက် များ ၊ ကမ်းခြေ ရှိပင်လယ် လှိုင်း များ ၊ စီးဆင်းနေသည့် ရေ အလျှင် လွင့်မြော နေသော တိမ် တိုက် ၊ ပျံ နေသော ငှက် စသည် တို့ဖြစ်ပါသည်။ အောက် ပါ နမူ နာပုံ များ မှာ လှုပ်ရှားနေသည့် Landscape Photography နမူနာ များ ဖြစ်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBePe2Fyaat5i9wdgO7lv6bm2VUI_59VcFj2ziMnwm00IZ6OnG9zpJnKoawTX5Eh4gsD1v6S0Kqo5nYBDM4lEKaLa4GPOyGJXRa6WBoQR5vpCPrfURpv-va0-AYu2MLkM4wbxVfSzQX3U/s640/51a.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimAk8_NUkKzreT5vqR6-unX3h8Ou8uSR7zybX5hjWX164q09Zo8aCG1LpXuMd4QR_ilcKm5vLBaNoQC19pGMtMkLITe65iJMcpiX0Ma4ljom4Y-BdHCnVQCuF0J902CRmSN7pr8myYVUk/s640/51b.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUWGjQnQfpkr6ukLfyYPJH4PDcH4av5fg1ynyD9gQC8wWRn4IBWnTpa_4N8VsXtXVyUAmDkSk91PMPF98BLBKkq7RtNw0wuXkuH3grXFrLD0GcrDzoggFSYwuX-ygvnw81nMUArs4rLZ0/s640/51c.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGEm6u1fa8YpfGo074sIphVtlSyNxbiuUCxliFm5dVObyFiYARh-FmU9uyZO7AxP5KGvFvsdSQqluN4hGTicZK5FeHLD2jcAd3hw6VyZ_7FG31FG2v0Bfk7fp1OGN8XyGuhgejs8nWGmo/s640/51d.jpg)
Work with the Weather
အပြောင်းပြောင်း အလဲလဲ သော ရာသီဥတု သည် ထူးခြားသည့် ရှု ခင်း တစ်ခု ကို ဖန် တည်း နိုင်ပါသည်။ ဥပမာ အား ဖြင့် ညို့ နေသော မိုး ၊ လှပစွာ ဝေနေသည့် မြူနှင်း စသည် တို့ ကို ရ ရှိစေ ရန် မှန်ကန် သည့် အချိန် ကို ဖမ်း နိုင်ရန် လိုပါ သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu7Cwu7oFe63anRQ8lyH78wYoQEqhjy58ZgTNMKPGQH-JfPeiiBUuCKMeqQtDD8nKx0L7OguyCWa2GdZX52kokuoC5DmO5KeFOMnw2iDaGeRGKjZvEq2MTagqluhl8AIklO1WaJxKCPls/s640/52.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCMzvOBqy7Sy7WLnOqJxRHXd2lEf06O7m8V2MAjDJ94WDFRL5wMoHPuNTbY9-zTWXpConOrX6shX79CPgjMgyrVQMCqURhnTgkXtHVaW5K8tS4h59MYPPz_osdqCtWreF-NEJgWV6EuMM/s640/53.jpg)
Beginner များသည် နေပူပူ တွင် သာ ရိုက်လေ့ ရှိကြသည်။ တိမ်ဖုံးသော နေ့ ၊ လေတိုက်သည့် နေ့၊ မြူမှုန် ထသည့် အချိန်၊ ကောင်းကင် မဲ မှောင်နေသည့် အချိန် များသည် စိတ်ဝင်စား ဘွယ်ရာ ဖြစ်သည် ကို သိရှိရန် လိုပါသည်။ အဆိုပါ အချိန် များသည် ထူးဆန်း လှပ သည့် ပုံများကို ပေး ပါ လိမ့် မည်။
