Window installation လုပ်​​နေချိန်​ error message တက်​လာရင်

ဒီလို Error message ​တက်​လာရင်

Command prompt

Registry editor

ဒီအတိုင်းလေး ဖြေရှင်းကြည့်ပါ...

လက်ရှိ error message ပေါ်နေတဲ့အတိုင်းထားပြီး SHIFT+F10 ကို တွဲ နှိပ်လိုက်ပါ၊ ဒါဆိုရင် Command prompt တခု တက်လာပါမယ် ပြီးရင် အဲဒီ command prompt ထဲမှာ regedit လို့ ရိုက်ထည့်ပြီး registry editor ကို ခေါ်လိုက်ပါ (ပုံမှာလည်းပြထားပါတယ်) registry editor ထဲမှာ အောက်ကအတိုင်း တဆင့်ချင်း သွားလိုက်ပါ၊

HKLocal machine/SYSTEM/SETUP/STATUS/ChildCompletion

ညာဘက်ခြမ်းမှာ setup.exe ဆိုတာကို တွေ့ရင် double click နှိပ်ပါ သူ့ရဲ့ value ကို 1 ကနေ 3 ကို ပြောင်းပေးလိုက်ပါ၊ ပြီးရင် exit လုပ်ပြီး စောစောက ပေါ်နေတဲ့ error message မှာ Ok လုပ်ပေးလိုက်ပါ၊ ဒါဆိုရင်​ Window installation ဟာ ပုံမှန်​အတိုင်း ဆက်​ပြီးအလုပ်​လုပ်​ပါမယ်​...

အဆင်ပြေမယ်လို့ ထင်ပါတယ်..

Good Luck!


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...