Facebook သေတမ်းစာ
ကျွန်တော်တို့ လူသားတွေဟာ တစ်နေ့မဟုတ် တစ်နေ့ သေကြရမဲ့ လူတွေဖြစ်ပါတယ်။ ဒီလို တစ်နေ့ သေ ကြရ မယ်ဆိုတာကို သိရှိနေကြတဲ့ လူတွေဟာ မိမိတို့ ပိုင်ဆိုင်ထားသမျှ စည်းစိမ်တွေ ကို သေတမ်း စာရေးပြီး မိမိ ယုံကြည်စိတ်ချ ကြည်ဖြူ သူကို လွှဲပြောင်းပေး ခဲ့ကြပါတယ်။ အခုခေတ် မိမိတို့ရဲ့ ပိုင်ဆိုင် မှုတွေထဲမှာ အားလုံးရဲ့ ဘ၀တွေ ကို Virtual World ထဲမှာ လည်ပတ်နေနိုင်အောင် သိမ်းပိုက်ထားတဲ့ Facebook လည်း ပါဝင်ပါလိမ့် မယ်။ ဒါဆိုရင် မိမိသေဆုံးတဲ့အခါ မိမိရဲ့ Facebook account ကိုလည်း မိမိယုံကြည်စိတ်ချရတဲ့ လူတစ်ဦး တစ်ယောက်ဆီကို လွှဲပြောင်းပေးဖို့အတွက် ပြုလုပ်ဖို့ လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်။ သာမန်သူ တစ်ယောက်အတွက် မလိုအပ်ပေမဲ့ အွန်လိုင်းမှာ Facebook နဲ့ အလုပ်လုပ်နေတဲ့ လူတွေ နဲ့ Facebook ကို ရူးသွပ်စွာ အသုံးပြုနေကြတဲ့ Facebook User တို့အတွက်တော့ လိုအပ်လာပါတယ်။
ဒီတော့ မိမိယုံကြည်စိတ်ချရတဲ့ လူဆီကို မိမိရဲ့ Facebook Account ကိုဘယ်လိုလွဲပြောင်းပေးကြမလဲ ? ဒီအတွက်ဘာမှမပူပါနဲ့။ Facebook က မိမိရဲ့ Facebook Account ကို သေတမ်းစာ သဖွယ် မိမိ ယုံကြည်စိတ်ချရတဲ့လူဆီလွှဲပြောင်းပေးနိုင်မဲ့ Feature အသစ်တစ်ခုကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီ Feature ကတော့ My Legacy Contact လို့ ခေါ်ပါတယ်။ သေတမ်းစာ လွှဲပြောင်းပေးမဲ့လူဟာ My Legacy Contact ဆိုတဲ့ Feature အသစ်ထဲမှာ မိမိယုံကြည်စိတ်ချရတဲ့လူကို ထည့်သွင်းထားရမှာဖြစ်ပြီး အကယ်၍ မိမိသေဆုံးသွားတဲ့အခါ မိမိလွှဲပြောင်းပေးခဲ့တဲ့လူက မိမိအကောင့်ကို စိတ်ကြိုက် စီမံပိုင်ခွင့် ရရှိသွားမှာဖြစ်ပါတယ်။ ထိုသူဟာ မိမိ Facebook အကောင့်ကို အပြီးပိုင် ဖျက်သိမ်းလျှင် သော် လည်းကောင်း ၊ မိမိ အကောင့်ကိုပဲ ဆက်လက် အသုံးပြုလိုလျှင်သော်လည်းကောင်း စိတ်ကြိုက်ပြု လုပ်နိုင်မှာဖြစ်ပါတယ်။
ဒီ Feature အသစ်ကိုတော့ ဘယ်သူမှ အသုံးမပြုနိုင်သေးပဲ သတင်းအနေနဲ့သာ ထုတ်ပြန်ထားပါသေး တယ်။ အကယ်၍ အသုံးပြုခွင့်ရလာခဲ့ရင်တော့ မိမိအကောင့်ရဲ့ Setting ထဲမှာတစ်ဆင့် Security Tab ကို နှိပ်ကာ My Legacy Contact ဆိုပြီး ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ Feature ကို အသုံးပြု လိုသူများအနေဖြင့် My Legacy Contact မှာ မိမိယုံကြည်စိတ်ချ ကြည်ဖြူတဲ့ မိမိအကောင့်ကို လွှဲပြောင်းပေး မဲ့လူကို ထည့်သွင်းပေးရမှာဖြစ်ပြီး Facebook မှ ၄င်းလူ၏ Facebook account ဆီသို့ ဖိတ်ခေါ်စာပေးပို့ မှာဖြစ်ပါတယ်။ ထို ဖိတ်ခေါ်စာကို လက်ခံမှသာလျှင် မိမိအကောင့်ကို လွှဲပြောင်းပေးခြင်း အထမြောက်အောင်မြင်မှာဖြစ်ပါတယ်။
Ref: Pocketlint
Aung Ko Htet (MMAS)
#akh_mmas
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ပညာရေးကောလိပ် (DTED) ဝင်ခွင့် စတင်လျှောက် ထားနိုင် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) ရှုမျှော်ခင်း ရိုက်ကူးသည့် Hyperfocal Distance Focusing Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review