အေက်တွင် မိုးရွာနေသည့် ပုံ များ နှင့် မိုး အုံ့ နေသည့် ပုံ များကို နမူ နာ ပြထားပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj75mdza38cYY-ho6OcMuzbPJ6fGHfuw_R6E-dxVDNlaIHUhbT1g1Hsw4CLwAvsu94iXuWqzKOPN1OuyAa13Gz4LyJ3nltZcc7uhUpa1NJaawVwrUTMeaqoh1YtVrkVUuOcjmL5cXw4l0g/s640/53a.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit3wR3ZP2qwA9eqNtGiKKUyYD-ZJKgvOuz6hiEz2xqvy6tW9HmadJ4_CNv6PeQw-qhJ7xcT2D9aQomW37IiaxqNUoF44oUbCJ4UK_q-FSxhxSSC8DmSQdlvH7z1fhtIRtPt7HzlJeB5zw/s640/53b.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0NLz1j8t2sCepDNKAUzu_5wSpl1VOPqt-uCjpN1QmJ9YcI-9FuJCrSmeaohqKBIPJCstzPhyphenhyphenhPXVWxnz035-AhFaKR-0CMZV96wCnTx_RvB0sUxqwJn3AektbIGHhZqrD1HVkdzLQfeQ/s640/53d.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcBlg3kZkTBDKjNN2p-HtXalsT6kDPuA_c3w7rGMOcAbEP0ZvwV2Wi3gLpUnX0xRa4IHXrq0WBYKNV6cTVCBH5IaD8O3C9813K2ZOYQwpELiOLMKM58abxam3s2usVpM9ZRQknHg8GEpQ/s640/54.jpg)
ရေပြင်ကို မှန်သဖွယ် သုံးပါ။
ရေ ကို မှန် သဘွယ် သုံး ကာ Reflection ကို ယူ ခြင်း ဖြင့် ပုံ သည် ပို၍ ဆွဲဆာင် နိုငသည်။ ရေ ပြင် ဆိုသည်မှာ ပင်လယ်ရေပြင်၊ မြစ်ရေပြင်၊ ကန် ရေပြင် တို့ သာမက မိုးရွာ သဖြင့် လမ်းပေါ် တွင် တင်နေသည့် ရေ ပြင် ပေါ်ရှိရောင်ပြန် အရိပ် သည်လည်း များစွာ စိတ် ၀င်စား ဖွယ် ရာ ဖြစ်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmriaY2vfiUDTB4Tjljw4a0zPrLP2fifTR46AXiiqEPBSBzsnCXGB5BZpwW8k94fbrFHZzEnuUWoypKNxjzin3GKdEedGCUYXHQsG3239AhtYIZQSKfmtaNYLyJRrrUeEr5VBq9tBqLWM/s640/55.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoyHko-2i7oICIx6EnzhJ3RgT6rJ5BcqONK_Tnm5ICdnWDoKk9qkq4j7kLWLAOAR8isPgrtScNblpjGHIcHDiaIx1Q2Z2pAGqRmZM_Od2dFHZMqb16y51-4Erddi-ISwSfPW8_LqPRRSg/s640/56.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFO35koU8JgRFPnvJUmyjgZPsGyoJkO4SDTRsTWGIVx_6aZ84NYT7jWsCQ5YQqVSVdBYJxgW0_-nBib-05JxC8GUTbjLsQvRzsRMphQEu32cNLxDLbuYY9PZ3TeLXVpuKQRa4U6WVbSjE/s640/57.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-rPPvOPBlSNCDNqPgRQ_GU2KG2P4If7waUfMkV7FCsucxvUuyuNWeDnMq1aUTfivAtVZIUDzSz5Ybe2bai2WqbwTNZF9ZgrS9Xy3dXid0BXOoEzUgAnBrOwonpqaNcEUqkNY40bkvaBY/s640/58.jpg)
ပုံသည် ရေပြင်ညီလိုင်း ဖြစ်စေရန် လိုသည်။
