AGTI မှ B.Tech နှင့် B.Tech မှ B.E ပေါင်းကူး ဝင်ခွင့် စာမေးပွဲ ကျင်းပမည့်ရက် ထုတ်ပြန်
အတွဲ (၁၅)၊ အမှတ် (၁၂)

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်၊ကောလိပ်၊ သိပ္ပံများတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော AGTI/BTech သင်တန်း အသီးသီး၏ ပေါင်းကူးဝင်ခွင့် စာမေးပွဲများ ကျင်းပ မည့် ရက်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
၂၀၁၀-၂၀၁၁၊ ၂၀၁၁-၂၀၁၂ နှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်များ၏ အတန်းတင် စာမေးပွဲများ တွင် အောင်မြင်ခဲ့ပြီး တစ်ဆင့်မြင့် သင်တန်းများသို့ ဆက်လက်တက်ရောက်ခွင့် မရခဲ့သော ကျောင်း သား၊ ကျောင်း သူများ အတွက် ဝင်ခွင့်စာမေးပွဲများကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပပေးသွား မည် ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ်စာနှင့် Major Subject များကို ဖြေဆိုရမည်ဖြစ်သည်။ အင်္ဂလိပ်စာ ဘာသာရပ်ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် လည်းကောင်း၊ Major Subject ကို ဇူလိုင်လ ၂၇ ရက်တွင်လည်းကောင်း အသီးသီးဖြေဆိုရမည် ဖြစ်သည်။
ဖြေဆိုခွင့် လျှောက်လွှာများကို အောင်မြင်ခဲ့သည့် တက္ကသိုလ်များတွင် ရယူနိုင်ပြီး AGTI လက်မှတ်၊ B.Tech ဘွဲ့လက်မှတ်မူရင်း (သို့ မဟုတ်) ထောက်ခံစာ၊ မှတ်ပုံတင် မိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ ၄ ပုံတို့နှင့် ကိုယ် တိုင်၊ မိဘ၊ အရာရှိ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာနှင့် တကွ ၂၀၁၄ ခုနှစ် မတ် လ ၁၀ ရက်မှ ဧပြီ ၈ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန မှ ကြေညာချက် ထုတ်ပြန်ထားသည်။
ကျောင်းသားရေးရာဌာန၊ စက်မှုနှင့် သက်မွေး ပညာဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော် ဖုန်း-၀၆၇- ၄၀၄၁၈၂ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
ဝေဝေ
အင်တာနက်ဂျာနယ်

- (အရှေ့သို့) 2014 Sony Xperia devices ေတြအားလုံးကို Support လုပ္တဲ့ Flashtool (Updated version 0.9.15.0) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ပြည်သူ့ကျန်းမာရေး ဘွဲ့လွန် ပညာသင်ဆု လျှောက်ထားနိုင်မည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို