ပြည်သူ့ကျန်းမာရေး ဘွဲ့လွန် ပညာသင်ဆု လျှောက်ထားနိုင်မည်
အတွဲ (၁၅)၊ အမှတ် (၁၂)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအတွက် မတ် လ ၃၁ ရက်နောက်ဆုံးထား၍ ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း သိရ သည်။
ကျောင်းဝင်ခွင့်အတွက် ရွေးချယ်ခံရသူများ အနေဖြင့် ချုလာလောင်ကွန်း တက္ကသိုလ်ရှိ ပြည်သူ့ ကျန်းမာရေး သိပ္ပံကောလိပ်တွင် ပညာသင်ယူခွင့် ရရှိမည်ဖြစ်ပြီး ဘဏ္ဍာရေး အထောက်အပံ့ လျှောက် ထားနိုင် သည်။ ပညာသင်ဆု အစီအစဉ် အတွက် ပြည်သူ့ ကျန်းမာရေးနှင့် စီမံခန့်ခွဲ မှု၊ ကျေးလက်ဒေ သ ပြန်လည် သန်စွမ်းကျန်းမာရေး၊ မြို့ပြနှင့် ကမ္ဘာ့ကျန်း မာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင် ကျန်းမာရေး၊ ကျန်းမာရေး အလေ့အကျင့်၊ တိုင်းရင်းဆေးဝါးပညာ၊ အိုင်တီမော် လီကျူး နည်းပညာတို့နှင့် သက်ဆိုင်သော ဘာသာရပ်များကို လေ့လာ သင်ယူနိုင်မည် ဖြစ်သည်။
ဝင်ခွင့် လိုအပ်ချက်အနေဖြင့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအနေဖြင့် မဟာဘွဲ့သင်တန်းအတွက် IELTS ရမှတ် ၄ နှင့် ပါရဂူ ဘွဲ့သင်တန်း အတွက် IELTS ရမှတ် ၅ ဒသမ ၅ အနည်းဆုံးထားရှိရ မည်ဖြစ်ပြီး၊ ကျောင်းဝင်ခွင့် အရည် အချင်းများနှင့် ပြည့်မီရမည် ဖြစ်သည်။
အသေးစိတ် သိရှိလိုပါက www.cphs.chula.ac.th တွင် အသေးစိတ် ဝင်ရောက် လေ့လာကြည့်ရှုနိုင် သည်။
အေးဖြူ
အင်တာနက်ဂျာနယ်

- (အရှေ့သို့) AGTI မွ B.Tech နှင့် B.Tech မှ B.E ပေါင်းကူး ဝင်ခွင့် စာမေးပွဲ ကျင်းပမည့်ရက် ထုတ်ပြန် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းPC Games များ...
- (အနောကျသို့) NATO ဝက်ဆိုက်များကို ယူကရိန်း ဟက်ကာများ တိုက်ခိုက်ခဲ့ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းPC Games များ...