ပုံ ရိုက် ကင်မရာ အတွင်းမျ ချိန် ထည်းက ပုံ သည် စောင်းနေခြင်း မရှိဘဲ ရေပြင်ညီ ဖြစ်ရနါ် လိုပါသည်။ Flash နေရာ တွင် တပ်ကာ သုံးသည့် ရေချိန်ရှိပါသည်။ ကင်မရာ များ တွင် ရေ ချိန် ညှိ သည့် Function အမျိုးမျိုး ပါ ရှိပါသည်။ကင်မရာ View Finder တွင်ပါရှိသည် Grid Line ကို အလွယ် သုံးနိုင်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvcxZoPpI7ISi0j6whMMz-BMifkTaCNtQ0MR0hqCgjET8YS2KkbC9JK1GLyt1vpdF_oZLpsOIji4gJ3xTmwELCip_cKo5KrGGJJQ6jK-u-DcYa7KTih7iZ4krMES0lRnN3jJPpe-C4KcM/s400/59.png)
View Finder တွင် မြင်ရမည့် Grid Line။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaJzk9BYO4Tsz8iqcDNQdLnUiCrF65vblVVexcheqZwfLWfhxPt_hGBn7GDictUIXpvZeRKPsTAtL-ISsHX-L7PhPzQmF7VkKu_TTgd-4fplCJ2AQ5ngJJ_qsdi1kjli5oGY_O2mTzmXo/s400/60.jpg)
View Folder အတွင်းမှ Grid Line ဖြင့် ပုံ ကိုရေချိန် ညှိသည့် ပုံ။
နောက်ခံ Background
နောက်ခံ သည် ရှေ့ တွင် မိမိ ပြ လိုသည့် Subject ကို လွမ်း မိုးသွားမည့် အခြေအနေမျိုး မဖြစ်စေရပါ။ တတ် နိုင်သမျှ နည်း အမျိုးမျိုး ဖြင့် စဉ်းစားကာ ဖယ်ထုတ်ပါ။ အားလုံးကို ဖယ်ထုတ်၍ မရစေကာ ထိန်း ချုပ် နိုင်ပါသည်။ နောက်ခံ ရှိ အရာ များကို များများ ဖယ် ပါ နည်းနည်း သာ ထားပါ။ မိမိ ပြ လိုသော Story ကို အထောက်အပံ့ ဖြစ်စေမည့် နောင်ခံ Subject ကိုသာ ထားခဲ့ ရပါမည်။
အလင်း အနည်း အများ သတိထားရန်
အလင်းရောင် အလွန်များပါ က Details များပြောက် သွား ပါမည်။ နည်း လွန်းပါက လည်း Details များဖေါ် ၍ မရပါ။ Exposur ကို အမျိုးမျိုး အတိုး အလျှော့ ဖြင့် စမ်း ကြည့်ပါ။ စိတ် တိုင်းကျ သည့် Exposure ရ ပါမှ ရိုက်ပါ။ ဓါတ်ပုံ ကို သုံး ဘက်ကြွ ( Three Dimension ) ရ နိုင် ရန် ကြိုးစားရပါမည်။
Camera Angle
Camera Angle သည် ရှမျှော် ခင်း ရိုက် ခြင်း တင် မက အားလုံးသော ရိုက် ချက် များ နှင့် ဆိုင် သည့် ကိစ္စ ဖြစ်ပါသည်။ ပုံ မှန် မျက်စေ့ နေရာ မှ ရိုက် သည်မှ နေ၍ အထက် စီး ၊ အောက် စီး စသည့် အနေအထားအမျိုးမျိုး မှ သင့်လျှော် သကဲ့ သို့ ရိုက်ခြင်းသည် လည်း ပုံကိုစိတ်ဝင် စားမှု ပို လာစေသည့် ရိုက် နည်း ဖြစ်ပါသည်။
သို့ ရာ တွင် Landscape ရိုက်ရာ တွင်မူ မည် သို့ သော ထူး ခြားသည့် Angle မှ ရိုက် ရန် အတွက် ဆုံး ဖြတ်ရန် မှာ မူ နည်း ဥပဒသ ဟူ ၍ မရှိဘဲ ဓါတ်ပုံ ဆရာ ၏ ခံစား ဆုံးဖြတ်မှု ပင် ဖြစ်ပါ လိမ့် မည် ဟု ဆိုရမည် ဖြစ်ပါသည်။
