Blog တွေမှာ Comment Spam Links တွေ မ၀င်အောင် ဘယ်လိုကာကွယ်မလဲ...


Bloggers အားလုံးအတွက် အရေးပါတဲ့ issue တွေထဲက တခုကတော့ Comment spam တွေပါ... bloggers အနေနဲ့ စာဖတ်သူတွေရဲ့ ကွန်မန့်တွေကို အထူးအလေးထားပြီး... အဲဒီကွန်မန့်တွေဟာ blog တခုရဲ့ အသက်သွေးကြောလို့လဲ ဆိုနိုင်ပါတယ်... ဒါပေမဲ့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ spam ကွန်မန့်တွေကိုတော့ ဘလော့ဂ်ဂါတွေအနေနဲ့ ထိမ်းချုပ်ဖို့ ခက်ခဲနိုင်ပါတယ်... အမှန်အကန် ပေးတဲ့ comment တွေမှာတောင် spam links တွေ ပါနိုင်ပါတယ်... အဲဒီတော့ ကျနော်တို့ ဘလော့ဂ်တွေမှာ ပေးထားတဲ့ ကွန်မန့်တွေမှာ Spam links တွေ ပါ၊ မပါဆိုတာ သိရှိနိုင်ဖို့နဲ့ ကာကွယ်နိုင်ဖို့ နည်းလမ်း ၂ ခုရှိပါတယ်... ဒီနည်းလမ်းနဲ့ အရင်က ပေးထားတဲ့ ကွန်မန့်တွေမှာ ပါဝင်တဲ့ spam links တွေရော... လာမယ့်ကွန်မန့်အသစ်တွေမှာ ပါဝင်နိုင်မဲ့ spam links တွေကိုပါ ဖယ်ရှားနိုင်ပါတယ်... spam လင့်ခ်တွေကို ဖယ်ရှားလိုက်တဲ့အတွက်ကြောင့် လင့်ခ်တွေကို နှိပ်မရတော့ပါ... နှိပ်မရတော့ spam သံသရာ မလည်နိုင်တော့ပါဘူး...

ဖြေရှင်းဖို့နည်းလမ်း ၂ ခုကတော့...

CSS ကို အသုံးပြုခြင်း (ပထမနည်း)
ဒီနည်းလမ်းကို အသုံးပြုပြီး ကွန်မန့်တွေမှာ ပါဝင်တဲ့ Spam Links နဲ့ Anchor Text တွေကို ဖယ်ရှားနိုင်ပါတယ်... နည်းလမ်းကတော့...

အဆင့် (၁) Blogger Dashboard > Template > Customize > Advanced > Add Css အထိ အဆင့်ဆင့် သွားလိုက်ပါ...

အဆင့် (၂) အောက်က code တွေကို copy လုပ်ပြီး CSS box ထဲမှာ paste လုပ်ပါ...

.comment-content a {
display: none;
}

 
အဆင့် (၃). ပြီးရင် Apply To Blog ကို နှိပ်ပါ.. ဒါဆိုရင် Ok ပါပြီ...


jQuery ကို အသုံးပြုခြင်း (ဒုတိယနည်း)
ဒီနည်းလမ်းနဲ့လည်း spam Links တွေကိုဖယ်ရှားပေးပါတယ်... ဒါပေမဲ့ Anchor Text တော့ ကျန်နေပါမယ်... နည်းလမ်းကတော့...

အဆင့် (၁). Blogger Dashboard > Template > Edit Html အထိ အဆင့်ဆင့် သွားလိုက်ပါ...

အဆင့် (၂). ပြီးရင် Html ထဲမှာ Ctrl + F ကို သုံးပြီး အောက်က code ကို ရှာပါ...

</body>

အဆင့် (၃). ရှာတွေ့ပြီဆိုရင် အောက်က code တွေကို copy ကူပြီး </body> ရဲ့ အရှေ့/အပေါ်ဘက် တနေရာရာမှာ paste လုပ်ပြီး ထည့်လိုက်ပါ...

(မှတ်ချက်- အ၀ါရောင်နဲ့ ပြထားတဲ့ code တွေက Main jQuery script တွေပါ... မိတ်ဆွေရဲ့ blog template ထဲမှာ ရှိထားပြီးသားဆိုရင်တော့ အဲဒီ code ကို ထည့်စရာမလိုတော့ပါဘူး...)

<!--Stop Blog Comments http://www.spiceupyourblog.com -->
<script src="http://code.jquery.com/jquery-latest.min.js" type="text/javascript"></script>
<script>

$('.comment-content a[rel$=nofollow]').replaceWith(function(){return ($(this).text());});
</script>
<!--Stop Blog Comments http://www.spiceupyourblog.com -->



အဆင့် (၄). ပြီးရင် template ကို save လုပ်ပါ... Ok ပါပြီ...


ဒါဆိုရင် spam ကွန်မန့် ဘေးရန်ကနေ ကင်းဝေးပါပြီ...


Ref: spiceupyourblog/ http://lwanmapyay.blogspot.com/


အဆင်ပြေပါစေ... ကိုမျိုး

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...