iPhone/iPad မှာ Unicode ရော Zawgyi ရော အမှန်မြင်ချင်ရင်
iPhone/Pad တွေမှာ Unicode ရော Zawgyi ရောမြင်ရမယ့် Unicode Font Profile လေးပါ။ Unicode 100% အမှန်မြင်ရသလို Zawgyi font နဲ့ရေးထား တာတွေကိုလည်း 95% နီးပါး အမှန်မြင်ရတာကိုတွေ့ရပါတယ် ။ Myanmar Unicode Area မှာတွေ့လို့ စမ်းကြည့်ဖြစ်တာပါ။ ဖန်တီးသူကတော့ ကို Win Lwin Moe လို့ သိရပါတယ် ။ Unicode သုံးချင်နေသူတွေလည်း ဒီ profile လေးကို သွင်းထားခြင်းအားဖြင့် ဇော်ဂျီနဲ့ရေးထားတာတွေကိုပါ အနီးစပ်ဆုံး မှန်ကန်စွာ ဖတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် unicode font ဖြစ်တဲ့အတွက် စာရိုက်ရင်တော့ unicode keyboard layout နဲ့ပဲရိုက်လို့ရပါမယ်။ ttKeyboard ထဲက Uni-ZG (or) MyanSan Layout နဲ့ရေးမှ အဆင်ပြေပါမယ်။ ဇော်ဂျီ Layout နဲ့ရေးရင် တလွဲတွေပေါ်ပါမယ်။ ယူနီ-ဇော်ဂျီ ၂ မျိုးလုံးနီးပါး ဖတ်နိုင်တဲ့ Font Profile လေးကို သွင်းလိုတယ် ဆိုရင်တော့ အောက်က link ကို safari browser မှာ ဖွင့် ပြီး မိမိတို့ရဲ့ iPhone/Pad ထဲမှာ font profile ကို သွင်းရပါမယ်။
http://goo.gl/sBVzga
(မသွင်းခင်မှာ ယခင်သွင်းထားတဲ့ Zawgyi Font Profile (သို့) သွင်းထားပြီးသား Font Profile ကိုတော့ပြန်ဖျက်ထားဖို့လိုပါမယ်။ Setting>General>Profile ထဲကိုဝင်ပြီး Zawgyi-one profile (သို့မဟုတ်) သွင်းထားပြီးသား Font Profile ကို Delete လုပ်ပါ။)
အားလုံးပဲ စမ်းကြည့်လိုက်ကြပါဦး ။ အဆင်ပြေကြပါစေ။
Ref:Myanmar Unicode Area
Thet Naing Soe (Myanmar Mobile App)
https://www.facebook.com/thetnaing.mmas
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
- (အရှေ့သို့) Windows 10 မွာ ပါဝင်လာမယ့် အကောင်းဆုံး feature သစ်တွေ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ
- (အနောကျသို့) မျက်နှာလေး အရွယ်တင်နုပျိုစေဖို့ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