မြန်မာစာ အပြောအဆိုအရေးအသား အလေးထားဖွယ်
Written by ခင်မောင်ဌေး (ပညာရေး)
မြန်မာစာ အပြောအဆိုအရေးအသားသည် လွန်စာမှပင် သိမ်မွေးနက်နဲ လှပါသည်။ ပြောဆို ရာတွင် ဋ္ဌာန်၊ ကရိုဏ်း၊ ပယတ် မှန်မှန်ကန်ကန် ပီပီသသ ရွတ်ဆိုရပါသည်။ ရေးသားရာတွင်လည်း အဖြတ် အ တောက်၊ နေရာအထားအသို၊ သတ်ပုံ သတ်ညွှန်း မှန်မှန် ကန်ကန်ရေးသားရန် အထူးလိုအပ်လှပါသည်။
မကြာသေးမီကပင် နေ့စဉ်ထုတ်သတင်းစာအချို့နှင့် ဂျာနယ်အချို့တွင် ခေါင်းစီးစာတန်းများ အထားအ သိုမှားယွင်းစွာ ဖော်ပြထားသည်ကို လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဖော်ထုတ် တင်ပြလာ သည်ကို တွေ့ရ၏။ အပြုသဘောတင်ပြခြင်းမျိုးဖြစ်၍ လက်ခံကြိုဆိုရမည်ဖြစ်၏။
ဤသို့ထောက်ပြပြောဆိုသည်ကိုလည်း ဝမ်းမြောက်ဝမ်းသာခံယူ၍ ပြင်ဆင်သွားရမည်သာ ဖြစ်ပါ သည်။ အထားအသိုမှားယွင်းခြင်းသည် အဓိပ္ပာယ်သိသာစွာ ကွဲပြားသွားနိုင်သောကြောင့် ဖြစ်သည်။ ဥပမာ “ကွမ်းစားဆေးသောက်သော ကျောင်းအုပ်ဆရာကြီးက ကျောင်းသားအချို့ကို ခေါ်ယူဆုံးမ လိုက်သည်” ဟု ရေးသားမိပါက အဓိပ္ပာယ်များစွာ ကွဲလွဲသွားနိုင်ပါသည်။ အမှန်မှာ “ကွမ်းစားဆေး သောက်သော ကျောင်းသားအချို့ကို ကျောင်းအုပ်ဆရာကြီးက ခေါ်ယူဆုံးမလိုက်သည်” ဟု ကတ္တား၊ ပုဒ် အထားအသိုမှန်မှ အဓိပ္ပာယ်မှန်ကန်နိုင်မည်ဖြစ်ပါသည်။
ထို့အတူပင် သတ်ပုံသတ်ညွှန်းမှန်ကန်မှု အရေးကြီးပုံနှင့်ပတ်သက်၍ “ဝန်ကြီးကို သေနတ်ဖြင့်ပစ် သည်” နှင့် “ဝံကြီးကို သေနပ်ဖြင့်ပစ်သည်” တို့၏ ကွဲပြားပုံကို သာဓကဆောင်လေ့ရှိပါသည်။ ယခုအခါ တွင် နည်းပညာဖွံ့ဖြိုးလာမှုဗြေကာင့် အင်တာနက်၊ e-mail၊ Facebook၊ Twitter စသည့်လူမှုကွန်ရက် စာမျက်နှာများတွင် လူငယ်ထုအတွင်း များစွာသုံးစွဲလျက်ရှိသည်ကို တွေ့ရ၏။ တစ်ဦးနှင့်တစ်ဦး ဖုန်း ဖြင့်ပြောဆိုဆက်သွယ်ကြရုံသာမက E-mail ပို့ခြင်း၊ သတင်းကို (SMS) ပို့ခြင်း၊ ဓာတ်ပုံပို့ခြင်း၊ Comment ရေးခြင်းစသည်တို့ကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြသည်ကို တွေ့ရ၏။ မြန်မာ၊ အင်္ဂလိပ်နှစ်မျိုးစလုံးနှင့် သုံးစွဲနေကြသည်။
အင်္ဂလိပ်လိုရေးသားရာတွင် အချို့စကားလုံးများကို အတိုကောက်ရေးသားကြသည်ကို တွေ့ရ၏။ ဥပမာအားဖြင့်
Face Book ကို = Fb
Thanks = Thz, Thx
good = gud
have = hav
Love = Luv
See you = C U
By the Way = Btw
Bye – Bye = bb
because = bcuz
Ok Ok = K K
So = Xo စသဖြင့် တွေ့ရ၏။
သို့ဖြင့် မြန်မာလိုရေးသားပေးပို့ကြရာတွင်လည်း အင်္ဂလိပ်စာကဲ့သို့ အတိုကောက်များ ရေးသားလာကြ သည်ကိုတွေ့ရ၏။ ဥပမာအားဖြင့် -
တကယ်လား - ကို = ဂယ်လား
ညီမလေး ကို = ညလေး
