ချွေးပေါက် မကျယ်စေဖို့
မိုရ်မိုရ် (YUFEL)
ချွေးပေါက်က အသားအရေကို အစိုဓာတ် ရရှိပြီး ချောမွတ်စေရန် လိုအပ်တဲ့ သဘာဝ အဆီတွေကို ထုတ်ပေးပါတယ်။ သူတို့တွေက ခန္ဓာကိုယ်က အဆိပ်တွေကိုလည်း စစ်ထုတ်ပေး ပါတယ်။ ယေဘုယျ အားဖြင့် အဆီပြန်တဲ့ အသား အရေ ပိုင်ရှင်တွေမှာ ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်တွေထက် ပိုကျယ်တဲ့ ချွေးပေါက်တွေ ရှိကြပါ တယ်။
အထူးသဖြင့် အဆီဂလင်းများတဲ့ နှာခေါင်း တစ်ဝိုက်မှာ ချွေးပေါက်ကျယ်တွေကို မြင်ရ တတ်ပါ တယ်။ ချွေးပေါက် ကျယ်ရခြင်းမှာ အကြောင်းအရင်း အမျိုးမျိုး ရှိကြပါတယ်။ စိတ်ဖိစီးခြင်း၊ အသက်အရွယ်၊ မျိုးရိုး၊ အဆီအထွက်များခြင်း၊ မိတ်ကပ်၊ တချို့သော အသားအရေဆိုင်ရာ အလှကုန်များ စတာတွေကြောင့် ဖြစ်ပါတယ်။ အောက်ပါ နည်းလမ်းတွေ ကတော့ ချွေးပေါက်ကျယ်ခြင်းကို အနည်းနဲ့ အများတော့ သက်သာ စေပါလိမ့်မယ်။
၁။ ရေခဲတုံးများ
ရေခဲတုံးက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေလို့ ပိုကျန်းမာစေတဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။ မျက်နှာသန့်စင်ပြီးတိုင်း တစ်နေ့လျှင် နှစ်ကြိမ် (၅-၁၀) မိနစ်ခန့် ရေခဲတုံးဖြင့် မျက်နှာကိုပွတ်ပါ။ ဒီနည်း က ချွေးပေါက် ကျဉ်းစေပါတယ်။ ပိုပြီး ထိရောက်ချင်ရင် ရေခဲဗန်းထဲမှာ ခရမ်းချဉ်သီးရည် (သို့) ရှောက်ရည် ထည့်ပြီး အေးခဲထားလိုက်ပါ။
၂။ ပျားရည်
ပျားရည်မှာ ပါဝင်တဲ့ potassium ဓာတ်က ချွေးပေါက်တွေကို ပိတ်စေတဲ့ ဘတ်တီးရီးယားတွေကို ဖယ် ရှား ပေးနိုင်ပါတယ်။ ထိုနည်းတူစွာ ဒိန်ချဉ်မှာ ပါဝင်တဲ့ Lactic Acid က အသားအရေကို ဂျီး ချွတ်ပေးပြီး ချွေးပေါက်တွေကို သန့်စင်ပေးပါတယ်။ ဒါကြောင့် ဒိန်ချဉ်နဲ့ ပျားရည်ကို ရောစပ်ပြီး ချွေးပေါက် နေ ရာတွေကို လိမ်းပါ။ မိနစ် အနည်းငယ်ကြာလျှင် ရေဖြင့် သန့်စင်လိုက်ပါ။
၃။ သကြားနဲ့ သံလွင်ဆီ
သကြားနှစ်ဇွန်းနဲ့ သံလွင်ဆီ တစ်ဇွန်းတို့ကို ရှောက်ရည် အနည်းငယ်နဲ့ ရောစပ်ပြီး မျက်နှာတွင် ညင်သာစွာ လိမ်းပါ။ စက္ကန့် (၂၀)မှ (၃၀)ကြာထားပြီး ရေအေးဖြင့် ဆေးပါ။ ပိုမိုထိရောက်စေရန် ဒီနည်းကို တစ်ပတ် တစ်ခါ လုပ်ဆောင်ပါ။