အောက်ပါ ပုံ အချို့ မှာ Landscape ကို ပင် သာမန် Angle မဟုတ်သော အနေ အထားမှ ရိုက်ထားသော နမူ နာ ပုံ များ ဖြစ်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiREdhhkqdH15gx0Ee47GKiBd9dg1I9Rrmkh_2dUF6CL2lzWp4amXhzFnYY4pT53X-6qBjqYy-59y5bekOBpPvdDGXjPjOHfsT6ph8ldCEK-lKFSQsxQiUn2dXGpKZN2PA9tBx19sAIelw/s640/111.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEganTESSFXmx8uZeNMbktCGH6jc4H3DHfnh3LRSJ9iHxpSltOTDdBPMrxzknQyNzwYp_hxoerPzqo_uhcb9zY3RPdNQQm8I5YOlKQbkRoiZFuqKcnp9ayrD6CsGhuMpBPkrxn9oxAK7i9s/s640/222.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg52P4jFMnSVCKCdJPe0Y3b5wL0ZBmmyL3qYagXI_TM6ID85XiOnDtr_nHsW7wPKlE5vf0aryjqt68hFqzLImaf6-NCA2Lv3xe2coBAwLMQ4o1RaWwcr6qMh_N95Wm8afDbUwh1F7zateI/s640/333.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv8iet4Tuv4p8MAj4X5FFsBfPJVH1Ff_onS1WcfoPScvIBg9aXNaDPme9VgoDjM7EFkETm_sGaf6-EVDOUVfteJGXrcg9LYFfAzCqDBspaTmBWPdltneQ5WzjsP-uFQXWo08my4cvNpTI/s640/444.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Ju_GpAiFMvutCuCr10An9Q7dwaxZ-Y6C_6Ig18B6kRkikh5rZrb6wSxcwGo9hKhZqmrZzGNWpoT3M-DijyE_AvgxTv6WjkUGjWzWhtCYeLTM7a9RN0BWsLRARoKJnHgenYhRbUV0tkA/s640/555.jpg)
အသေးစိတ်ကို ပူးတွဲ ပါ Link ဖြစ်သည့် Camera Angle တွင် ဖတ်ကြည့်ပါရန်-
RAW ဖြင့် ရိုက်ရန်။
RAW ဖြင့် ရိုက်ခြင်း သည် ရိုက်၍ ရရှိသည့် အချက်အလက် အားလုံးကို လက်ခံ ထားသည် Format ဖြစ်ပါသည်။ ထို့ ကြောင့် အလင်း အမှောင် ၊ အရောင် များကို ချိန် ညှိ ရန် ရာ တွင် များစွာ တစ်ပမ်း သာပါသည်။ JPEG မှာ မူ Process လုပ်ပြီးသား ဖြစ်သော ကြောင့် RAW လောက် များစွာ ချိန် ညှိ ရန် အဖြစ်နိုင်ပါ။
ထိပ်တန်းပုံ များကို ကြည့်ကာ ဈာန် သွင်းပါ
မမြင် ဘူး ဘဲ အတုခိုး ၍မရ ဆို သကဲ့ သို့ ထိပ်တန်း ပုံ များ ကိုကြည့် ပါ ၊ အတု ယူဘွယ် ရာ ပုံကောင်း များကို စိတ် ထဲ နှစ်ကာ ခံစာ ဈာန် သွင်းထားပါ။ အတု ယူကာ အနုပညာ အမြင် ပွား ယူ ပါ။ ကမ္ဘာ့ ထိပ်တန်း ဓါတ်ပုံ ဆရာ များပင် ဤ သို့ လေ့ လာကြပါသည်။
နိဂုံး
Landscape Photography ကို ရေး မည် ဟု စိတ်ကူး စဉ်က ဤ မျှ လောက် ကျယ်ပြန့် လိမ့် မည် ဟု မထင်ခဲ့ မိပါ။ အကြောင်း မှာ ကျွန်တော် ကိုယ် တိုင် က ပညာ ရှင် မဟုတ် ဘဲ ဖတ်လိုက် ရေး လိုက် လုပ်နေသူ တစ်ဦး ဖြစ်သော ကြောင့် ဖြစ်ပါသည်။ တကယ် လေ့ လာလိုက်တော့ မှ သာ အတော် ကို ကျယ်ပြန့် လှသည့် အတွက် တော်ရုံ ရေး ရုံ မျှ နှင့် မရ သည်ကို သိ လာပါသည်။
အမှန် အား ဖြင့် Setting များ၊ White Balance စသည် များ အပါအ၀င် များစွာ သော အကြာင်း အရာ များ ရှိပါ လိမ့် ဦးမည်။ သို့ သော် ကိုယ် အိုး နဲ့ ကိုယ့် ဆန် ဤ တွင် တန်လောက် သည် ဟု ဘဲ ဆို ကာ အဆုံးသပ် လိုက်ရပါသည်။
Credit; ဆရာဦးစိုးလှိုင်(Country Road)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+