မပြောဘူး ကို = ပြောဝူး/ ကြောဝူး
မသိဘူး ကို = တိဝူး
ဗျာ ကို = ဂျာ
သမီး ကို = စမီး
သူငယ်ချင်း ကို = သယ်ရင်း/ စီငယ်ချင်း
ချစ် ကို = ချိ
ငါ ကို = နာ
ကိုကြီး ကို = တိုကြီး စသဖြင့်ရေးသားနေကြ၏။
ဆိုရလျှင် ဖေ့စ်ဘွတ်ခ်စာမျက်မှာပေါ်တွင် အပြောင်အပျက်ရေးသားခြင်းကို အပြစ်မပြောလိုပါ။ သို့ သော် အရေးအသားများလာခြင်း၊ အတွေးအမြင်များလာသောအခါ အသုံးတွင်ကျယ်လာမည် ကတော့ နှစ်လို ဖွယ်ရာမဟုတ်ပါ။ ကျောင်းသား၊ ကျောင်းသူအချို့မှာ မြန်မာဘာသာရပ်တွင် အားနည်းလာသည် ကိုတွေ့မြင်ရ၏။ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာဘာသာရပ် ကျရှုံးသူ အများအပြား ရှိနေခြင်းကပင် သိသာစေနိုင်သော အချက်ဖြစ်၏။
စင်စစ် မြန်မာဘာသာရပ်ဆိုသည်မှာ မိမိ၏သိမြင်တွေးတောကြံဆချက်များကို မိမိကိုယ်တိုင် ရေးသား ဟန်ဖြင့် (Own Words, Own Style) စကားပြေ ပြန်ဆိုရေးသားပြရခြင်းပင် ဖြစ်၏။ သို့သော်လည်း ကလေးအများစုမှာ အလွတ်ကျက်မှတ်ကာ ပြန်လည်ရေးသားဖော်ပြနေကြခြင်းကသာ များနေပါသည်။
ဤသို့သော အခြေအနေမျိုးတွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှ အရေးအသားများပါ ကူးစက်လာမည်ကို စိုးရိမ်ရပါသည်။ လောလောဆယ်ထုတ်လွှင့်နေသည့် FM ရေဒီယိုအစီအစဉ်တချို့တွင် ဖေ့စ်ဘွတ်ခ် ပေါ်မှ အရေးအသားများကို သုံးစွဲနေကြသည်ကို ကြားရပါသည်။ အပြောအဆိုနောက်တွင် အရေးအ သားပါ တစ်နွယ်ငင်တစ်စင်ပါလာနိုင်ပါသည်။
ထို့ကြောင့် ဆန်းသစ်တီထွင်မှုဆိုသည်မှာ ကောင်းသောလက္ခဏာဖြစ်ပါသည်။ သို့သော်လည်း မိမိတို့ ၏အစဉ်အလာကို ထိန်းသိမ်းကာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာရေစီးကြောင်းကြီးကိုမူ အမှိုက်သရိုက် များသဖွယ် အဟန့်အတား အနှောင့်အယှက်မဖြစ်စေသင့်ပါ။ သို့ဖြစ်၍ ယင်းသို့သောအပြောအဆို အရေးအသားမျိုးကို ဘောင်ကန့်သတ်၍ထားရန် လိုအပ်လာပါသည်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသား များကပင် မြန်မာစာ၊ မြန်မာစကားကို လာရောက်၍အလေးထားသင်ကြားနေချိန်တွင် မိမိတို့နိုင်ငံသား များကိုယ်တိုင်က မိမိတို့ဘာသာစာပေကို ပြောဆိုရာတွင်လည်းကောင်း၊ ရေးသားရာတွင်လည်း ကောင်း ဂရုပြုအလေးထားခြင်းဖြင့် မိမိနိုင်ငံဂုဏ်ကို ထိန်းသိမ်းနိုင်ပါသည်။ ။
ကြေးမုံသတင်းစာ
ဇူလိုင်လ (၁၅) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) သင့္ကေလးကို နေ့တိုင်းမေးသင့်သော စကား ( ၄ ) ခွန်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) လျှို့ဝှက်ချက်များကို အွန်လိုင်းကတစ်ဆင့် Share လုပ်ခြင်း မပြုရန်သတိပေး Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)