၎။ ရေနွေးငွေ့
ရေနွေးငွေ့က ချွေးပေါက် ပိတ်နေတာကို ပြန်ဖွင့်ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းကို မလုပ်ဆောင်မီ မျက်နှာကို မျက်နှာသစ် ဆပ်ပြာ အပျော့စားဖြင့် သန့်စင်ပါ။ ဤနည်းကို လုပ်ဆောင် ပြီးပြီးချင်းမှာလည်း ရေအေးဖြင့် မျက်နှာကို ဆေးလိုက်ပါ။ ဒါမှသာ ရေနွေးငွေ့ကြောင့် ကျယ်သွားတဲ့ ချွေးပေါက်တွေ ပြန်ကျဉ်းသွားမှာ ဖြစ်ပါတယ်။
၅။ ပန်းသီး ရှာလကာရည် (Apple Cider Vinegar)
ပန်းသီးရှာလကာရည်က ချွေးပေါက်တွေကို ကျဉ်းစေပြီး မကောင်းတဲ့ ဘတ်တီးရီးယားပိုးတွေကို သေစေ ပါတယ်။ ပန်းသီး ရှာလကာရည်နဲ့ ရေကို ဆတူရောပြီး ၀ါဂွမ်းနဲ့ မျက်နှာကို လိမ်းပါ။ ထို့နောက် ရေဖြင့် သန့်စင်ပါ။ ပိုပြီး ထိရောက်စေလိုလျှင် ပုံမှန်လုပ်ဆောင်ပါ။
၆။ ခရမ်းချဉ်သီး
ကြက်သွန် နှစ်မွှာ သုံးမွှာနဲ့ ခရမ်းချဉ်သီး တစ်ခြမ်းကို ရောကြိတ်ပါ။ ၄င်းအနှစ်ကို မျက်နှာတွင် ခပ်ပါးပါး လိမ်းပါ။ (၁၅-၂၀) မိနစ်ခန့် ကြာထားပြီး ကြက်သီးနွေးရေဖြင့် သန့်စင်ပါ။ ထို့နောက် ရေအေးဖြင့် မျက်နှာ ထပ်သစ်ပါ။ ခရမ်းချဉ်သီးစိတ်နဲ့ မျက်နှာကို ဒီအတိုင်း ပွတ်ပေးတာကလည်း ချွေးပေါက်ကို အတိုင်းအတာ တစ်ခုအထိတော့ ကျဉ်းစေနိုင်ပါတယ်။
လုပ်ဆောင်ရန် - တစ်နေ့လျှင် နှစ်ကြိမ် မျက်နှာသန့်စင်ပါ။
- သင့်အသားအရေက အဆီပြန်တတ်လျှင် မျက်နှာသန့်စင်ပြီးတိုင်း အဆီမပြန်တတ်တဲ့ ခရင်မ် လိမ်းပေးပါ။
- မျက်နှာသစ်တဲ့ အခါမှာလည်း ရေနွေးအစား ရေအေးဖြင့် သစ်ပါ။
မလုပ်ဆောင်ရန် - မိတ်ကပ်မသန့်စင်ဘဲနဲ့ ဘယ်တော့မှ အိပ်ယာမ၀င်ပါနဲ့ ချွေးပေါက် ပိတ်စေပြီး ချွေးပေါက်တွေ ပိုကျယ်လာတတ်ပါတယ်။
- အဆီကို ပိုထွက်စေတဲ့ ဆီကြော် အစားအစာတွေနဲ့ အဆီများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။
REF: www.homeremedyshop.com
The Messenger Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အနံ့နဲ့ ကုမည် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) Programming Languages E-books စာအုပ်များ... Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)